လစာလျော့ယူဖို့ ငြင်းဆန်ခဲ့တဲ့ အိုဇေးလ် ဘက်က ကာကွယ် ပြောကြားလိုက်ပြီး အဆိုပါသတင်း ထုတ်ပြောသူကို ဝေဖန်လိုက်တဲ့ ဒါရင်းဘန့်

တော့တင်ဟမ် နဲ့ ဆန်းဒါးလန်း တိုက်စစ်မှူးဟောင်း ဒါရင်းဘန့် ဟာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ပျံ့ပွားမှုကြောင့် ဘောလုံးပွဲတွေ ရပ်နားထားရချိန်မှာ လစာ၁၂.၅%လျော့ယူဖို့ ငြင်းဆန်ထားတဲ့ အိုဇေးလ် ဘက်က ကာကွယ် ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်း ဟာ ပရီးမီးယားလိဂ်မှာ ပထမဆုံး လစာ လျော့ယူတဲ့ အသင်း ဖြစ်လာ ခဲ့ပေမယ့် အိုဇေးလ် အပါအဝင် အာဆင်နယ် ကစားသမား သုံးဦးကတော့ လစာ လျော့ယူဖို့ ငြင်းဆန် ပယ်ချ ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ် ခဲ့ပါတယ် ။

ဒါရင်းဘန့် ကတော့ လစာလျော့ယူဖို့ ငြင်းဆန်တဲ့သူ သုံးဦး ရှိတာတောင် အိုဇေးလ် တစ်ယောက်တည်း နာမည် ထွက်လာတာမျိုးဟာ မဖြစ် သင့်ကြောင်း နဲ့ အဆိုပါ သတင်းကို မီဒီယာတွေသိအောင် ထုတ်ပြောခဲ့တဲ့သူ တစ်ဦး အာဆင်နယ် အသင်း အဝတ်လဲခန်း အတွင်းမှာ ရှိနေပြီ ဖြစ်ကြောင်း ဆိုပါတယ် ။

အင်္ဂလန် တိုက်စစ်မှူးဟောင်း ဒါရင်းဘန့် က talkSPORT breakfast အစီအစဉ်မှာ ” ဒါကတော့ သိပ်မကောင်းပါဘူး ၊ အာဆင်နယ် အသင်း အဝတ်လဲခန်း အတွင်းမှာ မရိုးမသားတဲ့သူတစ်ယောက်ရှိနေပါပြီအားကစားလောကထဲမှာအဝတ်လဲခန်းအတွင်းက လူတစ်စုက ကိုယ့်အတွက် မိသားစုငယ်လေးပါပဲ ။ “

” ဒါပေမယ့် လူတွေက စည်းဖောက်တာမျိုး လုပ်ကြပါတယ် ၊ကျနော်သာအာဆင်နယ် အသင်းမှာ ရှိနေရင် ဒီသတင်း အပြင်ကို ပေါက်ကြားအောင် ထုတ်ပြောခဲ့သူကိုမရမက စုံစမ်း ဖော်ထုတ် သွားမှာပါ ၊ ဘာကြောင့်လဲဆိုတော့ လစာလျော့ယူဖို့ငြင်းဆန်တာက သုံးယောက်ရှိတာတောင်တစ်ယောက်တည်းနာမည်ထွက်လာတာမျိုးကမဖြစ်သင့်ပါဘူး ။ “

” အိုဇေးလ် ကိုချည်း ဝိုင်းဝန်း အပြစ်တင် နေကြတာက အတော်လေး မုန်းစရာတော့ ကောင်းပါတယ်၊သူကလစာလျော့မယူနိုင်ဘူးလို့အတိအလင်းငြင်းတာမှမဟုတ်တာဗျာ၊သူအချိန်အနည်းယူပြီးဒီပိုက်ဆံတွေဘယ်လိုပြန်အသုံးချမလဲဆိုတာသိချင်ကြောင်းလည်း ပြောထားပါတယ် ။ “

” လူတွေက သူလုပ်ခဲ့တဲ့ ကောင်းတာတွေကို မေ့ပစ်လိုက်ကြပါတယ် ၊ သူက ပရဟိတ အဖွဲ့အစည်းအမျိုးမျိုးကို လှူဒါန်း နေတာကို မေ့ထားပြီးဒီကိစ္စကိုပဲပြောနေကြပါတယ် ၊ အိုဇေးလ် က ပေါ့ဘာလို ဖြစ်နေတာပါ ၊သူ့ကိုအမြင်ကပ်တဲ့သူတွေများနေကြပါတယ် ။ “

” လစာလျော့ယူဖို့ ငြင်းဆန်တဲ့သူ သုံးဦး ရှိတာတောင် အိုဇေးလ် တစ်ယောက်တည်း နာမည် ထွက်လာတာမျိုးက မဖြစ်သင့်ပါဘူး ၊ သူက တစ်ပတ် လစာ ပေါင် ၃၅၀၀၀၀ ရနေတာလည်းကျနော်သိပါတယ်၊ဒါပေမယ့်ကျနော်ဂရုမစိုက်ပါဘူး၊သူကောင်းတဲ့အရာတွေ လုပ်နေတာကြောင့်သူ့ကိုစဉ်းစားရန်အတွက်အချိန်ပေးဖို့ထိုက်တန်တယ်လို့ပဲ ထင်ပါတယ် ။ *

” သူ့ကို အရှက်မရှိတဲ့သူလို့ သုံးနှုန်းပြီး ဝေဖန်တာကတော့ ဆိုးရွားပါတယ် ၊ အဓိက အရေးကြီးတာက အိုဇေးလ် က လစာ လျော့မယူဘူးလို့ ငြင်းတာ မဟုတ်ပါဘူး ၊ သူ့ကိုအချိန်အနည်းငယ်ပေးဖို့ပြောတာပါ၊သူကကောင်းတဲ့အရာတွေလုပ်နေတာကြောင့် အချိန်ပေးသင့်တယ်လို့ မြင်ပါတယ် ။ ” လို့ ဆိုပါတယ် ။

အာဆင်နယ် အသင်း ကွင်းလယ်လူ အိုဇေးလ် ဟာ အလှူအတန်း ရက်ရောသူတစ်ဦး ဖြစ်ပြီး ၊ ပြီးခဲ့တဲ့လတုန်းကလည်း Big Shoe အဖွဲ့ နဲ့ ပူးပေါင်းကာ မြန်မာ နိုင်ငံက ခွဲစိတ် ကုသဖို့ လိုအပ်နေတဲ့ ကလေး အယောက် ၄၀ ကို အခမဲ့ ကူညီ ပေးခဲ့ပါသေးတယ် ။

SPORTS MYANMAR