ဘောလုံး ဂြိုလ်သား နှစ်ဦး ဖြစ်တဲ့ မက်ဆီ နဲ့ စီရော်နယ်ဒို တို့ကို ပြင်းပြင်းထန်ထန် ဝေဖန်ထိုးနှက်လိုက်တဲ့ လီဗာပူးနဲ့ ရီးယဲ မက်ဒရစ် ဂိုးသမားဟောင်း ဒူဒက်

လီဗာပူး နဲ့ ရီးယဲ မက်ဒရစ် အသင်း တွေရဲ့ ဂိုး သမား ဟောင်း တစ်ဦး ဖြစ်သူ ဂျာဇီ ဒူဒက် က ဘာစီလိုနာ နဲ့ အာဂျင်တီးနား လက်ရွေးစင် အသင်း တို့ရဲ့ စူပါ စတား ကစားသမား ဖြစ်သူ လီယွန်နယ် မက်ဆီ ကို ပြင်းပြင်းထန်ထန် ဝေဖန် ထိုးနှက် သွားခဲ့ လိုက် ပါတယ် ။

ဖီယင်နု အသင်း ရဲ့ ကစားသမား ဟောင်း ဖြစ်သူ ဒူဒက် ဟာ 2001 ခုနှစ် တုန်းက လီဗာပူး အသင်း ကို ပြောင်းရွှေ့ကာ အင်္ဂလန် မြေကို ပထမဆုံး အကြိမ် ခြေချ ခဲ့သူ ဖြစ်ပြီး 2007 – 08 ဘောလုံး ရာသီ မှာတော့ စပိန် ထိပ်သီး ရီးယဲ မက်ဒရစ် အသင်း ဆီကို ပြောင်းရွှေ့ ခဲ့သူ ပဲ ဖြစ်ပါတယ် ။

 

သူဟာ ရီးယဲ မက်ဒရစ် အသင်း မှာတော့  ဂိုးသမား ဖြစ်သူ အိုင်ကာ ကာဆီးလက်စ် ရဲ့နောက် အရံ ကစားသမား တစ်ဦး အဖြစ် နဲ့သာ အချိန် လေးနှစ် ကုန်ဆုံး ခဲ့ရ ပါတယ် ။ အဆိုပါ လေနှစ်တာ အချိန် ကာလ အတွင်း သူဟာ ရီးယဲ မက်ဒရစ် အသင်း အတွက် 12 ပွဲ မျှသာ ကစား ပေးထား ခဲ့ရ ပါတယ် ။

အခုတော့ ဒူဒက် က ပြိုင်ဖက်ဟောင်း ဘာစီလိုနာ အသင်း ရဲ့ အဓိက ကစားသမား ဖြစ်သူ လီယွန်နယ် မက်ဆီ ဟာ ပြိုင်ဖက် ကစားသမား တွေကို လှည့်ဖြား တတ်သူ ဖြစ်သလို စိတ်ဆွ ပေးတဲ့ ကစားသမား မျိုးလည်း ဖြစ်ခဲ့ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန် ထိုးနှက် သွားခဲ့ လိုက် ပါတယ် ။

 

” သူ (မက်ဆီ) ဟာ လှည့်ဖြားတတ် သလို စိတ်ဆွ ပေးတတ်သူ ဖြစ်ခဲ့ ပါတယ် ။ ဘာစီလိုနာ နဲ့ ပက် ဂွာဒီယိုလာ တို့လို ပေါ့ဗျာ ။ သူတို့ တွေဟာ ခင်ဗျား ကို ရန်စ ဖို့ အမြဲတမ်း အဆင်သင့် ရှိနေ ခဲ့ကြ သလို တစ်ကယ့်ကို ပိပိရိရိ လုပ်ပြ နိုင်စွမ်း လည်း ရှိခဲ့ ကြ ပါတယ် ”

” အဲ့တာ က ဟိုဆေး မော်ရင်ဟို နဲ့ ကျွန်တော် တို့ အသင်း တစ်သင်းလုံး ကို အတော်ကြီး ထိခိုက် နစ်နာ စေခဲ့ ပါတယ် ။ မက်ဆီ ဟာ ပီပီ နဲ့ ရာမို့စ် တို့ကို တစ်ကယ့် ကို ကြမ်းတမ်း လွန်းတဲ့ စကား တွေ ပြောဆို ခဲ့တာ ကျွန်တော် ကိုယ်တိုင် မြင်တွေ့ ခဲ့ဖူး ပါတယ် ”

” ဒီလောက် တိတ်တ်တ်ဆိတ်ဆိတ် နေထိုင် တတ်တဲ့ လူရည်မွန် ကစားသမား တစ်ဦး ဆီက ဒီလို စကားလုံး တွေ ထွက်ပေါ် လာလိမ့်မယ် လို့ ခင်ဗျား တို့ စိတ်ကူးယဉ် ဖူးမှာတောင် မဟုတ် ပါဘူး ” လို့ ဒူဒက်က မက်ဆီ ကို ပြင်းပြင်းထန်ထန် ဝေဖန် ထိုးနှက် သွားခဲ့ လိုက် ပါတယ် ။

အဲ့ဒီနောက် ဒူဒက် ဟာ ရီးယဲ မက်ဒရစ် အသင်းဖော် ဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒို ကိုလည်း အလွတ် မပေးခဲ့ ပဲ စိတ်ကြီးဝင် နေသူ ဆိုပြီး ဝေဖန် စကား ဆိုသွား ခဲ့လိုက် ပါတယ် ။ ဒါပေမယ့် ကွင်းအပြင် မှာတော့ သာမန်လူ တစ်ဦး လိုပဲ နေထိုင်ကြောင်း ပြန်လည် ဖာထေး သွားခဲ့လိုက် ပါတယ် ။

” ခရစ္စတီယာနို ရော်နယ်ဒို ဟာ စိတ်ကြီးဝင် နေတဲ့သူ တစ်ယောက် ပါ ။ ဒါပေမယ့် နောက်ကွယ် မှာတော့ သူဟာ သာမန် လူသား တစ်ဦး လို ပါပဲ ။ ဒါက လူတွေ သူနဲ့ ပတ်သက်လို့ အနည်း နဲ့ အများ ဘာတွေ လေ့လာ ခဲ့ကြ သလဲ ဆိုတာကို ဆိုလိုခြင်းပါ ”

” ရာအူးလ် လိုပဲ သူဟာ ကိုယ်ကျိုး ကြည့်သူ တစ်ဦးပါ ။ သူက မယုံကြည် နိုင်ဖွယ် ပြိုင်ဆိုင် လိုစိတ် ပြင်းထန် သလို အနိုင်ရ လိုသူ တစ်ဦး ပါပဲ ။ သူတို့ နှစ်ဦးလုံး က အခြားသူ တွေ ဂိုးသွင်းလို့ 5 – 0 နဲ့ နိုင်တာ ထက် သူတို့ ဂိုးသွင်း လို့ 2 – 1 နဲ့ နိုင်တာ ကို ပိုပြီး နှစ်ခြိုက် ပျော်ရွှင် ကြပါတယ် ” လို့ ဒူဒက် က ပြောကြား သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar