ပရိသတ် အချစ်တော် ကာကာ ရဲ့ ရီးယဲ မက်ဒရစ် အပြောင်းအရွှေ့ နဲ့ ပတ်သက်လို့ လူတွေ သိပ်မသိသေးတဲ့ အကြောင်းအရာ တစ်ခုကို ဖွင့်ပြောလိုက်တဲ့ အေးဂျင့်

ဘရာဇီး လက်ရွေးစင် ကစားသမားဟောင်း ရီကာဒို ကာကာ ရဲ့ အေးဂျင့် ဖြစ်သူ ဂီတာနို ပါအိုလီလို က သူ့ရဲ့ ကစားသမား ဖြစ်သူ ဟာ မန်စီးတီး အသင်းရဲ့ ကမ်းလှမ်းမှု ကို ငြင်းဆန်ခဲ့ သလို အင်တာ မီလန် နဲ့ ချိတ်ဆက်ခဲ့ ပေမယ့် အဆင် မပြေ ခဲ့ကြောင်း ၊ တကယ်တမ်း မှာတော့ သူဟာ မီလန် ကနေ ထွက်ခွာ ပြီး ရီးယဲ မက်ဒရစ် အသင်း ဆီကို ဘယ်တုန်း ကမှ မပြောင်းရွှေ့ လိုခဲ့ ကြောင်း ကာကာ ရဲ့ 38 နှစ်ပြည့် မွေးနေ့မှာ အံ့ဖွယ် ပြောကြား သွားခဲ့လိုက် ပါတယ် ။

 

” သူဟာ ကစားသမား ဘဝကို ဆော်ပေါ်လို အသင်း မှာ စတင် ခဲ့တာပါ ။ တစ်နေ့ သူဟာ ဒဏ်ရာ ပြသနာ ရရှိရာ ကနေ ပြန်လာ ခဲ့ပြီး အသင်း အတွက် တစ်ဂိုးသွင်း ၊ တစ်ဂိုး ဖန်တီး နိုင်ခဲ့ ပါတယ် ။ တစ်ကယ်တော့ သူဟာ နောက်ထပ် နှစ်ဂိုး ၊ သုံးဂိုး လောက်က အလွယ်တကူ သွင်းယူ နိုင်ခဲ့ သင့်တဲ့ အနေအထား တွေကို ပိုင်ဆိုင် ခဲ့ပါ သေးတယ် ”

” အဲ့တာ နဲ့ ကျွန်တော် ကလည်း သူ့ရဲ့ ဖခင် ဖြစ်သူ နဲ့ သွားရောက် တွေ့ဆုံ ခဲ့ပြီး ရီကာဒိုဟာ ဘယ် အသင်း အတွက် ကစား ပေးလို သလဲ ဆိုတာ မေးမြန်း ခဲ့ ပါတယ် ။ အဖြေ က အေစီ မီလန် အသင်း ပါပဲ ။ ဒါကို ဖြစ်မြောက် စေဖို့ အတွက် ကျွန်တော် ဟာ ရက်ပေါင်း 30 လောက် ဆက်တိုက် ဆိုသလို ကြိုးစား ခဲ့ရ ပါတယ် ”

” ကျွန်တော် ဟာ အေစီ မီလန် အသင်း ရဲ့ CEO အက်ဒရီယာနို ဂယ်လီယာနီ နဲ့ စကားတွေ အများကြီးပဲ ပြောဆို ဖြစ်ခဲ့ ပါတယ် ။ ဒါပေမယ့် အဲ့တာ က မလွယ်ကူ ခဲ့ ပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ အသင်း မှာ မန်နျူရယ် ရူအီ ကော်စတာ နဲ့ ရီဗယ်လ်ဒို တို့လို ကစားသမား ကောင်းတွေ အလျင်းသင့် ရှိနေ ခဲ့တယ် လေ ”

” တစ်ကြိမ် မှာတော့ ကျွန်တော် ဟာ သူ့ အတွက် အင်တာ မီလန် အသင်း ဆီလည်း ကမ်းလှမ်း ခဲ့ပါ သေးတယ် ။ ဒါပေမယ့် 4 – 4 – 2 ကစားကွက် ကို စွဲစွဲမြဲမြဲ သုံးစွဲ ခဲ့တဲ့ ဟတ်တာ ကူးပါး က ကာကာ ကို ခေါ်ပြီး ဘာလုပ်ရ မလဲ ဆိုတာ တွေဝေ နေခဲ့ပုံ ပါပဲ ။ သူ့ကို အမှန်တကယ် စိတ်ဝင်စား ခဲ့တဲ့ အသင်း ဆိုတာ မရှိခဲ့ ပါဘူး ။ ဒါဟာ ကျွန်တော့် အတွက် အံ့သြ စရာ ဖြစ်ခဲ့ရ ပါတယ် ”

” အဆုံးသတ် မှာတော့ မီလန် ရှေ့နေ ဖြစ်သူ လီယိုနာဒို ကန်တာမက်ဆာ က ကာကာ ရဲ့ အနေအထား တွေကို သေသေချာချာ စစ်ဆေး ခဲ့တဲ့နောက် ဒီ ကောင်လေး ဟာ တစ်နေ့ တောက်ပ လာနိုင် လိမ့်မယ်လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ် ။ အဲ့ဒီနောက် အရီယို ဘရိုက်ဒါ နဲ့ တွေ့ဆုံ ခဲ့ပြီး ကျွန်တော် တို့ဟာ ဘုတ် အဖွဲ့ဝင် ဖြစ်တဲ့ ဂယ်လီယာနီ နဲ့ ဆက်လက် တွေ့ဆုံ ခဲ့ကြ ပါတယ် ” လို့ ပါအိုလီလို က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

ကာကာ ဟာ အေစီ မီလန် အသင်း အတွက် ကစားပေး ခဲ့တဲ့ အချိန် ကာလ တွေ အတွင်း မှာ တစ်ကယ့် ကို ပုံစံ ကောင်းတွေ ဆက်တိုက် ပြသ ထားနိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် အေစီ မီလန် အသင်း ဖက်မှ ဘဏ္ဍာရေး ဆိုင်ရာ အကြပ်အတည်း တွေကို ရင်ဆိုင်ခဲ့ ရတဲ့ 2009 ခုနှစ် မှာတော့ ကာကာ ကို မန်စီးတီး အသင်းဆီ ယူရို သန်း 100 နဲ့ ရောင်းထုတ် လိုက်ဖို့ ကြံရွယ် ခဲ့ပါ သေးတယ် ။

” အကယ်လို့ အပြောင်း အရွှေ့ ကိစ္စ က မီလန် အသင်း အပေါ် မှာပဲ မူတည် နေခဲ့မယ် ဆိုရင် သူတို့ တွေဟာ ကာကာ ကို မန်စီးတီး အသင်းဆီ ရောင်းချ လိုက်မှာ အသေအချာ ပါပဲ ။ ဒါပေမယ့် ကာကာ ကိုယ်တိုင် ကတော့ မန်စီးတီး အသင်း ဆီကို ပြောင်းရွှေ့ရေး နဲ့ ပတ်သက်လို့ ပြတ်ပြတ်သားသား ငြင်းဆန် သွားခဲ့ ပါတယ် ”

” ကာကာ ကို ခေါ်ယူလို့ ရရှိနိုင် မလား ဆိုတာ ရီးယဲ မက်ဒရစ် အသင်း က နှစ်စဉ် မေးမြန်း နေခဲ့တဲ့ အသင်း ဖြစ်ခဲ့ ပါတယ် ။ ဒါပေမယ့် မီလန် အသင်း ကတော့ ကစားသမား ကို ယခင် ကတည်းက ဈေးကွက် ထဲမှာ မပါဝင် စေခဲ့ သလို ကာကာ ကိုယ်တိုင် ကလည်း မီလန် ကနေ ထွက်ခွာဖို့ မတွေးတော ဖြစ်ခဲ့ ပါဘူး ။ သူ့ရဲ့ plan က မီလန် အသင်းမှာ ရှိနေဖို့ ပါပဲ ”

” ဖလောရင့်စ် မှာ သူဟာ မီလန် အသင်း အတွက် နောက်ဆုံး ရာသီပိတ် ပွဲစဉ် ကစားပေး ခဲ့တဲ့ နောက်တော့ နိုင်ငံ့ အသင်း နဲ့ ပူးပေါင်း ဖို့ အတွက် သူဟာ ဘရာဇီး ကို ထွက်ခွာ သွားခဲ့ ပါတယ် ။ သူက ကျောပိုးအိတ် တစ်လုံးတည်း ကိုပဲ သယ်ဆောင် ထွက်ခွာ သွားခဲ့တာ ပါ ။ ပြီးတော့ တစ်လ အကြာ မယ်လ်ပန်ဆာ လေဆိပ် မှာ တွေ့ဆုံ ကြမယ် လို့ ပြောသွား ခဲ့ပါ သေးတယ် ”

” ဒါပေမယ့် သူ ဘရာဇီး မှာ ရှိနေ ခဲ့စဉ် မှာပဲ မီလန် က သူ့ကို ရီးယဲ မက်ဒရစ် အသင်းဆီ ရောင်းချ ပစ်ခဲ့ ပါတယ် ။ သူဟာ ဘယ်တုန်း ကမှ မီလန် ကနေ မထွက်ခွာ လိုခဲ့ ပါဘူး ။ ပြီးတော့ ရီးယဲ မှာ သူ ရရှိတဲ့ လစာ ကိုလည်း စိတ်မဝင်စားခဲ့ ပါဘူး ။ သူက မီလန် မှာ ပရိသတ် တွေရဲ့ ချစ်ခင်မှု တွေကို ရရှိ ခဲ့မှု နဲ့ အတူ အရမ်းကို ပျော်ရွှင် နေခဲ့သူ တစ်ယောက် ပါ ”

” ဒါပေမယ့် မီလန် ဖက်က သူ့ကို ဈေးကွက်ထဲ တင်လိုက်တဲ့ အချိန် မှာတော့ ရီးယဲ က သူ့ကို ခေါ်ယူဖို့ အကောင်းဆုံး အနေအထား ပိုင်ဆိုင် သွားခဲ့ ပါတယ် ။ ဒါက ဂယ်လီယာနီ ရဲ့ စနက် မဟုတ်ခဲ့ ပါဘူး ။ သူ ကိုယ်တိုင် က ရစ်ကီ ( ရီကာဒို ကာကာ ) ကို အတော်လေး ချစ်ခဲ့ ပါတယ် ” လို့ အေးဂျင့် ဂီတာနို ပါအိုလီလို က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar