တောရက်စ်ကို သန်း ၅၀ နဲ့ ၀ယ်ခဲ့ရာမှာ ချဲလ်ဆီးတို့ ဂျင်းမိသွားပြီ ဆိုတာ ကြိုသိနေခဲ့တယ်လို့ ထုတ်ဖော်လိုက်တဲ့ ကာရေဂါ

ဂျေမီကာရေဂါက ဖာနန်ဒိုတောရက်စ် အနေနဲ့ ချဲလ်ဆီး အသင်းမှာ ပေါင် သန်း ၅၀ ဆိုတဲ့ ပြောင်းရွေ့ကြေး နဲ့ ထိုက်တန်တဲ့ ခြေစွမ်းကို မပြသ နိုင်ခဲ့တာကို သူလုံးဝ မအံ့သြမိဘူးလို့ ထုတ်ဖော် သွားခဲ့ ပါတယ်။ လီဗာပူး ဂန္တဝင် နောက်ခံလူဟာ လီဗာပူး အတွက် ၃ ရာသီဆက်တိုက် ထိပ်တန်း ဂိုးသွင်းရှင် ဖြစ်ခဲ့တဲ့ တောရက်စ် နဲ့ အတူ တွဲဖက် ကစား ခဲ့ပြီး စပိန် ကစားသမား ရဲ့ အန်ဖီး ကစားသမား ဘဝ အနိမ့် အမြင့် ကာလ တွေကို ထဲထဲဝင်ဝင် မြင်တွေ့ ခဲ့ပါတယ်။

တောရက်စ်ဟာ အက်သလက်တီကို ကနေ လီဗာပူးကို ၂၀၀၇ ခုနှစ်မှာ ပေါင် ၂၇ သန်းနဲ့ ပြောင်းရွေ့ လာခဲ့ပြီး စစရောက်ခြင်း ရာသီမှာပဲ ပရီးမီးယားလိဂ် မှာ ၂၄ ဂိုးထိ သွင်းယူ ခဲ့ပါတယ်။ တောရက်ဟာ လီဗာပူး အတွက် ၃ ရာသီခွဲ ကစား ခဲ့ပြီး ပရီးမီးယားလိဂ် ၁၀၂ ပွဲမှာ ၆၅ ဂိုးထိ သွင်းယူ ပေးခဲ့ကာ ၎င်းရဲ့ ကစားသမား ဘဝ အကောင်းဆုံး ကာလတွေကို ပို်င်ဆိုင် ခဲ့ပါတယ်။

ချဲလ်ဆီး ဟာ လွန်ခဲ့တဲ့ ၂၀၁၁ ဇန်နဝါရီမှာ တောရက်စ်ကို ဗြိတိန် စံချိန်တင် ပြောင်းရွေ့ကြေး ပေါင်သန်း ၅၀ နဲ့ ခေါ်ယူ သွားခဲ့တာ ဖြစ်ပြီး စပိန် တိုက်စစ်မှုးဟာ လန်ဒန် ကလပ်မှာ လီဗာပူး မှာ တုန်းကလို ဂိုးတွေ များစွာ မသွင်းယူ နိုင်ခဲ့ဘဲ လိဂ်ပွဲစဉ် ၁၁၀ မှာ ဂိုး ၂၀ သာ သွင်းယူ နိုင်ခဲ့ ပါတယ်။ ကာရေဂါ ကတော့ တောရက်စ်ဟာ

တောရက်စ် ချဲလ်ဆီးကို ပြောင်းရွေ့ ခဲ့တဲ့ အခါ ဘယ်လိုမျိုး ခံစား ခဲ့ရသလဲ ဆိုတဲ့ မေးခွန်းကို ကာရေဂါ က “ကျွန်တော် ဒီပြောင်းရွေ့ကြေးကို မယုံကြည် နိုင်ခဲ့ပါဘူး။ ဆိုလိုတာက ဒီအပြောင်းအရွေ့မှာ ကျွန်တော်တို့ ချဲလ်ဆီးကို ဂျင်းထည့် လိုက်ပြီ ဆိုတာကို ကျွန်တော် ကြိုသိ နေခဲ့ ပါတယ်။ ကျွန်တော် ဆိုလိုချင် တာက နောက်ဆုံး ၁၂ မှာ ကျွန်တော် တွဲဖက် ကစား ခဲ့တဲ့ ဖာနန်ဒို တောရစ်စ်ဟာ အရင် တောရက်စ် ရဲ့ အရိပ် တစ်ခု ဖြစ်နေလို့ ပါပဲ။

သူဟာ လီဗာပူးကို စစရောက်ခြင်း ၁၈ လ မှာ ကမ္ဘာပေါ်မှာ အကောင်းဆုံး တိုက်စစ်မှုး ပါပဲ။ ပြီးတော့ သူဟာ ချဲလ်ဆီး နဲ့ တွေ့ဆုံ ရာမှာ ကောင်းမွန်တဲ့ ဂိုးသွင်း မှတ်တမ်း ရှိထား ခဲ့ပြီး ဒါဟာ အသင်း ပိုင်ရှင် ရဲ့ ခေါင်းထဲမှာ စွဲနေ နိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါဟာ မန်နေဂျာ စိတ်ကြိုက် ၀ယ်ယူတဲ့ အပြောင်းအရွေ့ မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ ချဲလ်ဆီးမှာ မန်နေဂျာ အပြောင်းအလဲတွေ မကြာခဏ ရှိထား ခဲ့လို့ပါ။ အဲဒီအချိန် တုန်းက ချဲလ်ဆီးဟာ အသင်း ပိုင်ရှင် စိတ်ကြိုက် ကစားသမားတွေ ၀ယ်နေတဲ့ အသင်း ဖြစ်နေဆဲ မို့လို့ပါ။

အန်ဒရီ ရှက်ချန်ကို တုန်းကလည်း ဒီလိုမျိုးပဲ ဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ပြီးတော့ အဖြစ် အပျက် တစ်ခုဟာ လီဗာပူး အတွက် အရမ်းကို ကံကောင်း ခဲ့ပါတယ်။ ကျွန်တော်တို့ အဲဒီ ရာသီမှာ ချဲလ်ဆီးနဲ့ ကစား ထားခဲ့ ပါတယ်။ ကျွန်တော်တို့ ကောင်းမွန်တဲ့ ရာသီကို ပိုင်ဆိုင် ထားခြင်း မရှိ ခဲ့ပါဘူး။ တောရက်စ် ကလည်း တကယ် ဆိုးတဲ့ အချိန် တွေကို ကျော်ဖြတ် နေရပါတယ်။ ဒါပေမယ့် သူဟာ ချဲလ်ဆီး နဲ့ ပွဲမှာ ၂ ဂိုး သွင်းယူ ခဲ့ပါတယ်။ ကျွန်တော်တို့ ရွိုင်းဟော့ဆန် ရဲ့ လက်ထက် အန်ဖီးမှာ ၂-၀ နဲ့ အနိုင် ရရှိ ခဲ့ပါတယ်။

ကျွန်တော် ကတော့ တောရက်စ်ကို ခေါ်ယူဖို့ ဆုံးဖြတ်ချက်ဟာ ရိုမန် အေဗရာမိုဗစ် လုပ်တာ ဖြစ်ဖို့ များပါတယ်။ ဇန်နဝါရီ အပြောင်းအရွေ့ကို ရောက်တာနဲ့ သူဟာ တောရက်စ်ကို ခေါ်ယူဖို့ ကြိုးပမ်း တော့တာ ပါပဲ။ အဲဒီအချိန်က ပေါင်သန်း ၅၀ ဆိုတဲ့ တကယ့်ကို များပြားတဲ့ ငွေကြေး ပမာဏပါ။ ကျွန်တော်တို့ အားလုံး အံ့အားသင့် ခဲ့ကြ ပါတယ်။

အသင်း ကနေ တောရက်စ် ထွက်ခွာ သွားခဲ့ ပေမယ့်လည်း ကျွန်တော်တို့ အားလုံး သိထား ကြတာ ကတော့ သူဟာ ဘယ်တော့မှ အရင် တောရက်စ် ပြန်မဖြစ်တော့ဘူး ဆိုတာ ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ သူ့အတွက် ပေါင် သန်း ၅၀ ရခဲ့တာ ကိုတော့ မယုံကြည်နိုင် ဖြစ်ခဲ့ ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ အန်ဒီကာရိုး ကို ပေါင် ၃၅ သန်း နဲ့ ပြန်လည် ခေါ်ယူခဲ့ပြီး ချဲလ်ဆီး လိုမျိုး အဖြစ်နဲ့ ပြန်လည် ကြုံတွေ့ ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လူးဝစ်ဆွာရက်ကို ရခဲ့လို့ တော်ပါသေးတယ်။ တောရက်စ်ကြောင့် ရခဲ့တဲ့ ပိုက်ဆံနဲ့ ကျွန်တော်တို့ တိုက်စစ်မှုး ၂ ဦး ပြန်ရ ခဲ့ပါတယ်။ ဒါပေမယ့် ဖာနန်ဒိုတောရက်စ် ချဲလ်ဆီးမှာ ခြေစွမ်း မပြနိုင်တာ ကိုတော့ ကျွန်တော် လုံးဝ မအံ့သြမိ ပါဘူး။” လို့ ဆိုလိုက် ပါတယ်။

တောရက်စ်ဟာ ချဲလ်ဆီး အသင်းမှာ ၄ နှစ် ကစား ခဲ့ပေမယ့်လည်း လီဗာပူး မှာ ပြသခဲ့တဲ့ ခြေစွမ်းကိုတော့ ပြန်လည် မမြင်တွေ့ ခဲ့ပါဘူး။ ချဲလ်ဆီး အတွက် သူ့ရဲ့ အကောင်းဆုံး ရာသီ မှာတောင် သွင်းဂိုး ၈ ဂိုးသာ ရရှိ ခဲ့ပြီး ၂၀၁၄ မှာ အေစီမီလန် ကို အငှားထွက်ကစား ခဲ့ပြီး ၂၀၁၅ မှာ အပြီးသတ် ပြောင်းသွား ခဲ့ပါတယ်။

SM