ချဲလ်ဆီး ရဲ့ သမိုင်းကို အကြီးအကျယ်လွှမ်းမိုးခဲ့တဲ့ အိုးထရက်ဖိုဒ့် ကွင်းထဲက ရိုနယ်ဒို ရဲ့ မှော်ဝင်ည

၂၀၀၃ ခုနှစ် ရဲ့ ဒီနေ့လို နေ့လေးဟာ ဘရာဇီး တိုက်စစ်မှုးကြီး ရိုနယ်ဒို အတွက် မမေ့ နိုင်စရာ နေ့ တစ်နေ့ ဖြစ်ခဲ့ သလို ချဲလ်ဆီး အသင်း ရဲ့ သမိုင်းကြောင်း ဟာလည်း အဆိုပါ ည က စပြီး အကြီး အကျယ် ပြောင်းလဲ ဖို့ အစပြု ခဲ့ ပါတယ် ။ မူလ လက်ဟောင်း ရိုနယ်ဒို တဖြစ်လည်း ‘El Fenomeno’ လို့ ခေါ်ဝေါ် ကြတဲ့ ရိုနယ်ဒို ဟာ လွန်ခဲ့တဲ့ 17 နှစ် ရဲ့ ဒီနေ့လို နေ့မျိုးမှာ အိုးထရက်ဖိုဒ့် ကွင်း ထဲကို လာပြီး ဟက်ထရစ် သွင်းယူကာ ပြိုင်စံရှား တဲ့ ခြေစွမ်းကို ပြသ သွားခဲ့ ပါတယ် ။

ရိုနယ်ဒို ပါဝင်တဲ့ ရီးရဲ မက်ဒရစ် ဟာ ချန်ပီယံ လိဂ် ကွာတား ဖိုင်နယ် အဆင့် မှာ အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာ ယူနိုက်တက် နဲ့ တွေ့ဆုံ ခဲ့ ပါတယ် ။ ရီးရဲ ဟာ စပိန် မြေပေါ် မှာ ကစား ခဲ့တဲ့ ပထမ အကျော့ မှာ ရာအူးလ် ဂွန်ဇာလက် ရဲ့ ဂိုးတွေ အပါ အဝင် ၃-၁ နဲ့ အနိုင် ရခဲ့ပြီး ဆီမီး ဖိုင်နယ် အတွက် အခြေအနေ ကောင်းခဲ့ ပါတယ် ။

ယူနိုက်တက် နည်းပြ ဖာဂူဆန် ဟာ အိုးထရက်ဖိုဒ့် မှာ ကစားမယ့် ဒုတိယ အကျော့ အတွက် သေချာ ပြင်ဆင် ထားပြီး အံ့ဖွယ် ရလဒ် ကို ယူဆောင် ဖို့ အဆင်သင့် ဖြစ်နေခဲ့ ပါတယ် ။ တကယ်တမ်း မှာလည်း ယူနိုက်တက် ရဲ့ ဒုတိယ အကျော့ ကစားပုံဟာ ကောင်းမွန် ခဲ့ ပေမယ့် သူတို့ရဲ့ လမ်းကြောင်းမှာ ပိတ်ဆို့ နေသူ တစ်ဦး ရှိနေခဲ့ ပါတယ် ။ အဲ့ဒီလူ ကတော့ ရိုနယ်ဒို ပါပဲ ။

ဘရာဇီးသားကြီး ဟာ ပွဲစလို့ ၁၂ မိနစ် မှာတင် အဖွင့်ဂိုးကို သွင်းပေး ခဲ့ပြီး အိမ်ရှင် ယူနိုက်တက် ကို ဖိအား ဝင်စေခဲ့ ပါတယ် ။ ဖာဂူဆန် ဟာ အာဆင်နယ် ကို ရှုံးနိမ့် ခဲ့တဲ့ FA Cup ပွဲ အပြီးမှာ သူ့ရဲ့ ဖိနပ်ပျံ ကန်ချက် ထိမှန် ခဲ့တဲ့ ဒေးဗစ် ဘက်ခမ်း ကို အရန်ခုံမှာ ထားခဲ့ပြီး ဗီရွန် ၊ ရွိုင်ကင်း ၊ နစ်ကီဘတ် ၊ ရိုင်ယန်ဂစ် တို့ နဲ့ ပွဲထွက် လာခဲ့ ပါတယ် ။

ပထမပိုင်း ၄၃ မိနစ် မှာ နစ္စတယ်ရွိုင်း က ချေပဂိုး ပြန်သွင်းခဲ့ပြီး ပထမ အကျော့ ရလဒ် ကို ပြန်လည် ချေပဖို့ ၂ ဂိုး ကို ထပ်မံ မျှော်လင့် ခဲ့ကြ ပါတယ် ။ ဒါပေမယ့် သူတို့ ဘက်မှာ မရှိခဲ့တာ ကတော့ ရိုနယ်ဒို ပါပဲ ။ ၂၀၀၂ ခုနှစ် ရဲ့ ရွှေဘောလုံး ဆုရှင် ဘရာဇီးသား ဟာ ဒုတိယပိုင်း ပြန်စလို့ ၅ မိနစ် အကြာမှာပဲ ကားလိုစ့် ရဲ့ ပေးပို့မှု ကို အပိုင် ပိတ်သွင်းပြီး ရီးရဲ ကို ၅ – ၂ ရလဒ် နဲ့ ဦးဆောင် စေခဲ့ ပါတယ် ။

၂ မိနစ် အကြာမှာ ဟယ်ဂွေးယား ရဲ့ O.G နဲ့ ယူနိုက်တက် တို့ ချေပဂိုး ပြန်ရခဲ့ ပေမယ့် နောက်တစ်ဆင့် တက်ဖို့ ကတော့ ရာခိုင်နှုန်း နည်းသထက် နည်းလာခဲ့ ပါတယ် ။ ဒီလို နည်းပါးနေတဲ့ မျှော်လင့်ချက်ကို အပြီးသတ် ပေးခဲ့သူ ကတော့ ရိုနယ်ဒိုပဲ ဖြစ်ခဲ့ပြန် ပါတယ် ။ ပွဲချိန် ၅၉ မိနစ် မှာ ရိုနယ်ဒို ဟာ ၂၅ ကိုက်လောက် အကွာ ကနေ အားပါးတိကျတဲ့ ကန်ချက် နဲ့ ဂိုးသွင်းယူခဲ့ပြီး ယူနိုက်တက် ဂိုးသမား ဘားသက်ဇ် မကာကွယ် နိုင်ခဲ့ ပါဘူး

ရီးရဲ တို့ ဆီမီး ဖိုင်နယ် သေချာ သလောက် ဖြစ်သွားချိန် မှာတော့ နည်းပြကြီး ဒဲဘော့စ် ဟာ ရိုနယ်ဒို ကို ဆိုလာရီ နဲ့ လူစားလဲခဲ့ ပါတယ် ။ အဲ့ဒီ အချိန် မှာ အိုးထရက်ဖိုဒ့် ကွင်းထဲက ပရိသတ်တွေ ဟာ သူတို့ ဘက်ကို ဟက်ထရစ် သွင်းခဲ့တဲ့ ပြိုင်ဘက် အသင်းသားကို လှောင်ပြောင်ခြင်း မရှိခဲ့ဘဲ လက်ခုပ်တီး ဂုဏ်ပြု ခဲ့ကြပါတယ်

ဒီပွဲ မှာ ကိုယ်တိုင် ပါဝင် ခဲ့တဲ့ ဒေးဗစ် ဘက်ခမ်း ကလည်း “ပရိသတ်တွေ ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းသား တစ်ယောက် ကို ဂုဏ်ပြုတဲ့ ပုံစံ အတိုင်း ရိုနယ်ဒို ကို ဂုဏ်ပြုပေး ခဲ့ကြပါတယ် ။ ပရိသတ်တွေ က ဒါဟာ ဘောလုံး ရဲ့ အလှတရားတစ်ခု ဖြစ်တာကို နားလည် သဘောပေါက် ထားပြီး ရိုနယ်ဒို ကစားတာကို မြင်ခဲ့ရတဲ့ အတွက် ကျေနပ် ခဲ့ကြပါတယ်” လို့ ပွဲအပြီးမှာ ပြောဆို သွားခဲ့ ပါတယ် ။

ယူနိုက်တက် အတွက် ဘာမှ မျှော်လင့်လို့ မရတော့ချိန် မှာတော့ နည်းပြ ဖာဂူဆန် ဟာ ဒေးဗစ် ဘက်ခမ်း ကို ထည့်သွင်းခဲ့ ပါတယ် ။ လာမယ့် ရာသီမှာ ရီးရဲ ကြယ်စင်စုထံ ပူးပေါင်း တော့မယ်လို့ သတင်းပြေး နေတဲ့ ဘက်ခမ်း ဟာ လှပ သေသပ်တဲ့ ဖရီးကစ် တစ်လုံး အပါအဝင် သွင်းဂိုး ၂ ဂိုးကို လူစားဝင်လာခဲ့တဲ့ မိနစ် အနည်းငယ် အတွင်းမှာ သွင်းယူပေးပြီး ယူနိုက်တက် ကို ၄ – ၃ နဲ့ အနိုင်ရစေခဲ့ ပါတယ် ။ ဒါပေမယ့် ရီးရဲ က ၂ ကျော့ပေါင်း ၆-၅ နဲ့ ဆီမီး ဖိုင်နယ် ကို တက်ရောက် သွားခဲ့ ပါတယ် ။

ရီးရဲ မက်ဒရစ် ဟာ ၂၀၀၂ ခုနှစ် တုန်းက ရရှိထားတဲ့ ချန်ပီယံလိဂ် ဖလားကို ကာကွယ်ဖို့ အားခဲခဲ့ ပေမယ့် ဆီမီး ဖိုင်နယ် မှာ ယူဗင်တပ် ကို အရေးနိမ့်ခဲ့ ပါတယ် ။ ရီးရဲ ကို ရှုံးပြီး ယူနိုက်တက် တို့ ကွာတား ကနေ ထွက်ခဲ့ရ ပေမယ့် အိုးထရက်ဖိုဒ့် ကွင်းကြီး ကတော့ မေလ ထဲ မှာ အီတလီ ၂ သင်း ( အေစီမီလန် – ယူဗင်တပ် ) ကစားတဲ့ ဖိုင်နယ်ပွဲကို အိမ်ရှင် အဖြစ် ကျင်းပရင်း ဥရောပရဲ့ အဆင့်မြင့်ဆုံး ပြိုင်ပွဲအရသာကို နောက်တစ်ဖန် ပြန်လည် ခံစားခွင့် ရရှိခဲ့ ပါတယ် ။

အိုးထရက်ဖိုဒ့် ကွင်းထဲက ရိုနယ်ဒို ရဲ့ မှော်ဝင်ည အပြီးမှာ ၂ လ အကြာမှာတော့ ရုရှ သူဌေး ရိုမန် အီဘရာမိုဗစ် ဟာ ချဲလ်ဆီး အသင်း ကို ပေါင် သန်း ၁၄၀ နဲ့ ဝယ်ယူ ခဲ့ပါတယ် ။ အီဘရာမိုဗစ် ဟာ မန်ချက်စတာ ယူနိုက်တက် နဲ့ ရီးရဲ မက်ဒရစ် တို့ရဲ့ ပွဲကို ကြည့်အပြီးမှာ ဘောလုံး ကို စိတ်ပါဝင်စားလာခဲ့ပြီး ချဲလ်ဆီး ကို ဝယ်ယူဖြစ်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆို ထားခဲ့ ဖူးပါတယ် ။

မိုဗစ် ရဲ့ ဝယ်ယူမှု ဟာ ချဲလ်ဆီး ကို အကြီးအကျယ် ပြောင်းလဲ စေခဲ့ပြီး ချန်ပီယံလိဂ် ၊ ယူရိုပါလိဂ် ၊ ပရီးမီးယားလိဂ် ဖလား အပါ အဝင် ပြည်တွင်း ဖလားတွေ ကို 17 နှစ်တာ အတွင်းမှာ ရယူ ပိုင်ဆိုင် နိုင်ခဲ့သလို ဥရောပ ရဲ့ ထိပ်သီး အဆင့်ကိုလည်း ရောက်ရှိ လာခဲ့ ပါတယ် ။

ဒါဟာ ၂၀၀၃ ခုနှစ် ရဲ့ ဒီနေ့လိုနေ့မျိုးက အိုးထရက်ဖိုဒ့် ကွင်းကြီးထဲမှာ ပြသခဲ့တဲ့ မူလလက်ဟောင်း ရိုနယ်ဒို ကြီး ရဲ့ မှော်ဝင်ခြေစွမ်းတွေရဲ့ အကျိုးဆက် ကြောင့် ပါပဲ . . . . . ။

SPORTS MYANMAR