ချယ်လ်ဆီး အသင်း မှာ ဇီယက်ချ် ဘာကြောင့် သေချာပေါက် ခြေစွမ်းပြနိုင်မှာလဲ ဆိုတာ အချက်အလက် ကျကျ သုံးသပ်လိုက်တဲ့ #ခရော့ချ်

ချယ်လ်ဆီး အသင်း ဟာ လာမယ့် ဘောလုံး ရာသီ အတွက် ပထမဆုံး ကစားသမားသစ် ခေါ်ယူမှု အဖြစ် အေဂျက်ဇ် အသင်း မှ မော်ရိုကို လက်ရွေးစင် တောင်ပံ တိုက်စစ် ကစားသမား ဟာကင် ဇီယက်ချ် ကို ယူရိုသန်း ၄၀ နဲ့ ခေါ်ယူဖို့ ကြိုတင် သဘောတူညီမှု ရထားပြီး ဖြစ်ပါတယ် ။ ဒါဟာ အသင်း နဲ့ စာချုပ် သက်တမ်း ပြည့်တော့မယ့် ဝါရင့် တောင်ပံ တိုက်စစ် ကစားသမား ၂ဦး ဖြစ်တဲ့ ဝီလီယံ နဲ့ ပတ်ဒရို တို့ရဲ့ နေရာ ကို ဖြည့်တင်းဖို့ ရည်ရွယ်တယ် လို့ ထင်ရပါတယ် ။

ီဇီယက်ချ် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကနေ စတင်ပြီး သူ့ရဲ့ ကစားသမား ဘဝ တလျှောက် အကောင်းဆုံး ခြေစွမ်း တွေကို အေဂျက်ဇ် အသင်း နဲ့ အတူ ပြသနိုင်ခဲ့ပါတယ် ။ အထူးသဖြင့် သူ့ရဲ့ အကွက် မြင်မြင် ဖန်တီးပေးပို့မှု တွေ ၊ အဝေး ကန်ချက်ကောင်း တွေက ချယ်လ်ဆီး နည်းပြ ဖရန့် လမ်းပတ် အတွက် မျက်စိကျစရာ တွေ ဖြစ်ပါတယ် ။

ဒါ့အပြင် အေဂျက်ဇ် လို တိုက်စစ် အသားပေး ၊ မြန်နှုန်းမြင့် ကစားဟန် ကို ဦးစားပေး အသင်း မှာ ကစားနေတဲ့ အပြင် ၊ အရွယ်ကောင်း အသက် ၂၇နှစ်သာ ရှိသေးလို့ လမ်းပတ် နဲ့ ချယ်လ်ဆီး အတွက် ၎င်းရဲ့ အပြောင်းအရွှေ့ ဟာ အလွန် ထိုက်တန်တဲ့ ခေါ်ယူမှု ဖြစ်တယ် လို့ ဘောလုံး သုံးသပ် ပညာရှင် တွေက ကြိုတင် ခန့်မှန်း နေကြပါတယ် ။

လီဗာပူး နဲ့ တော့တင်ဟမ် တိုက်စစ်မှူးဟောင်း ပီတာ ခရော့ချ် ကတော့ ဇီယက်ချ် ဟာ ချယ်လ်ဆီး အသင်း အမှန် တကယ် လိုအပ်နေတဲ့ တိုက်စစ် ကစားသမားမျိုး ဖြစ်ကြောင်း နဲ့ ၎င်းဟာ ချယ်လ်ဆီး အသင်း ရဲ့ ဘယ်လို နေရာ တွေ အတွက် အထောက်အကူ များစွာ ပေးသွားမလဲ ဆိုတာ အခုလိုပဲ အချက်အလက် ကျကျ သုံးသပ် ပြောဆိုလိုက်ပါတယ် ။

BT Sport ရဲ့ အစီအစဉ် တခုမှာ ခရော့ချ် က ” ကျွန်တော် ကတော့ ဇီယက်ချ် ဟာ ပရီးမီးယားလိဂ် ရဲ့ ပြိုင်ဆိုင်မှု နဲ့ အရှိန်အဝါ ကို မြှင့်တင်ပေးမယ့် ကစားသမားကောင်း လို့ ထင်ပါတယ် ။ သူ ကစားတဲ့ ပုံစံ ကို ကြည့်ရတာ ကျွန်တော့ အနေနဲ့ အရမ်း နှစ်ခြိုက်မှု ရှိပါတယ် ။ သူ့ရဲ့ ပွဲတပွဲ အပေါ် လွှမ်းမိုးနိုင်မှုအား က ပွဲတပွဲ အပေါ်မှာထားတဲ့ သူ့ရဲ့ ချစ်ခြင်းပါ ။ ”

” ဘောလုံး နဲ့ ပတ်သက်တဲ့ စွမ်းရည်ကောင်း မှန်သမျှ ကို ပိုင်ဆိုင်ထားပြီး ၊ ကွင်းလယ် အထိုင် အထိ ဆင်းကစားတဲ့ အခါဆိုရင် သူ့ရဲ့ ပေးပို့မှု တွေက လုံးဝ လက်ဖျားခါရလောက်အောင် ကောင်းပါတယ် ။ ပတ်ဒရို ၊ ဝီလီယံ တို့ရဲ့ လက်ရှိ စာချုပ် အခြေအနေ က ဘယ်လိုတွေ ရှေ့ဆက်မလဲ ဆိုတာတော့ ကျွန်တော် လည်း မသိပါဘူး ။ သူတို့ ၂ယောက်လုံး အသင်း ပြောင်းနိုင်ခြေ ရှိကြပါတယ် ။ ”

” ဒီ နေရာ အတွက် ဇီယက်ချ် ဟာ ချက်ချင်း အံဝင်ခွင်ကျ အစားထိုး ကစားပေးနိုင်မယ့်သူပါ ။ လာမယ့် ရာသီ မှာ ဇီယက်ချ် ဟာ ချယ်လ်ဆီး အတွက် ကြီးကျယ်တဲ့ ကစားသမား တယောက် ဖြစ်လာမှာ သေချာပါတယ် ။ သူတို့ဟာ ကမ္ဘာ့ အကောင်းဆုံး တွေထဲက တယောက် ဖြစ်တဲ့ အီဒင် ဟာဇတ် ကို ဆုံးရှုံးထားခဲ့ရတာပါ ။ သူဟာ ချယ်လ်ဆီး ပရိသတ် တွေရဲ့ အချစ်တော် လည်း ဖြစ်ပါတယ် ။ ”

 

” နောက်ပြီး သူ့ရဲ့ ကစားပုံ က ကြည့်ရတဲ့ လူတွေကို စိတ်လှုပ်ရှားမှု အပြည့်ပေးပါတယ် ။ ဒါ့အပြင် ချယ်လ်ဆီး အသင်း ရဲ့ ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုး ကို သူ တယောက်တည်း ထမ်းဆောင်ခဲ့ရတာပါ ။ အခုလို ပြောနေတာ ဟာ ဟာဇတ် ရဲ့ နေရာ ကို ဇီယက်ချ် ဝင်ပြီး အစားဖြည့်နိုင်မယ် ဆိုတဲ့ သဘောမျိုး မဟုတ်ပါဘူး ။ ”

” ဒါပေမယ့် သူ့မှာ ဟာဇတ် လောက် နီးပါး ချယ်လ်ဆီး အသင်း ကို ပံ့ပိုးပေးနိုင်မယ့် အရည်အသွေး တွေ ရှိနေပါတယ် ။ ပရီးမီးယားလိဂ် အတွက်ရော ၊ ချယ်လ်ဆီး အတွက်ပါ သူဟာ ကြီးမားတဲ့ အားဖြည့်မှု တရပ် ဖြစ်လာမှာပါ ။ နောက်ပြီး တမ်မီ အေဘရာဟမ် ၊ မေဆင်မောင့် တို့လို လူငယ် တွေကို အကူအညီ ပေးနိုင်ပါမယ် ။ ကျွန်တော် သာ တမ်မီ ရဲ့ နေရာ မှာ ဆိုရင် ဇီယက်ချ် ရဲ့ ဖန်တီးမှု တွေကို အဆုံးသတ်ဖို့ အသင့်စောင့်နေရုံပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ှSPORTS MYANMAR