ချယ်လ်ဆီး ပရိသတ် စစ်စစ် ဖြစ်ကြောင်း အတိအလင်း ထုတ်ဖော် ပြောဆိုလိုက်တဲ့ ဗီလာရီးရဲလ် ကြယ်ပွင့် #ချူကွီဇီ

ဗီလာရီးရဲလ် အသင်း ရဲ့ နိုင်ဂျီးရီးယား လူငယ် တောင်ပံ ကစားသမား ဆမ်မြူရယ် ချူကွီဇီ ဟာ လက်ရှိ ဥရောပ ထိပ်သီး အသင်း တချို့ရဲ့ပစ်မှတ်တောင်ပံကစားသမား လည်း ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ အတွင်း မှာ ချူကွီဇီ ဟာ လန်ဒန် မြို့ခံကလပ်ချယ်လ်ဆီးအသင်းရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့သလို၊ပရီးမီးယားလိဂ် ဇယားထိပ်က လီဗာပူး အသင်း ရဲ့ ချိတ်ဆက်ခြင်း ကိုလည်း ခံခဲ့ရပါတယ် ။

အသက် ၂၀ နှစ် အရွယ်သာ ရှိသေးတဲ့ ချူကွီဇီ ဟာအကယ်ဒမီမှတဆင့်ဗီလာရီးရဲလ် စီနီယာ အသင်း ကို လွန်ခဲ့တဲ့ ၂နှစ်လောက်မှ ထိုးဖောက် ဝင်ရောက်လာခဲ့တာဖြစ်ပြီး ၊ ဗီလာရီးရဲလ် အသင်းအတွက်ပြိုင်ပွဲစုံစုစုပေါင်း၅၂ပွဲမှာ၉ဂိုးသွင်းယူထားကာ၊ဒီရာသီ မှာလည်း ခြေစွမ်း အတော်အသင့် ပြသထားသူ ဖြစ်ပါတယ် ။

ဇန်နဝါရီ အပြောင်းအရွှေ့ အတွင်း မှာ ဥရောပ အသင်းကြီး တွေနဲ့ အပြောင်းအရွှေ့ ကောလဟလ အနည်းငယ် လှုပ်ခတ်မှု တွေ ရှိခဲ့ပေမယ့် ၊ ချူကွီဇီ ဟာ ဗီလာရီးရဲလ် အသင်း မှာ ဆက်လက် နေထိုင်ဖို့ ဆုံးဖြတ်ထားပြီး ၊ နောက်ထပ် ၂နှစ်လောက် အတွေ့အကြုံ ဆက်သွားဖို့ ရှိနေပါတယ် ။

ဗီလာရီးရဲလ် ဖက်ကလည်း ၎င်းတို့ရဲ့ နိုင်ဂျီးရီးယား ကြယ်ပွင့် အတွက် ပေါင်သန်း ၆၀ အထိ ဈေးသတ်မှတ်ထားတာကြောင့် ၊ ဥရောပ အသင်းကြီး တွေ အနေနဲ့ ၎င်းကို ခေါ်ယူဖို့ စဉ်းစားစရာ ဖြစ်ခဲ့ရပါတယ် ။ ချူကွီဇီ ဟာ ပရီးမီးယားလိဂ် ကလပ် ချယ်လ်ဆီး အသင်း ပရိသတ် တယောက် ဖြစ်ပြီး ၎င်းရဲ့ အိုင်ဒေါ ဟာ ချယ်လ်ဆီး နဲ့ နိုင်ဂျီးရီးယား လက်ရွေးစင် ကွင်းလယ်လူဟောင်း ဂျွန်အိုဘီ မီခေးလ် ဖြစ်ကြောင်း အရင်တခါ အင်တာဗျူး မှာ ထုတ်ဖော် ပြောဆိုခဲ့ဖူးပါတယ် ။

အခုတခါ မှာလည်း ချူကွီဇီ က သူဟာ ချယ်လ်ဆီး အသင်း ရဲ့ မော်စကို က ၂၀၀၈ ချန်ပီယံလိဂ် ဖိုင်နယ် ပွဲကို ကြည့်ရှု အားပေးခဲ့ကာ ၊ အဲ့ဒီပွဲ မှာ ချယ်လ်ဆီး အသင်း ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း ကို ပင်နယ်တီ အဆုံးအဖြတ် မှာ အရေးနိမ့်ခဲ့ပြီးနောက် တညလုံး သူ ငိုကြွေးခဲ့ကြောင်း Instagram Live တခု မှာ ဖြေကြားခဲ့ပါတယ် ။

ချူကွီဇီ က ” အင်္ဂလန် မှာ ကျွန်တော် အနှစ်သက်ဆုံး အသင်း က ချယ်လ်ဆီး အသင်းပါ ။ ငယ်ငယ် ကတည်းက ကျွန်တော် ဟာ ချယ်လ်ဆီး အသင်း ကို အားပေးလာခဲ့တာပါ ။ ချန်ပီယံလိဂ် ဖိုင်နယ် မှာ မန်ချက်စတာ ယူနိုက်တက် အသင်း ကို ချယ်လ်ဆီး တို့ ရှုံးနိမ့်ခဲ့အပြီး ကျွန်တော် တညလုံး ငိုကြွေးခဲ့ပါတယ် ။ ” လို့ ဖွင့်ဟ လာပါတယ် ။

 

ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းကအင်တာဗျူးတခုမှာအာဆင်နယ်ကွင်းလယ်လူဟောင်း၊လက်ရှိဗီလာရီးရဲလ်ကွင်းလယ်လူဖြစ်တဲ့ဆန်တီကာဇိုလာကသူ့ကိုပရီးမီးယား လိဂ်ကလပ်တချို့ဟာချူကွီဇီနဲ့အခြားဗီလာရီးရဲလ်ကြယ်ပွင့တဦးဖြစ်တဲ့ပေါတောရက်စ် တို့နဲ့ ပတ်သက်ပြီးမေးမြန်းစုံစမ်းမှုတွေရှိခဲ့ကြောင်းအခုလိုပဲပြောဆိုခဲ့ဖူးပါတယ် ။

ကာဇိုလာ က ” ဟုတ်ပါတယ် ။ အထူးသဖြင့် အာဆင်နယ် က သူငယ်ချင်း တွေဟာ ဒီ ကစားသမား တွေရဲ့ အကြောင်း ကိုမေးခဲ့ကြတာပါ။သူတို့တွေဟာပရီးမီးယားလိဂ် ကို ပြောင်းကစားဖို့ ထိုက်တန်တဲ့ ခြေစွမ်း ရှိပြီလား ၊ အလားအလာကောင်းတွေ ရှိပြီလား ဆိုတာ မေးခဲ့ကြပါတယ် ။ “

” ဗီလာရီးရဲလ် က လူငယ် ကြယ်ပွင့် တွေကို ဥရောပ က တခြား ထိပ်သီး ကလပ် တွေက ခေါ်ဖို့ စိတ်ဝင်စားတယ် ဆိုတာ ကောင်းတဲ့ အရာတခုဖြစ်ပါတယ်။ဒါပေမယ့် လောလောဆယ် မှာတော့ သူတို့တွေကိုဗီလာရီးရဲလ်မှာဆက်လက်ကစားစေဖို့တော့ ကျွန်တော် ပြောထားပါတယ် ။ သူတို့မှာ ရှေ့ဆက် တိုးတက်ဖို့ အလားအလာတွေ ရှိနေပါတယ် ။ “

” အရည်အသွေးပိုင်း နဲ့ ကြိုးစားမှု အပိုင်းတွေမှာ သူတို့ဆီက အားရစရာ တွေ တွေ့ထားရပါတယ် ။ ပေါ အတွက် ဆိုရင် မန်စီးတီး ၊ဘာစီလိုနာတို့လိုအသင်းတွေရဲ့ စောင့်ကြည့်ခြင်းကိုတောင်ရရှိနေတာပါ။ဒါပေမယ့်သူ့အနေနဲ့ပိုကောင်းတဲ့ကစားသမား တယောက် ဖြစ်လာဖို့ ကြိုးစားရဦးမယ်ဆိုတာသတိပြုမိဖို့လိုပါတယ်။အနာဂတ် မှာမှဘယ်အသင်းတွေကိုသူတို့အခြေချနိုင်မလဲဆိုတာကျွန်တော်တို့စောင့်ကြည့်ရမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR