ကစားသမား ဘဝ တလျှောက် ရင်ဆိုင်ရ အခက်ခဲဆုံး ကစားသမား က ဘယ်သူလဲ ဆိုတာ ထုတ်ဖော် ပြောဆိုလိုက်တဲ့ #ပါဗက်

ဘိုင်ယန်မြူးနစ် အသင်း ရဲ့ ညာနောက်ခံလူ ဘင်ဂျမင် ပါဗက် ဟာ ၂၀၁၈ ကမ္ဘာ့ ဖလား မှာ ပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူတောက်ပခဲ့တဲ့ကြယ်ပွင့်ကစားသမား တဦးဖြစ်ပါတယ်။ကမ္ဘာ့ဖလားအတွင်းအထူးခြေစွမ်းပြနိုင်ခဲ့တဲ့အတွက်ဘိုင်ယန်မြူးနစ် အသင်း ဟာ ပါဗက် ကို စတုဂတ် အသင်း ကနေ ခေါ်ယူခဲ့တာ ဖြစ်ပါတယ် ။

ခံစစ် မှာ ညာအစွန် နေရာ သာမက ဗဟို ခံစစ် မှာပါ ကစားနိုင်စွမ်း ရှိတဲ့ ပါဗက် ကို ခေါ်ယူနိုင်ခဲ့တာဟာဘိုင်ယန်အတွက်အရမ်းအကျိုးရှိစေတဲ့အပြောင်းအရွှေ့တခုဖြစ်ပါတယ်။ငယ်ငယ်ကတည်းကရီးရဲလ်မက်ဒရစ်အသင်းရဲ့ဂန္တဝင်ကွင်းလယ်လူဇန်နဒင် ဇီဒန်းရဲ့ပရိသတ်ဖြစ်ခဲ့တဲ့ပါဗက်ဟာပြင်သစ်လက်ရွေးစင်အသင်းအတွက်ဇီဒန်းခေတ် နောက်ပိုင်း ပထမဆုံး ကမ္ဘာ့ ဖလား ချန်ပီယံဆု ဆွတ်ခူး စေတဲ့ နေရာ မှာ အဓိက အခန်း ကဏ္ဍ ကနေ ပါဝင်ခဲ့တာ ဖြစ်ပါတယ် ။

SPORT-1 သတင်း ဌာန နဲ့ တွေ့ဆုံခဲ့တဲ့ အမေး အဖြေ ကဏ္ဍ မှာတော့ ပါဗက် က သူ့ရဲ့ ကစားသမား ဘဝ တလျှောက် အခက်ခဲဆုံး ပြိုင်ဖက် အဖြစ် ရီးရဲလ်မက်ဒရစ် အသင်း ရဲ့ ဘယ်လ်ဂျီယမ် လက်ရွေးစင် တောင်ပံ ကစားသမား အီဒင် ဟာဇတ် ကို ရွေးချယ်ခဲ့ပါတယ် ။

ပြင်သစ် လက်ရွေးစင် အသင်း နဲ့ ဘယ်လ်ဂျီယမ် လက်ရွေးစင် အသင်း တို့ဟာ၂၀၁၈ ကမ္ဘာ့ ဖလား ရဲ့ ဆီမီးဖိုင်နယ် အဆင့် မှာ ထိပ်တိုက် ရင်ဆိုင်ခဲ့ရပြီး၊အဲ့ဒီပွဲမှာပြင်သစ် လက်ရွေးစင် အသင်းဟာ၁-၀ရလဒ်နဲ့ခဲရာခဲဆစ်နိုင်ခဲ့ကာ၊ဗိုလ်လုပွဲသို့ရောက်ရှိခဲ့တာ ဖြစ်ပါတယ် ။ အဲ့ဒီပွဲ မှာ ပါဗက် ဟာ ဟာဇတ် ရဲ့တကိုယ်တော် တိုးအား ၊ ရုန်းအား တွေကို အတော် ခက်ခက်ခဲခဲ ထိန်းသိမ်းခဲ့ရပါတယ် ။

ဆက်လက်ပြီး ပါဗက် က ဘိုင်ယန်မြူးနစ် ကို ပြောင်းရွှေ့ နိုင်ခဲ့ခြင်း ဟာ ၎င်းရဲ့ ကစားသမား ဘဝ ကို အကြီးအကျယ် တိုးတက် ပြောင်းလဲ စေတဲ့ အကြောင်း နဲ့ ပတ်သက်ပြီး ” ကျွန်တော် ဟာ ကမ္ဘာ့ ဖလား ချန်ပီယံဆုကိုရရှိခဲ့ပြီး၊ဘိုင်ယန်မြူးနစ် လို လက်ရှိ ကမ္ဘ္တာ့ အကြီးကျယ်ဆုံး ကလပ် အသင်း တွေထဲက တသင်း မှာ ကစား နေရပါတယ်။ဒီအတွက်ကြောင့်လူတွေဟာကျွန်တော့ကိုပိုပြီးသတိထားလာကြပါတယ် ။ “

” တချိန်တည်းမှာပဲ လူတွေဟာ ကျွန်တော့ ရဲ့ နာမည် ကို ကမ္ဘာ့ ဖလားအတွင်းမှာမှ သိကြတာများပါတယ် ။ ဘိုင်ယန် ကို ပြောင်းရွှေ့လာတဲ့ အခါမှာတော့ ကျွန်တော် ဟာ ပိုပြီး လူသိများလာပါတယ် ။ ကျွန်တော် ဟာ လူတွေရဲ့ အနီးကပ် စောင့်ကြည့် စစ်ဆေးခြင်း ကို ခံနေရပါတယ် ။ ဒါပေမယ့် ဒါတွေကို ကျွန်တော် မမှုပါဘူး ။ “

” ကျွန်တော် ဟာ ဆုဖလား များစွာ ဆွတ်ခူးဖို့ အမြဲ အိပ်မက် မက်နေပြီး ၊ အခု အခါမှာ ကမ္ဘာ့ ဖလား ချန်ပီယံဆု ကို ရရှိခဲ့ပါပြီ ။ ဒါဟာ ကစားသမား ဘဝ ရဲ့ အကြီးကျယ်ဆုံး အောင်မြင်မှု ပါ ။ ဒါပေမယ့် ဒီ အောင်မြင်မှု နဲ့တင် ကျွန်တော် ရပ်တန့်သွားမှာ မဟုတ်ပါဘူး ။ ” လို့ ဆိုပါတယ် ။

တဖက်မှာ ပါဗက် က သူ့ရဲ့ ခံစစ်ဇုန် မှာ နေရာ ၂နေရာ အတွက် ကစားပေးနိုင်ခြင်း နဲ့ ပတ်သက်ပြီး ” ကျွန်တော့ အတွက် က ပွဲကစားခွင့် ရရုံနဲ့တင် ပျော်ရွှင်နေပါပြီ ။ ညာနောက်ခံလူ နေရာပဲ ဖြစ်ဖြစ် ၊ ဗဟို ခံစစ်မှူး နေရာ ကပဲ ဖြစ်ဖြစ် ကျွန်တော့ အတွက် ပြဿနာ မရှိပါဘူး ။ ဒါတွေကို ဖယ်ပြီး စဉ်းစားမယ် ဆိုရင် ကျွန်တော် ဟာ ဗဟို ခံစစ် နေရာ မှာ ကစားရတာ ပိုပြီး နှစ်သက်ပါတယ် ။ “

” ခြုံပြောရရင်တော့ ကျွန်တော် ဟာ ခံစစ် ကစားသမား တယောက် အနေနဲ့ ခံစစ်ဇုန် အတွင်းမှာ လိုက်လျောညီထွေ ဖြစ်အောင် ကစားနိုင်တဲ့ သူတယောက် အဖြစ် ကိုယ့်ကိုယ်ကို မြင်ပါတယ် ။ ဒီ အချက် က အရမ်း အရေးကြီးပြီး ၊ အသင်း ရဲ့ နည်းပြ အတွက် ပိုပြီး အထောက်အကူ ပေးတယ် လို့ ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

လက်ရှိမှာ ဘိုင်ယန်မြူးနစ် အသင်း ဟာ ဂျာမန် ဘွန်ဒက်စ်လီဂါ ရဲ့အမှတ်ပေးဇယား ကို အဆင့် ၂ နေရာ က လစ်ပ်ဇစ် ကို ၄မှတ်ဖြတ်ကာ ဦးဆောင် နေပါတယ် ။ အခု ကမ္ဘာ တလွှားမှာ ဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကြောင့် အမှတ်ပေး ပြိုင်ပွဲကိုဒီမှာတင် ရပ်နားခဲ့မယ် ဆိုရင် ဘိုင်ယန်မြူးနစ် ဟာ ၂၀၁၉ – ၂၀၂၀ ရဲ့ ဘွန်ဒက်စ်လီဂါချန်ပီယံ ဖြစ်မှာ ဖြစ်ပါတယ် ။

ဒီလိုသာ အဆုံးသတ်ခဲ့မယ် ဆိုရင် ဖလားမြှောက်တဲ့ အခါမှာလည်း ပရိသတ် မပါပဲ မြှောက်ရဖို့ များနေပြီး ဒါနဲ့ ပတ်သက်ပြီး ပါဗက် က ” ကျွန်တော် တို့ဟာ ပရိသတ် တွေ အရှေ့မှာပဲ အောင်ပွဲခံ အခမ်းအနား ကို ကျင်းပချင်ကြတာပါ။ပရိသတ်တွေဟာ ကျွန်တော်တို့ရဲ့၁၂ယောက်မြောက်ကစားသမားဖြစ်ပြီး၊သူတို့မပါပဲဖလားမြှောက်ရမယ် ဆိုတာ အတော်လေး ထူးဆန်းတဲ့ အရာ ဖြစ်ပါတယ် ။ “

” ဒါပေမယ့် ဘောလုံးပွဲ တွေ ဆက်လက် ယှဉ်ပြိုင် နေဖို့က အရေးကြီးပါတယ် ။ ကျွန်တော် တို့ အားလုံး ဟာ ပြိုင်ဆိုင်မှု ကို လိုလားကြသူတွေ ဖြစ်ပြီး ၊ ရာသီအကုန် မှာ ချန်ပီယံဆု တွေကို ဆွတ်ခူးချင်သူတွေပါ။အကယ်၍လက်ကျန်ပွဲတွေကိုပရိသတ် မပါပကစားရမယ်ဆိုရင်တောင်ကျွန်တော်တို့ဟာဆုဖလားတွေအတွက်အကောင်းဆုံး ကြိုးစား တိုက်ပွဲဝင်သွားမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR