ယူနိုက်တက် အသင်းဟာ ဘယ်လို ကစားသမားမျိုးကို လွမ်းဆွတ် နေခဲ့သလဲ ဆိုတာ ထုတ်ဖော် ပြောကြားလိုက်တဲ့ ပေါလ် စခိုးလ်

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ် ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ ပေါလ် စခိုးလ် က လက်ရှိ အသင်း ရဲ့ ကွင်းလယ် ကစားသမားသစ် ဘရူနို ဖာနန်ဒက်စ် ရဲ့ အရည်အသွေး တွေကို ပေါ်တူဂီ လက်ရွေးစင် ဆီမှာ လိုအပ် နေတဲ့ ခေါင်းဆောင် အရည်အသွေး ရှိနေတယ် လို့ ဆိုသွား ခဲ့လိုက် ပါတယ် ။

ဘရူနို ဖာနန်ဒက်စ် ဟာ ပြီးခဲ့တဲ့ နွေ အပြောင်းအရွှေ့ တုန်းက စပို့တင်း လစ္စဘွန်း အသင်းမှ မန်ချက်စတာ ယူနိုက်တက် အသင်း ဆီကို ပေါင် 67.8 သန်းနဲ့ ပြောင်းရွှေ့ လာခဲ့ပြီး အထူး ခြေစွမ်းကောင်း တွေကို ပွဲဆက် ပြသ နေခဲ့တဲ့ အတွက် ချီးကျူးမှု တွေကို အထူး ခံခဲ့ရ ပါတယ် ။

ဘရူနို ဟာ ယူနိုက်တက် အတွက် ပထမဆုံး ပါဝင် ကစားပေး ခဲ့တဲ့ ဘောလုံး ရာသီ မှာပဲ ပရီးမီးယား လိဂ်ရဲ့ တစ်လတာ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ သလို အသင်း ရဲ့ တစ်လတာ အ ကောင်းဆုံး ကစားသမား လည်း ဖြစ်ခဲ့ ပါတယ် ။ ဒါ့ကြောင့် သူဟာ ပြောင်းရွှေ့ကြေး နဲ့ ထိုက်တန် လွန်းသူ ဖြစ်ကြောင်း လည်း ချီးကျူး ခံခဲ့ ရပါ သေးတယ် ။

အခုတော့ BBC Radio 5 Live ရဲ့ အင်တာဗျူး အစီအစဉ်မှာ ပေါလ် စခိုးလ် က ကွင်းလယ် ကစားသမားသစ် ဖြစ်တဲ့ ဘရူနို ဖာနန်ဒက်စ် ရဲ့ ခေါင်းဆောင် နိုင်မှု အရည်အသွေး တွေကို ယူနိုက်တက် ဂန္ဓဝင် အဲရစ် ကန်တိုနာ နဲ့တောင် ခိုင်းနှိုင်း ချီးကျူး သွားခဲ့လိုက် ပါတယ် ။

” သူနဲ့ ပတ်သက်လို့ ကျွန်တော် သတိထား မိခဲ့တဲ့ အရာ တစ်ခုက သူဟာ ဗဟို ကွင်းလယ် ကစားသမား တစ်ဦး နဲ့ မတူတာ ပါပဲ ။ သူ့ကို သာမန် အတိုင်း ကြည့်ရှု လိုက်မယ် ဆိုရင်တောင် သူက ကွင်းလယ် နဲ့ တိုက်စစ် အကြား မှာ ကစား တဲ့သူ တစ်ဦး ဖြစ်တယ် ဆိုတာကို သိရှိ နိုင်ပါတယ် ”

” သူဟာ နံပါတ် 10 ကစားသမား တစ်ဦး နဲ့ ပိုပြီး ဆင်တူ လှ ပါတယ် ။ သူဟာ ဘောလုံး ကိုင် ကစားတာ ကောင်းမွန် လှ ပါတယ် ။ သူဟာ ယူနိုက်တက် မှာ လိုအပ် နေတဲ့ ချိတ်ဆက် ကစားမှု တွေကို ကောင်းကောင်း လုပ်ဆောင် ပေးနိုင် ပါတယ် ။ ယူနိုက်တက် မှာ တိုက်စစ် နဲ့ ကွင်းလယ်ကို ချိတ်ဆက် ကစားပေး နိုင်မယ့် ကစားသမား ကင်းမဲ့ နေခဲ့ ပါတယ် ”

” သူ့ဆီ မှာ တစ်ကယ့် ကို စစ်မှန် လှတဲ့ အရည်အသွေး ကောင်းတွေ ရှိနေ ပါတယ် ။ သူဟာ အသင်းဖော် တွေ ဆီကို ဘောလုံး ကောင်းကောင်း ထိုးပေး နိုင်သလို ကိုယ်တိုင် သေသပ်တဲ့ ဂိုးပေါက် ကန်သွင်းမှု တွေကို လည်း လုပ်ဆောင် ပေးနိုင် ပါတယ် ” လို့ ပေါလ် စခိုးလ် က ချီးကျူး သွားခဲ့ လိုက် ပါတယ် ။

အဲ့ဒီနောက် ပေါလ် စခိုးလ် က ဘရူနို ဖာနန်ဒက်စ် ရဲ့ ခေါင်းဆောင် နိုင်မှု အရည်အသွေး ကို ချီးကျူး သွားခဲ့ လိုက်ပြီး အဲ့တာက ယူနိုက်တက် အသင်းဖော် တွေကို ပိုပြီး တိုးတက် ပြောင်းလဲ စေနိုင် ခဲ့ကြောင်း ၊ သူဟာ ကန်တိုနာ လို ယူနိုက်တက် အတွက် အကျိုး သက်ရောက်မှု ပေးစွမ်း နိုင်သူ ဖြစ်ကြောင်း ထုတ်ဖော် ချီးကျူး သွားခဲ့လိုက် ပါတယ် ။

” သူဟာ ခေါင်းဆောင် တစ်ဦး နဲ့ ပိုပြီး ဆင်တူလှ ပါတယ် ။ ဒါဟာ ယူနိုက်တက် အသင်း မှာ ကင်းမဲ့ နေတာ ကြာခဲ့ ပါပြီ ။ သူဟာ ကွင်းလယ် အတွင်း ကစားသမား နှစ်ဦးထဲ ပါဝင် ကြမယ့် ကစားကွက် မှာ ပါဝင် ကစားနိုင် မလား ဆိုတာ ကျွန်တော် တို့လဲ မသိ ကြသေး ပါဘူး ”

” သူဟာ out to out နံပါတ် 10 ကစားသမား နဲ့ ပိုပြီး ဆင်တူလှ ပါတယ် ။ သူဟာ တစ်ကယ်တော့ အဲရစ် ကန်တိုနာ ၊ ဒွိုက်ယော့ခ် ၊ တက်ဒီ ရှရင်ဂမ် တို့လို ကစားပုံ မျိုးနဲ့ ပိုပြီး ဆင်တူလှ ပါတယ် ။ ဒါပေမယ့် သူဟာ ပြိုင်ဖက် ကစားသမား တွေကို ကျော်ဖြတ် ဒုက္ခ ပေးနိုင်ပါ သေးတယ် ”

” သူဟာ လျင်မြန် သလို အရည်အသွေး တွေလည်း ပြည့်ဝ ပါတယ် ။ ပြီးတော့ သူဟာ ဂိုးပေါက် ကိုလည်း ကန်သွင်းရဲသူ တစ်ဦး ပါပဲ။ ဒီလို ခေါင်းဆောင် အရည်အသွေး ရှိတဲ့ ကစားသမား တစ်ဦး ကို ယူနိုက်တက် အသင်း က လွမ်ဆွတ် နေတာ ကြာခဲ့ ပါပြီ ” လို့ ပေါလ် စခိုးလ် က ချီးကျူး စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

#Sports_Myanmar