နံနက်ခင်း အားကစား သတင်းများ

လီဗာပူး အသင်းရဲ့ ဂန္ထဝင် ကစား သမားကြီး ဆာ ကင်နီ ဒဲဂလစ်ရှ် ဟာ အဆုပ်ရောင် ရောဂါ လက္ခဏာတွေ တွေ့ ရှိရတာ ကြောင့် ဆေးရုံ တက်ရောက် ကုသမှု ခံယူ နေတယ်လို့ ကြားသိရ ပါတယ် ။

နောဝှစ်ချ် စီးတီး အသင်း ကတော့ လူဇင်ဘော့ အသင်း ကစား သမား ဒါနယ် ဆီနာနီ ကို ကစား သမား အလဲ အထပ် နဲ့ ခေါ်ယူ ဖို့ ပြင်ဆင် နေတယ် လို့ ကြားသိရ ပါတယ် ။

လိဂ် မန်နေဂျာ အဖွဲ့အစည်း အကြီးအကဲ ရစ်ချတ် ဘီဗန် က ပရီးမီးယားလိဂ် မှာ ရှိတဲ့ ကစား သမား အားလုံး ကို အဆုပ်ရောင် ရောဂါ နဲ့ ပတ်သက်လို့ စစ်ဆေးမှု မပြီးဆုံး မချင်း ပြိုင်ပွဲ ကို ပြန်လည် စတင်လို့ မဖြစ် ပါဘူး လို့ ပြောဆို အကြံပြု သွားခဲ့ ပါတယ် ။

ဆဲလ်တစ် အသင်း နည်းပြ နဲ့ ကစား သမားတွေ ဟာ လုပ်ခ လစာ လျော့ယူပြီး ကျန်းမာရေး ဝန်ထမ်းတွေ ကို ကူညီ ပေးသွားမယ် လို့ သိရ ပါတယ် ။

FIFA ဥက္ကဌ အင်ဖန်တီနို ကတော့ ဘောလုံး ပွဲတွေ ပြန်စဖို့ ဟာ မျှော်မှန်း ထားတာ ထက် အနည်းငယ် နောက်ဆုတ် ရနိုင်ချေ ရှိပြီး ဒါဟာ အလုံးစုံ ပြန်လည် ကောင်းမွန် လာရေး ကို အထောက် အကူ ပြုနိုင် သလို စွန့်စားရချေ လည်း နည်းပါး လိမ့်မယ် လို့ ဆိုသွားခဲ့ ပါတယ် ။

RB လိုက်ပ်ဇစ် အကြီး အကဲ ကတော့ သူတို့ရဲ့ တိုက်စစ်မှုး တီမိုဝါနာ ဟာ ဘယ်ကို မှ ထွက်သွား မှာ မဟုတ်ဘူး လို့ ယုံကြည် ထားတာကြောင့် စိတ်ပူပင် မိခြင်း မရှိဘူးလို့ ပြောဆို သွားခဲ့ ပါတယ် ။

လေဗာကူဆင် ကွင်းလယ် ကြယ်ပွင့်လေး ကိုင် ဟာဗက် ကတော့ အခြား ဥရောပ အသင်းတွေ ထက် ဘိုင်ယန်မြုးနစ် မှာ သွားရောက် ကစားဖို့ ကို ပိုမို စိတ်ဝင်စား နေခဲ့တယ် လို့ ကြားသိရ ပါတယ် ။

လက်စတာ စီးတီး အသင်းဟာ သူတို့ရဲ့ ဝန်ထမ်းတွေ ကို လစာမဲ့ခွင့်ပေးမှုမျိုး ပြုလုပ်မှာ မဟုတ်ဘဲ လက်ရှိ ကပ်ဘေး ကာလအတွင်းမှာ လစာအပြည့် ခံစားစေမယ်လို့ သိရ ပါတယ် ။

ဘိုင်ယန် တောင်ပံ ကစား သမားလေး ကင်းစလေ ကိုးမန်း ကတော့ အသင်း ပြောင်းရွှေ့ နိုင် မလား ဆိုတဲ့ မေးခွန်း ကို ငြင်းဆန်သွား ခြင်း မရှိခဲ့ ပါဘူး ။

ရီးရဲ မက်ဒရစ် ဟာ တော့တင်ဟမ် ဟော့စပါး တိုက်စစ်မှုး ဟယ်ရီကိန်း ကို သေချာ စောင့်ကြည့် လေ့လာ နေတယ်လို့ လည်း သတင်း ကြားသိရ ပါတယ် ။

အီတလီ နိုင်ငံ ရဲ့ ဝန်ကြီးချုပ် ဂျူဆက်ပီ ကွန်တီ က နိုင်ငံ အတွင်း ဝင်ရောက် ထွက်ခွာခွင့် ပိတ်ပင်ထားမှု ကို လာမယ့် မေလ ၃ ရက်နေ့ အထိ ပြုလုပ် သွားဖို့ ရှိတယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။

စပါး အပါ အဝင် ပရီးမီးယားလိဂ် ကလပ်တွေ စိတ်ဝင်စားနေတဲ့ ကွန်ဒေါ့ဘီယာ ကို ဗလင်စီယာ အသင်း က ပေါင် ၂၆ သန်း ရရှိ ပါက ရောင်းထုတ် ဖို့ စဉ်းစား သွားဖွယ် ရှိတယ် လို့ သိရ ပါတယ် ။

ချဲလ်ဆီး နည်းပြ လမ်းပတ် ဟာ အသင်း ကို ဗြိတိန် ကစား သမားတွေ ဗဟိုပြု တည်ဆောက် သွားဖို့ ရှိနေတာ ကြောင့် ကွင်းလယ်လူ အန်ဂိုလို ကန်တီ ကို ရောင်းထုတ် သွားနိုင်ချေ ရှိတယ် လို့ သတင်းထွက်ပေါ် လာခဲ့ ပြီး ရီးရဲ မက်ဒရစ် နဲ့ PSG တို့ က ဒီ သတင်း ကို စောင့်ကြည့် နေတယ် လို့ ကြားသိရ ပါတယ် ။

ဘိုင်ယန် အကြီးအကဲ ရူမင်နစ်ဂီ က သူတို့ ဟာ မန်စီးတီး တောင်ပံ ကစား သမား ဆာနေး ကို ယူရို သန်း ၅၀ လောက် နဲ့ ရမှသာ ခေါ်ယူ ဖို့ စဉ်းစားမယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။

SPORTS MYANMAR