ကစားသမား 5 ဦး အထိ ရောင်းချသွားဖို့ ရှိနေတဲ့ ဆိုးလ်ရှား ( MEN )

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှား က အသင်း ကို တစ်ဖန် ပြန်လည် တည်ဆောက် နိုင်ရေး အတွက် စီမံကိန်း ရေးဆွဲ နေပြီး ဒီအတွက် အသင်း မှာ အံမဝင် နိုင်တဲ့ ကစားသမား 5 ဦး အထိ ကို ရောင်းချ သွားဖို့ ရှိနေကြောင်း မန်ချက်စတာ ညနေခင်း သတင်း မှ ဖော်ပြ ခဲ့လိုက် ပါတယ် ။

ထွက်ပေါ် လာတဲ့ သတင်း တွေ အရ ဆိုးလ်ရှား ရောင်းချ လိုတဲ့ ကစားသမား တွေက နောက်ခံလူ ဖီးလ် ဂျုံးစ် နဲ့ ခရစ် စမောလင်း ၊ ကွင်းလယ်လူ ဂျက်စီ လင်ဂတ် နဲ့ အန်ဒရိစ် ပါရဲရား ၊ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ အလက်ဆစ် ဆန်းချက် တို့ပဲ ဖြစ်ကြ ပါတယ် ။

ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ဟာ အသင်း အတွက် လိုအပ်ချက် ရှိနေတဲ့ နေရာ တွေကို လာမယ့် အပြောင်းအရွှေ့ မှာ အင်အား ဖြည့်တင်း နိုင်ဖို့ အတွက် ဆန္ဒ ရှိနေ သူပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် ကစားသမားသစ် တွေကို ခေါ်ယူ နိုင်ရေး အတွက် လက်ရှိ အသင်း မှ ကစားသမား တွေကို ရောင်းထုတ် နိုင်ဖို့ အရင်ဆုံး လုပ်ဆောင် ရပါ လိမ့်မယ် ။

ဖီးလ် ဂျံုးစ် ဟာ လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကစားသမား တွေ အနက် ဝါ အရင့်ဆုံး ကစားသမား တစ်ဦး ပဲ ဖြစ်ပါတယ် ။ 2013 ခုနှစ် တုန်းက ယူနိုက်တက် ဂန္ဓဝင် နည်းပြကြီး ဆာ အဲလက်စ် ဖာဂူဆန် ဟာ ဖီးလ် ဂျံုးစ် ကို ခေါ်ယူ ခဲ့ပြီး ခမ်းနားတဲ့ ကစားသမား ကောင်း တစ်ဦး ဖြစ်နိုင် လိမ့်မယ် လို့ ထင်ကြေး ပေးခဲ့ ပါသေးတယ် ။

ဖီးလ် ဂျံုးစ်ဟာ ကွင်းထဲ အသင်း အတွက် စွမ်းနိုင် သမျှ ပေးဆပ် ကစားသူ တစ်ဦး ဖြစ်တဲ့ အတွက် ဆာ အဲလက်စ် ဟာ ဒီလို ကစားသမား မျိုးကို နှစ်ခြိုက် ခဲ့တာပဲ ဖြစ်ခဲ့ ပါတယ် ။ ဒါပေမယ့် ဂျံုးစ် ဟာ ကွင်းထဲ မကြာခန ဆိုသလို အမှားတွေ ကျူးလွန် ခဲ့တဲ့ အတွက် ပရိသတ် တွေရဲ့ ဝေဖန် ထိုးနှက်မှု တွေကို အမြဲလို ရရှိခဲ့ ပါတယ် ။

ဒါ့အပြင် သူဟာ ဒီ ရာသီ အတွင်း ပရီးမီးယား လိဂ် ပြိုင်ပွဲ မှာ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် 2 ပွဲသာ ကစားခွင့် ရရှိ ထားခဲ့ ပါသေးတယ် ။ ဒါ့ကြောင့် ယူနိုက်တက် အတွက် လုံလောက်စွာ အကျိုး မပြုနိုင် ခဲ့တဲ့ အပြင် ဒဏ်ရာ ပြသနာတွေ အကြား မကြာခန ရုန်းကန် နေခဲ့ ရတဲ့ ဂျံုးစ် ဟာ ဆိုးလ်ရှား ရဲ့ အရောင်း စာရင်း မှာ ပါဝင် လာခဲ့ တာပဲ ဖြစ်ပါတယ် ။

ကွင်းလယ် တိုက်စစ် ကစားသမား တစ်ဦး ရဲ အဓိက တာဝန် တစ်ရပ် က အသင်း အတွက် ဂိုးတွေ သွင်းယူ ပေးဖို့ ၊ ဖန်တီး နိုင်ဖို့ ပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် နံပါတ် 10 အဖြစ် ကစား နေတဲ့ ဂျက်စီ လင်ဂတ် ဟာ အခွင့်အရေး ရရှိခဲ့ ပေမယ့် အသင်း အတွက် ပုံစံကောင်း မပြ နိုင်တာ တစ်နှစ်ကျော် ရှိခဲ့ ပါပြီ ။ ဒါ့ကြောင့် ပရိသတ် တွေ မလိိုလား တော့တဲ့ လင်ဂတ် ဟာလည်း ဆိုးလ်ရှား ရဲ့ အရောင်း စာရင်း ထဲ ပါဝင် လာခဲ့ ပါတယ် ။

လင်ဂတ် နဲ့ ပုံစံ တူတဲ့ နောက်ထပ် ကစားသမား တစ်ဦး ကတော့ ကွင်းလယ်လူ အန်ဒရိစ် ပါရဲရား ပါပဲ ။ သူဟာ ဒီ ရာသီ အတွင်း ယူနိုက်တက် အသင်း အတွက် ပြိုင်ပွဲစုံ 37 ကြိမ် အထိ ပါဝင် ကစား ပေးခွင့် ပိုင်ဆိုင် နိုင်ခဲ့ ပေမယ့် စွမ်းဆောင်ရည် ကတော့ အားရ စရာ မရှိခဲ့ ပါဘူး ။ ပွဲထွက်ခွင့် တွေ ရရှိ သလောက် အသုံး မချနိုင်တဲ့ ပါရဲရား ဟာလည်း ဝေဖန်မှု တွေအောက် ကျရောက် နေပြီး ရောင်းထုတ် ခံရ နိုင်ဖွယ် ရှိနေ ပါတယ် ။

ယူနိုက်တက် အသင်း ရဲ့ ဗဟို ခံစစ် ကစားသမား ဖြစ်သူ ခရစ် စမောလင်း ဟာ လက်ရှိ ဘောလုံး ရာသီ အတွင်း ရိုးမား အသင်းမှာ အငှား သွားရောက် ကစား နေပြီး ပုံစံ ကောင်းတွေ ပြသနိုင်ခဲ့ ပါတယ် ။ ဒါ့ကြောင့် ရိုးမား အသင်း က အင်္ဂလန် လက်ရွေးစင် ဟောင်းကို အပြီးသတ် ခေါ်ယူလို နေပြီး ယူနိုက်တက် အသင်း ကလည်း ရောင်းချ သွားဖို့ ရှိနေ ပါတယ် ။ ဒါပေမယ့် ပြောင်းရွှေ့ကြေးပိုင်း ဆိုင်ရာ ကတော့ ညှိနှိုင်းသွားဖို့ လိုအပ် နေသေးဆဲ ပါပဲ ။

လာမယ့် ဇွန်လ မှာ အင်တာ မီလန် အသင်း နဲ့ အငှား စာချုပ် သက်တမ်း ကုန်ဆုံး သွားဖို့ ရှိနေတဲ့ အလက်ဆစ် ဆန်းချက် အတွက် ယူနိုက်တက် တို့ ခေါင်းခဲ ရပါ လိမ့်မယ် ။ လက်ရှိ အချိန် မှာ ဒဏ်ရာ ပြသနာ တွေ အကြား ရုန်းကန် နေတဲ့ သူ့ကို အပြီးသတ် ခေါ်ယူဖို့ အင်တာ မီလန် အသင်း ကလည်း စိတ်ဝင်စားမှု သိပ် မရှိ ပါဘူူး ။ ဒါ့အပြင် ကစားသမား ဖြစ်သူ ရဲ့ လစာ ဟာ မြင့်မား လွန်းတဲ့ အတွက် သူ့ကို ခေါ်ယူဖို့ စွန့်စားမှု လုပ်ဆောင် နိုင်မယ့် အသင်း ကို ရှာဖွေဖို့ ထင်သလောက် မလွယ်ကူ ပါဘူး ။

#Sports_Myanmar