အာဆင်နယ် အတွက် လိုအပ်လာရင် ၂၀၀၃ ခုနှစ် အိုးထရက်ဖိုဒ့် ရန်ပွဲလိုမျိုး ထပ်ဆင်နွှဲဦးမယ်လို့ ဆိုတဲ့ လော်ရန်

အာဆင်နယ် နောက်ခံလူဟောင်း လော်ရန် က အသင်းအတွက် လိုအပ်လာပါက ၂၀၀၃ ခုနှစ်တုန်းက အိုးထရက်ဖိုဒ့် မှာ ဖြစ်ပျက်ခဲ့တဲ့ ရန်ပွဲလိုမျိုး ထပ်မံ ဆင်နွှဲ သွားမှာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

၂၀ ရာစု အစောပိုင်း ကာလမှာ အာဆင်နယ် အသင်း နဲ့ မန်ယူနိုက်တက် အသင်းဟာ ခါးသီးလှတဲ့ ပြိုင် ဘက် တွေ ဖြစ်ခဲ့ကြပြီး ထိပ်တိုက် တွေ့ဆုံတိုင်း ပရိသတ် တွေကြားမှာကော ၊ ကစားသမားတွေကြားမှာပါ ပြိုင်ဆိုင်မှု ပြင်းထန်လေ့ရှိတဲ့ အ သင်းတွေပါ ။

၂၀၀၃ ခုနှစ်တုန်းက အိုးထရက်ဖိုဒ့်မှာ ကစားခဲ့တဲ့ မန်ယူနိုက်တက် နဲ့ အာဆင်နယ် တို့ကြားက ရန်ပွဲဟာ ‘ Battle Of Old Trafford ‘ လို့တောင် နောက်ပိုင်းမှာ နာမည်တွင်ခဲ့တဲ့ ပွဲပါ ။ အဆိုပါရန်ပွဲမှာ အာဆင်နယ် အသင်းခေါင်းဆောင် ဗီအဲရာ တစ်ယောက် နှစ်ဝါ တစ်နီ နဲ့ ထုတ်ပယ် ခံလိုက်ရတဲ့ အချိန်ကနေ အစပြုခဲ့တာပါ ။

မန်ယူနိုက်တက် တိုက်စစ်မှူး နစ္စတယ်ရွိုင်း ဟာ ဗီအဲရာ ကို ဥပဒေပ ကစားခဲ့တာကြောင့် ပြင်သစ်သားကြီးဟာ နစ္စတယ်ရွိုင်း ကို ခြေထောက်နဲ့ ပြန်တုန့်ပြန်ခဲ့ပြီး(မထိခဲ့ပေမယ့်) ၊ ဒိုင်လူကြီး စတိဗ်ဘားနက် ဟာ ဗီအဲရာ ကို နှစ်​ဝါ တစ်နီ နဲ့ ထုတ်ပယ် လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ တစ်ယောက်လျော့နဲ့ ကစားခဲ့ရ​ပေမယ့် ဂိုးမရှိ သရေရလဒ်ကို ဆက်လ​က် ထိန်းသိမ်း နိုင်ခဲဲ့ပြီး ၊ ပွဲပြီးခါနီးမှာတော့ မာတင်ကီယွန် တစ်ယောက် ဂိုးဧရိယာထဲမှာ ဖော်လန်ကို ပြစ်ဒဏ် ကျူးလွန် ခဲ့တာကြောင့် မန်ယူနိုက်တက် တို့ ပင်နယ်တီ ကန်ခွင့် ရခဲ့ပါတယ် ။

အဆိုပါ ပင်နယ်တီကို နစ္စတယ်ရွိုင်း ကန်သွင်းရာမှာ ဂိုးဘားတန်း ထိထွက် သွားခဲ့တာကြောင့် အာဆင်နယ် တို့ ရှုံးပွဲ ကြုံတွေ့ရမယ့် အရေးကနေ လွတ်မြောက် သွားခဲ့ပြီး နောင်တစ်ချိန်မှာ သမိုင်းတွင်မယ့် တစ်ရာသီလုံး ရှုံးပွဲ မရှိ စံချိန်နဲ့ ပရီးမီးယားလိဂ် ဖလားကို ကိုင်မြှောက် နိုင်ခဲ့ပါတယ် ။

နစ္စတယ်ရွိုင်း ပင်နယ်တီ လွဲချော် အပြီးမှာ အာဆင်နယ် ကစားသမားတွေဟာ ဝိုင်းဝန်း လှောင်ပြောင် အော်ဟစ် ခဲ့ကြပြီး ၊ နောက်ပိုင်းမှာတော့ အက်ဖ်အေ ဟာ အာဆင်နယ် ကစားသမား ငါးဦး နဲ့ မန်ယူနိုက်တက် ကစားသမား ၂ ဦးကို ဒဏ်ငွေ ပေးဆောင် စေခဲ့ပါတယ် ။

အဆိုပါ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး လော်ရန် က Handbrake off Prodcast အစီအစဉ်မှာ “လူတွေက ဒီအကြောင်းနဲ့ ပတ်သက်ပြီး ‘ အဲ့လို ထပ်လုပ်ဦးမှာလား’ လို့ ကျနော့်ကို ကြိမ်ဖန် များစွာ မေးကြပါတယ် ၊ ကျနော် ကလည်း အမြဲတမ်း အဖြေ တစ်ခုပဲ ဖြေပါတယ် ၊ ဒီလိုမျိုး ထပ်လုပ်ဖို့ ၁၂၀ ရာခိုင်နှုန်း အထိ သေချာတယ် ဆိုတာပါပဲ ။ ”

” ဒဏ်ကြေး ၄ သောင်း တပ်ခံရတဲ့ အပေါ် ကျနော်ကတော့ ဘယ်လိုမှ စိတ်ထဲ မရှိပါဘူး ၊ ကျနော် ဂရုလည်း မစိုက်ပါဘူး ။ ကျနော် ချစ်တဲ့သူတွေ အတွက် ၊ အဝတ်လဲခန်း အတွင်းမှာ ကျနော်နဲ့ အတူ ရှိနေကြတဲ့သူတွေ အတွက် ကာကွယ် ပေးခဲ့တာပါ ။ ”

” ကျနော် အမြဲတမ်း ပြောလေ့ ရှိပါတယ် ၊ အာဆင်နယ် ကို ပြောင်းရွှေ့လာတော့ ကိုယ့်မိသားစုဝင်တွေလို ခံစား ရပါတယ် ၊ ကျွန်တော်တို့က တကယ် ထိပ်တန်း အစုအဖွဲ့ကို ပိုင်ဆိုင် ခဲ့တာပါ ၊ကျွန်တော်တို့ က တစ်ယောက်နဲ့ တစ်ယောက် ကွင်းထဲမှာကော ကွင်းပြင်ပမှာကော ဂရုစိုက်ကြပါတယ် ။ ”

” အာဆင်နယ် ကို ကျနော့် မိသားစုလို သဘောထားသလို ဒီမိသားစုကို ကာကွယ်ဖို့ ပျနော် ဘာမဆို လုပ်မှာပါပဲ ၊ ဒီကိစ္စမှာက ယူနိုက်တက် အသင်း အိမ်ကွင်းမှာ သွားကစားခဲ့ရတာပါ ၊ အသင်းအတွက် လိုအပ်လာရင် ဒီလို ရန်ပွဲမျိုး နှစ်တိုင်း ဆင်နွှဲ ပေးနိုင်တယ်လို့ ထင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR