ကစားသမား ခေါ်ယူ အင်အား ဖြည့်တင်းရေးနဲ့ ပတ်သက်လို့ ဆာ အဲလက်စ် ရဲ့ အတုယူဖွယ် နည်းလမ်း 3 ခု ၊ မဟာ ဗျူးဟာ တွေကို ပြောပြလိုက်တဲ့ ဂယ်ရီ နဗီးလ်

မန်ချက်စတာ ယူနိုက်တက် အသင်း မှာ ဂန္ဓဝင် နည်းပြ ဖြစ်သူ ဆာ အဲလက်စ် ဖာဂူဆန် အောင်မြင် ခဲ့ ရတဲ့ အကြောင်း အရင်း တစ်ခုကို ပြောကြား ရမယ် ဆိုရင် အပြောင်းအရွှေ့ ဈေးကွက် တွေမှာ အောင်မြင်တဲ့ ကစားသမား ခေါ်ယူမှု တွေကို လုပ်ဆောင် နိုင်ခဲ့တာ တစ်ခု အပါအဝင် ဖြစ်ခဲ့ရ ပါတယ် ။

အခုတော့ ယူနိုက်တက် အသင်း ရဲ့ ဂန္ဓဝင် ကစားသမားဟောင်း ဖြစ်သူ ဂယ်ရီ နဗီးလ် က ဆရာဟောင်း ဖြစ်သူ ဟာ ယူနိုက်တက် နည်းပြ သက်တမ်း 27 နှစ် အချိန် အတွင်း မှာ အပြောင်းအရွှေ့ ဈေးကွက် အတွင်း ကစားသမား အဝင်အထွက် နဲ့ ပတ်သက်လို့ အပိုင်း 3 ပိုင်း ခွဲပြီး စေ့စေ့စပ်စပ် အလုပ် လုပ်ဆောင် နိုင်ခဲ့ခြင်း က အောင်မြင်မှု တွေကို ရရှိ စေခဲ့ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ဆာ အဲလက်စ် ဟာ အပြောင်းအရွှေ့ နဲ့ ပတ်သက်လို့ အပိုင်း 3 ပိုင်း ခွဲပြီး အလုပ် လုပ်ဆောင် ခဲ့ ပါတယ် ။ သူဟာ ဖြစ်နိုင်ခြေ ရှိတဲ့ အခါ တိုင်းမှာ အသင်း ရဲ့ လူငယ် ကစားသမား တွေကို နေရာ ပေးခဲ့ ပါတယ် ။ ဒါ့ဟာ အပြောင်း အရွှေ့ ဈေးကွက် ကို အရင်ဆုံး မဝင်ရောက်ခင် မှာ သူရဲ့ နံပါတ် တစ် ဦးစားပေး အဖြစ် လုပ်ဆောင် ခဲ့တဲ့ အရာ ပါပဲ ”

” နံပါတ် နှစ် ကတော့ သူဟာ ပရီးမီးယား လိဂ် ပြိုင်ပွဲ မှ အကောင်းဆုံး ကစားသမား တွေကို ထဲကို လေ့လာ ကြည့်ရှု ခြင်း ပါပဲ ။ သူ အဲ့ဒီ လို စောင့်ကြည့် တဲ့ အခါ မှာ အဲ့ဒီ ကစားသမား က ယုံကြည် စိတ်ချ ဖွယ်ရာ ကောင်းဖို့ လိုအပ် သလို ရှေ့ဆက် တိုးတက် ကောင်းမွန် လာနိုင် ဖို့ ၊ အသင်း အတွက် ရေရှည် ကစားပေး နိုင်ဖို့ လည်း လိုအပ် ခဲ့ ပါတယ် ။ ဥပမာ တစ်ခု အနေ နဲ့ ပြောကြား ရမယ် ဆိုရင် ဂယ်ရီ ပေါ်လစ္စတာ ၊ စတိဗ် ဘရုစ် ၊ ဝိန်း ရွန်းနီ ၊ ရီယို ဖာဒီနန် တို့လို ကစားသမား တွေပေါ့ ဗျာ ”

” ပြီးတော့ နံပါတ် သုံးက သူဟာ နိုင်ငံခြား မှ အလားအလာ ကောင်းမွန် နိုင်မယ့် ကစားသမား တွေကို ယူနိုက်တက် ဆီကို ခေါ်ယူ ၊ အလုပ် တွေ အတူ လုပ်ဆောင်ရင်း နဲ့ ပိုမို တိုးတက် ကောင်းမွန် လာနိုင် အောင် ပြောင်းလဲ ပေးခြင်း ပါပဲ ။ ဥပမာ ပေးရမယ် ဆိုရင် နီမန်ဂျာ မာတစ် ၊ ပီတာ ရှမိုက်ကယ် ၊ ပတ်ထရစ် အီဗရာ ၊ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ အိုလီ ဂန်နား ဆိုးလ်ရှား တို့ ပါပဲ ”

” သူဟာ ကမ္ဘာ ပေါ်မှာ တစ်ကယ့် ကို ပြီး ပြည့်စုံ လာနိုင်မယ့် ကစားသမား တွေကို လည်း စွန့်စား ဝယ်ယူ တက်လေ့ ရှိခဲ့ ပါတယ် ။ အဲ့တာ ကို ဥပမာ ပေးရမယ် ဆိုရင် လက်ရှိ မန်စီးတီး အသင်း မှာ ပက် ဂွာဒီယိုလာ လုပ်ဆောင် နေတဲ့ နည်း စနစ် မျိုးနဲ့ အနည်းငယ် ဆင်တူ လှ ပါတယ် ”

” ကစားသမား ရောင်းထုတ် တက်တဲ့ အပိုင်း မှာ ဆိုရင် ဆာ အဲလက်စ် က အသင်း အတွက် လုံလောက်စွာ ကောင်းမွန် နိုင်ခြင်း မရှိတဲ့ ကစားသမား တွေ ၊ သူ့ရဲ့ ထိန်ချုပ် မှု အောက်မှ ရုန်းထွက် လိုတဲ့ ကစားသမား တွေ ၊ အသင်း အတွက် အကောင်းဆုံး ပေးဆပ် ကစား လိုခြင်း မရှိ ကြတဲ့ ကစားသမား တွေကို ရောင်းထုတ် သွားတက် ပါတယ် ။ ဒီ ကဏ္ဍ မှာတော့ သူဟာ သပ်ညှာ နေတက်သူ တစ်ဦး မဟုတ်ခဲ့ ပါဘူး ”

” ဆာ အဲလက်စ် ရဲ့ အပြောင်းအရွှေ့ ဖြစ်စဉ် တွေက နှေးကွေး တယ်လို့ ဆိုရ ပါ့မယ် ။ သူဟာ ကစားသမား အနည်းငယ် ကိုပဲ ခေါ်ယူ သလို ကစားသမား အနည်းငယ် ကိုပဲ ရောင်းထုတ်လေ့ ရှိတက် ပါတယ် ။ သူဟာ နှစ်စဉ် ကစားသမား တွေကို စိတ်ကြိုက် ခေါ်ယူ တက်သူ မဟုတ်ခဲ့ ပါဘူး ။ ဒီအတွက် အသင်း ဆီကို ရောက်ရှိ လာသူ ဟာ ချက်ချင်း အံမဝင် နိုင်ရင်လည်း ပြသနာ မဖြစ် ခဲ့ရ ပါဘူး ”

” အရာရာ အားလုံး က သူ့ရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေ ခဲ့ရ ပါတယ် ။ သူဟာ လူငယ် ကစားသမား 6 – 7 ဦး ၊ လူလတ်ပိုင်း ကစားသမား 10 ဦး ၊ အသက် 30 ဝန်းကျင် ကစားသမား 3 – 4 ဦး လောက်နဲ့ အသင်း ကို သဟဇာတ ဖြစ်အောင် လုပ်ဆောင် ခဲ့ ပါတယ် ။ သူဟာ အသင်း မှာ ရှိနေ ကြတဲ့ ကစားသမား တွေနဲ့ အတူ တည်ငြိမ်မှု တစ်ခု ရရှိ နိုင်အောင် ဦးစားပေး လုပ်ဆောင် နိုင်ခဲ့ ပါတယ် ” လို့ ဂယ်ရီ နဗီးလ် က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar