BREAKING NEWS : လာမယ့် ရာသီအတွက် ပရီးမီးယားလိဂ် က ချန်ပီယံလိဂ် ဝင်ခွင့်ရ အသင်းတွေကို ကြေညာလိုက်ပြီ

အင်္ဂလန် ပရီးမီးယားလိဂ် အဖွဲ့ချုပ် ဟာ လာမယ့် ၂၀၂၀ – ၂၀၂၁ ဘောလုံး ရာသီ ရဲ့ ဥရောပ ချန်ပီယံ လိဂ် ပြိုင်ပွဲ ကို ဝင်ရောက် ယှဉ်ပြိုင် ခွင့် ရမယ့် အသင်းတွေ ကို ထုတ်ပြန် ကြေညာလိုက် ပြီဖြစ် ပါတယ် ။ လက်ရှိ မှာ ပရီးမီးယားလိဂ် ဟာ ရပ်နား ထားရ ပေမယ့် ရှေ့ဆက် လုပ်ဆောင် စရာ ရှိတဲ့ ကိစ္စ တွေ ကို ဗီဒီယို ကွန်ဖရင့် တွေ နဲ့ ဆွေးနွေး တိုင်ပင် နေခဲ့ ကြတာ ဖြစ်ပြီး ယနေ့ ညနေ ပိုင်း မှာတော့ အဆိုပါ ဆုံးဖြတ်ချက် ကို ချမှတ် လိုက်တာ ပဲ ဖြစ်ပါတယ် ။

ယာဂင် ကလော့ ရဲ့ လီဗာပူး အသင်း ဟာ ဘောလုံး ပြိုင်ပွဲ ကို မရပ်နား ခင် အထိ အမှတ်ပေး ဇယား ရဲ့ အဆင့် ၁ နေရာက နေ ပြတ်ပြတ် သားသား ဦးဆောင် နေပြီး နှစ်ပေါင်း ၃၀ ဝေးကွာ နေတဲ့ ချန်ပီယံ ဖလားကြီး နဲ့ ၆ မှတ် အကွာ ကို ရောက်ရှိ နေပြီဖြစ် ပါတယ် ။

အဆင့် ၂ မှာတော့ မန်ချက်စတာ စီးတီး က ရှိနေပြီး UEFA ရဲ့ ဘဏ္ဍရေး စည်းမျဉ်း ကို ချိုးဖောက် ထားတာ ကြောင့် ချန်ပီယံ လိဂ် ဝင်ခွင့် ၂ နှစ် ပိတ်ခံ ထားရမှု ကို အယူခံ ဝင်လျက် ရှိပါတယ် ။ လက်ရှိ မှာ ဘောလုံး ပြိုင်ပွဲတွေ ရပ်နားထားရတာ ကြောင့် ဂွာဒီယိုလာ အနေနဲ့ လာမယ့် ရာသီ အခြေအနေ ကို မှန်းဆ လို့ မရနိုင် ဖြစ်နေခဲ့ ပါတယ် ။

၂၀၁၅ ခုနှစ် ပရီးမီးယားလိဂ် ချန်ပီယံ လက်စတာ က အဆင့် ၃ နေရာမှာ ၅၃ မှတ် နဲ့ ရပ်တည် နေပြီး ဖရန့် လမ်းပတ် ရဲ့ ချဲလ်ဆီး က တော့ ၄၈ မှတ် နဲ့ အဆင့် ၄ နေရာကို ရယူထားခဲ့ ပါတယ် ။ အဲ့ဒီ နောက် မှာတော့ မန်ချက်စတာ ယူနိုက်တက် ( ၄၅ မှတ် ) က အဆင့် ၅ ၊ ဝုဗ် ( ၄၃ မှတ် ) က အဆင့် ၆ နဲ့ ရှက်ဖီး ယူနိုက်တက် ( ၄၃ မှတ် ) က အဆင့် 7 နေရာတွေ ကို ရယူထားခဲ့ ပါတယ် ။

ဟိုဆေး မော်ရင်ဟို ရဲ့ စပါး ကတော့ ၄၁ မှတ် နဲ့ အဆင့် ၈ နေရာမှာ ရှိနေပြီး ချန်ပီယံ လိဂ် ဝင်ခွင့် နဲ့ 7 မှတ် အကွာမှာ ရှိနေခဲ့ ပါတယ် ။ အာဆင်နယ် ကတော့ ရမှတ် ၄၀ သာ ရရှိ ထားပြီး ၁၀ ပွဲ ကစားဖို့ ကျန်နေချိန် မှာ ချန်ပီယံ လိဂ် ဝင်ခွင့် နဲ့ ၈ မှတ် အကွာ ၊ အဆင့် ၉ နေရာမှာ ရပ်တည် နေခဲ့ ပါတယ် ။

အမှတ်ပေး ဇယား ရပ်တည်မှု အရ လီဗာပူး နဲ့ မန်စီးတီး တို့ သာ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် စိတ်အေး ရနိုင် ပြီး အဆင့် ၃ က လက်စတာ အပါ အဝင် အဆင့် ၉ က အာဆင်နယ် အထိ အသင်း အားလုံး အခွင့် အရေး ရှိနေခဲ့ ပါတယ် ။ ဒီလို အချိန် မှာ ပြိုင်ပွဲကြီး ကို ဘယ်အချိန် စတင်မယ်ဆိုတာ မသိရဘဲ ရပ်နား လိုက်ရတာ ကတော့ အားလုံး ရဲ့ အရှိန်တွေ ကို တုန့်ဆိုင်း စေခဲ့မှာ အမှန် ပါပဲ ။

ယနေ့ ညနေ ပိုင်းမှာတော့ ပရီးမီးယားလိဂ် ကလပ် အသင်း က တာဝန် ရှိသူတွေ ဟာ ဗီဒီယို ကွန်ဖရင့် ပြုလုပ်ပြီး လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ကို ဘယ်အသင်းတွေ ရရှိမလဲ ဆိုတာ ဆွေးနွေး တိုင်ပင် ခဲ့ကြ ပါတယ် ။ ၂ နာရီ ခွဲ ကြာ ခဲ့တဲ့ အဆိုပါ ဆွေးနွေးမှု အပြီးမှာ တော့ တိကျ ပြတ်သားတဲ့ အဖြေ တစ်ခု ပေါ်ထွက် လာခဲ့ ပါတယ် ။

“အဆင့် ၁ ကနေ ၄ အတွင်း ဝင်မယ့် အသင်းတွေ ကို လာမယ့် ရာသီ ချန်ပီယံ လိဂ် ဝင်ခွင့် ပေးအပ် သွားမှာ ပါ ။ စီးတီး တို့ အယူခံ မအောင်ခဲ့ရင်တော့ အဆင့် ၅ က အစားထိုး ဝင်ပြိုင်ရပါမယ် ။ ဘယ် အသင်းတွေ ဖြစ်မလဲ ဆိုတာ ကတော့ ပြောဖို့ စောပါသေးတယ် ။ လီဗာပူး ကတော့ သေချာ သလောက် ရှိပြီး မန်စီးတီး လည်း အယူခံ အောင်ခဲ့ရင် ဝင်ပြိုင် ရမှာပါ ။ ကျန်တဲ့ အသင်းတွေ ကတော့ ၉ ပွဲ ဆိုတဲ့ အတိုင်း အတာ အတွင်းမှာ ဘာမဆို ဖြစ်သွားနိုင်ပါတယ်” လို့ ပရီးမီးယားလိဂ် ဥက္ကဌ ရဲ့ လက်ထောက် ဖြစ်သူ မစ္စ အေပရယ်ဖူးလ် က ပြောဆို သွားခဲ့ ပါတယ် ။

လက်ရှိ မှာတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲ ကို ဧပြီလ ၃၀ ရက်နေ့ အထိ နောက်ဆုတ် ထားပြီး အင်္ဂလန် နိုင်ငံ နဲ့ ဥရောပ တစ်လွှား က အခြေအနေ တွေ ကို စောင့်ကြည့် နေတယ်လို့ သိရ ပါတယ် ။ ကျန်းမာရေး ဆိုင်ရာ ကျွမ်းကျင် သူတွေ ကတော့ လုပ်ငန်း တွေ အားလုံး ပုံမှန် အတိုင်း လည်ပတ် ဖို့ ၁ နှစ် လောက် အချိန်ယူရ ဖွယ် ရှိတယ် လို့ သုံးသပ် ခဲ့ကြပြီး ဘောလုံး အသင်းတွေ ဟာလည်း ဘဏ္ဍာရေး အကြပ်အတည်းတွေ ကို ဖြေရှင်း နိုင်ဖို့ ကြိုးစား ကြရဦးမှာ ဖြစ် ပါတယ် ။

SPORTS MYANMAR