ယူနိုက်တက်နဲ့ ရင်ဆိုင်ခဲ့စဉ်တုန်းက သူတို့အားလုံး အထင်ကြီးမိခဲ့တဲ့ ကစားသမား အကြောင်း ပြောကြားလိုက်တဲ့ ဝက်ဖို့ဒ် နောက်ခံလူ #ကသ်ကတ်

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လ နောက်ဆုံး ရက် သတ္တပါတ် တုန်းက အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ ဝက်ဖို့ဒ် အသင်း ကို ဧည့်ခံ ကစား ခဲ့ပြီး 3 – 0 ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ် နိုင်ပွဲ ရယူ ထားနိုင်ခဲ့ ပါတယ် ။ အဆိုပါ ပွဲစဉ် မှာ ယူနိုက်တက် အသင်း အတွက် သွင်းဂိုး တွေကို ဘရူနို ဖာနန်ဒက်စ် ၊ အန်သိုနီ မာရှယ် နဲ့ မာဆွန် ဂရင်းဝုဒ် တို့က သွင်းယူ ပေးခဲ့ ကြ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာတော့ ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ဘရူနို ဖာနန်ဒက်စ် က အသင်း အတွက် ကိုယ်တိုင် တစ်ဂိုး သွင်းပြီး တစ်ဂိုး ဖန်တီး ပေးထား နိုင်ခဲ့ကာ အထူး ခြေစွမ်းကောင်း ပြသ နိုင်ခဲ့ ပါတယ် ။ ဒါ့အပြင် သူဟာ ပွဲစဉ် ရဲ့ အကောင်းဆုံး ကစားသမား ပါ ဖြစ်ခဲ့ ရပါ သေးတယ် ။

အခုတော့ ဝက်ဖို့ဒ် အသင်း ရဲ့ အသက် 31 နှစ် အရွယ် ဗဟို နောက်ခံ ကစားသမား ဖြစ်သူ ခရိတ် ကသ်ကတ် က ဘရူနို ဖာနန်ဒက်စ် စတင် ရောက်ရှိ လာ ကတည်းက မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ စွမ်းဆောင်ရည် တွေဟာ သိသိသာသာ တိုးတက် ကောင်းမွန် လာခဲ့ ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဒါ့အပြင် ဘရူနို ဖာနန်ဒက်စ် နဲ့ ယှဉ်ပြိုင် ကစားခဲ့ ရတဲ့ အခါ ဝက်ဖို့ဒ် အသင်း မှ အသင်းဖော် ကစားသမား တွေဟာ ပြိုင်ဖက် ကွင်းလယ်လူ ရဲ့ ခြေစွမ်း အပေါ် အရမ်း အထင်ကြီး မိခဲ့ ကြောင်း ကိုပါ ကသ်ကတ် က ဝန်ခံ စကား ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ကျွန်တော် တို့ အားလုံး သူ့ရဲ့ စွမ်းဆောင်ရည် အပေါ် အရမ်းပဲ အထင်ကြီး မိခဲ့ ကြတယ် လို့ ကျွန်တော် ထင် ပါတယ် ။ သူနဲ့ ပတ်သက်လို့ ကျွန်တော် အရမ်း အထင်ကြီး မိတဲ့ အရာက အမြဲ တိုက်စစ်ဆင် ကစား လိုတဲ့ သူ့ရဲ့ ကစားဟန် ပါပဲ ။ ဘရူနို ဟာ ဘောလုံး လက်ခံ ရရှိ ခဲ့တဲ့ အချိန် တိုင်းမှာ သူ့ရဲ့ ပထမဆုံး အတွေး က တိုက်စစ် ကို ဘောလုံး ပေးပို့ ဖို့ ၊ အခွင့်အရေး တွေကို ဖန်တီး နိုင်ဖို့ ပဲ ဖြစ်ခဲ့ ပါတယ် ”

” ဒါဟာ အရင် တုန်းက ယူနိုက်တက် အသင်း မှာ တွေ့မြင်ရ ခဲတဲ့ အရာ တစ်ခု ပါပဲ ။ သူဟာ ယူနိုက်တက် ဆီကို ဒီလို အရည်အသွေး ကောင်းတွေ ယူဆောင် လာခဲ့ ပါတယ် ။ သူဟာ ပြိုင်ဖက် အသင်း ရဲ့ ဂိုး ဧရိယာ ထဲကို ဝင်ရောက်ပြီး ဘောလုံး ပေးပို့ နိုင်ဖို့ ကြိုးစား နေခဲ့ ပါတယ် ။ ကျွန်တော် မြင်ဖူး သမျှ ပြောရမယ် ဆိုရင် ဘရူနို ရောက်ရှိ လာ ကတည်းက ယူနိုက်တက် အသင်း ရဲ့ စွမ်းဆောင်ရည် ဟာ သိသိသာသာ တိုးတက် ကောင်းမွန် လာခဲ့ ပါတယ် ” လို့ ကသ်ကတ် က ပြောကြား သွားခဲ့လိုက် ပါတယ် ။

ကသ်ကတ် ကိုယ်တိုင် ဟာ ယူနိုက်တက် အကယ်ဒမီ ထွက် ကစားသမား တစ်ဦး ပဲ ဖြစ်ပါတယ် ။ အခုတော့ ယူနိုက်တက် အသင်း ကို နည်းပြ ဆိုးလ်ရှား ရာသီ အပြည့် ကိုင်တွယ်ခွင့် ရရှိ တဲ့ အချိန် မှာ အသင်း ကို ပိုမို ကောင်းမွန်အောင် လုပ်ဆောင် နိုင်ခဲ့ခြင်း ၊ အကယ်ဒမီ ထွက် လူငယ် ကစားသမား တွေကို နေရာပေး ကစား စေခဲ့ခြင်း တွေက တစ်ကယ့် ကို ကောင်းမွန် နေခဲ့ကြောင်း ကသ်ကတ် က ထုတ်ဖော် ချီးကျူး သွားခဲ့ ပါတယ် ။

” သိသာ ထင်ရှား ခဲ့တဲ့ အရာ တစ်ခု ကို ပြောကြား ရမယ် ဆိုရင် ဆာ အဲလက်စ် ဖာဂူဆန် ထွက်ခွာ သွားခဲ့ ကတည်းက ယူနိုက်တက် အသင်း အတွက် အခက်အခဲ တွေ စတင် ခဲ့ ပါတယ် ။ ဒါ့ကြောင့် လက်ရှိ အနေအထား က ယူနိုက်တက် အသင်း ကို မတူညီတဲ့ ရှုထောင့် တစ်ခု က ကြည့်ရှု ရခြင်း လို့ ကျွန်တော် တွေးမိ ပါတယ် ”

” လက်ရှိ ယူနိုက်တက် ရဲ့ အနေအထား တွေဟာ တိုးတက် ကောင်းမွန် လာခဲ့တာ ကျွန်တော် တို့ တွေ့နိုင် ပါတယ် ။ ပြီးတော့ လူငယ် ကစားသမား တွေလည်း အသင်း ကို လာပြီး အလုပ် ကောင်းကောင်း လုပ်ပြ နေတာ မြင်တွေ့ နေရ ပါတယ် ။ ဒါ့ကြောင့် လက်ရှိ အနေအထား အရ ယူနိုက်တက် ဟာ ဆက်လက် ကောင်းမွန် မလာ နိုင်ဘူး လို့ ပြောစရာ အကြောင်း မရှိဘူူး လို့ ကျွန်တော် ထင်မိ ပါတယ် ”

” သူတို့ တွေဟာ ကစားသမား အချို့ ကိုလည်း ခေါ်ယူ ထားခဲ့ ကြ ပါတယ် ။ သူတို့ တွေဟာ အသင်း အတော် များများက ခေါ်ချင် ခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ် ကို အရ ခေါ်ယူ နိုင်ခဲ့ကြ ပါတယ် ။ သူဟာ အရည်အသွေး ကောင်းတဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး ယူနိုက်တက် မှာ လိုအပ် နေတဲ့ သူမျိုးပါ ။ လက်ရှိ ယူနိုက်တက် အသင်း မှာ လူငယ် တွေနဲ့ ဝါရင့် ကစားသမား တွေရဲ့ ပေါင်းစပ်မှုက သဟဇာတ ဖြစ်လှ ပါတယ် ။ သူတို့ ပိုကောင်း လာမယ်လို့ ကျွန်တော် ထင်နေ ပါတယ် ” လို့ ကသ်ကတ် က ထုတ်ဖော် ချီးကျူး သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar