ယူနိုက်တက်ဆီ ပြောင်းရွှေ့စေလိုတဲ့ ကစားသမား တစ်ဦး အမည်ကို ထုတ်ဖော် ပြောကြားလိုက်တဲ့ ရပ်ရှ်ဖို့

လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်း ကို ကြည့်ရှု လိုက်မယ် ဆိုရင် အထောင် တိုက်စစ် နေရာ နဲ့ ညာ တောင်ပံ တိုက်စစ် နေရာ မှာ အားနည်းချက် ရှိနေ ခဲ့တာ အတော်လေး သိသာ နေခဲ့ ပါတယ် ။ ဒါ့ကြောင့် လာမယ့် အပြောင်း အရွှေ့ မှာ ယူနိုက်တက် တို့ ဘယ်သူ တွေကို ခေါ်ယူ သင့် သလဲ ဆိုတာ နဲ့ ပတ်သက်လို့ မှတ်ချက် ပေးမှု ၊ အကြံ ပြုမှု တွေ များစွာ မြင်တွေ့ ခဲ့ရ ပါတယ် ။

လက်ရှိ ထွက်ပေါ် နေတဲ့ သတင်း တွေ အရ တော့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ တိုက်စစ်မှုူး နေရာ အတွက် လက်ရှိ အငှား ခေါ်ယူ ထားတဲ့ အစ်ဂ်ဟာလို ၊ လိုင်ယွန် အသင်း မှ မူဆာ ဒမ်ဘီလီ နဲ့ တော့တင်ဟမ် ဟော့ စပါး အသင်း မှ ဟယ်ရီ ကိန်း တို့ကို စိတ်ဝင်စား နေတယ် လို့ သိရှိရ ပါတယ် ။

ဒါ့အပြင် ညာ တောင်ပံ တိုက်စစ် နေရာ အတွက် ဘွန်ဒက်စ် လီဂါ မှာ ဒေါ့မွန် အသင်း နဲ့ အတူ အထူး တောက်ပ နေခဲ့တဲ့ အင်္ဂလန် လက်ရွေးစင် ဂျေဒန် ဆန်ချို ကိုလည်း အရ ခေါ်ယူ နိုင်ဖို့ စိတ်ဝင်စားမှု အားကောင်း နေတယ် လို့ သိရှိ ရ ပါတယ် ။ ဒီအတွက် ယူနိုက်တက် ကစားသမား ဟောင်း အချို့ ကလည်း ဆိုးလ်ရှား ကို တိုက်တွန်း မှု လုပ်ဆောင် ခဲ့ကြ ပါ သေးတယ် ။

ဆန်ချို ဟာ ဒီ ဘောလုံး ရာသီ အတွင်း ဒေါ့မွန် အသင်း အတွက် 21 ကြိမ် ပွဲထွက် ကစား ပေးထား ခဲ့ရာ မှာ ကိုယ်တိုင် 14 ဂိုး အထိ သွင်းယူ ထားနိုင် ခဲ့ သလို အသင်းဖော် တွေ အတွက် 15 ကြိမ် အထိ ဂိုးလည်း ဖန်တီး ပေးထား နိုင်ခဲ့တဲ့ အတွက် ဥရောပ ထိပ်သီး တွေရဲ့ စိတ်ဝင်စားမှု တွေကို ရရှိ နေသူ ပဲ ဖြစ်ပါတယ် ။

အခြား တစ်ဖက် မှာတော့ အသင်း ရဲ့ တိုက်စစ် ကစားသမား လေးတွေ ဖြစ်တဲ့ ဟတ်ဒ်ဆန် အိုဒွိုင်း ၊ မေဆွန် မောင့် တို့နဲ့ ခင်မင် ရင်းနှီး လှတဲ့ အင်္ဂလန် လက်ရွေးစင် အသင်းဖော် တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဆန်ချို ကို ချဲလ်ဆီး အသင်း ကလည်း လက်ဦး ခေါ်ယူ နိုင်ဖို့ ဆန္ဒ ရှိ နေတယ် လို့ သိရှိရ ပါတယ် ။

အခုတော့ အင်္ဂလန် လက်ရွေးစင် အသင်း မှာ ဒေါ့မွန် အသင်း ရဲ့ ကြယ်ပွင့် နဲ့ အတူ ပူးတွဲ ကစားနေတဲ့ ယူနိုက်တက် တိုက်စစ် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ က ဆန်ချို ကို ယူနိုက်တက် ဆီ ပြောင်းရွှေ့ စေလို ကြောင်း ၊ သူဟာ အသင်း မှာ တစ်ကယ်ပဲ အံဝင် နိုင်မယ့် ကစားသမား ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” အကယ်လို့ ဆန်ချို သာ ယူနိုက်တက် ဆီကို ပြောင်းရွှေ့ လာမယ် ဆိုရင် ဒါဟာ တစ်ကယ်ပဲ ကောင်းမွန် နေပါ လိမ့်မယ်။ သူဟာ ခမ်းနားတဲ့ ကစားသမား တစ်ယောက် ပါ ။ သူဟာ မျိုးဆက်သစ် ကစားသမား တစ်ဦး လို ပုံစံ ဆင်တူတဲ့ ကစားသမား တစ်ဦး ပါပဲ ”

” သူဟာ စိန်ခေါ်မှု တွေကို တစ်ဆင့်ပြီး တစ်ဆင့် ကျော်ဖြတ်ရင်း အခုလို ကစားသမား ဖြစ်လာ တာကို စောင့်ကြည့် ရခြင်းက တစ်ကယ်ပဲ ကောင်းမွန် လှ ပါတယ် ။ ကျွန်တော် တို့ အားလုံး အတူတကွ ကစား နိုင် ကြဖို့ မျှော်လင့် နေ ပါတယ် ။ ဒါဟာ အရမ်း ကို ကောင်းမွန် နေမှာ ပါပဲ ”

” သူဟာ တောင်ပံ တစ်လျှောက် မှာ ကစားလေ့ ရှိသူ တစ်ဦး ပါပဲ ။ သူဟာ စိတ်ကူး ကောင်းတဲ့ ကစားသမား တစ်ဦး ပါ ။ မျိုးဆက်သစ် ကစားသမား လေးတွေ ထဲမှာ တော့ ကမ႓ာ့ အဆင့် ကစားသမား တစ်ဦး ဖြစ်လာ နိုင်ဖို့ ဒီလို အရည်အသွေး တွေ လိုအပ် လှ ပါတယ် ” လို့ ရပ်ရှ်ဖို့ က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar