ဘောလုံး ပြန်လည် ကစား ကြတဲ့ အခါ မန်ချက်စတာ ယူနိုက်တက် မှာ ဘာကို မြင်တွေ့ လိုသလဲ ဆိုတာ ပြောကြား လိုက်တဲ့ အာဆင်နယ် ကစားသမားဟောင်း ပီတစ်

အာဆင်နယ် နဲ့ ချဲလ်ဆီး အသင်း တို့ရဲ့ ကွင်းလယ် ကစားသမားဟောင်း ဖြစ်သူ အီမန်နျူရယ် ပီတစ် က ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ တုန်းက ယူနိုက်တက် တို့ ခေါ်ယူ ခဲ့တဲ့ ကွင်းလယ် ကစားသမား သစ် ဘရူနို ဖာနန်ဒက်စ် ဟာ အိုးလ် ထရက်ဖို့ဒ် မှာ ပေါ့ဂ်ဘာ လုပ်ဆောင် ရမယ့် တာဝန် တွေကို ထမ်းဆောင် ပြနေ ခဲ့တယ် လို့ ဆိုသွား ခဲ့လိုက် ပါတယ် ။

ဒါပေမယ့် ပေါ့ဂ်ဘာ ဟာ ဒဏ်ရာ ပြသနာ မှ သက်သာ ကောင်းမွန် ပြီး ယူနိုက်တက် မှာ အောင်မြင် နိုင်သေး ကြောင်း ၊ သူဟာ ဘောလုံး ပွဲစဉ် တွေ ပြန်လည် စတင် တဲ့ အခါ ဘရူနို ဖာနန်ဒက်စ် နဲ့ အတူ အကောင်းဆုံး တွဲဖက် ကစား ပြနိုင် ဦးမှာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဘရူနို ဖာနန်ဒက်စ် ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်း ဆီကို ပေါင် 47 သန်း နဲ့ ပြောင်းရွှေ့ ရောက်ရှိ လာခဲ့သူ ဖြစ်ပြီး အသင်း သစ်မှာ ချက်ချင်း ပုံစံကောင်း ပြသ ထားနိုင် ခဲ့သူ ပဲ ဖြစ်ခဲ့ ပါတယ် ။ သူက အသင်း အတွက် 9 ပွဲ ကစား ပေးပြီး 3 ဂိုးသွင်း ၊ 4 ဂိုး ဖန်တီး ပေးထား နိုင်ခဲ့ ပါတယ် ။

အခုတော့ ပီတစ် က ဘရူနို ဖာနန်ဒက်စ် ရဲ့ ပုံစံ ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း မှာ နှစ်ပေါင်း များစွာ ကစား ပေးခဲ့သူ တစ်ဦး နဲ့ ဆင်တူ လှကြောင်း ၊ သူဟာ အသင်း အပေါ် များစွာ အကျိုး သက်ရောက် နိုင်ခဲ့ ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ဖာနန်ဒက်စ် ဟာ ကြီးမားတဲ့ အကျိုး သက်ရောက်မှု တစ်ရပ် လုပ်ဆောင် ထားနိုင်ခဲ့ ပါတယ် ။ လွန်ခဲ့တဲ့ နှစ်လတာ အချိန် ကို ကြည့်ရှု လိုက်မယ် ဆိုရင် သူဟာ အကောင်းဆုံး ကစားသမား ခေါ်ယူမှု ဖြစ်ခဲ့ ပါတယ် ။ သူ့ရဲ့ သက်ရောက်မှု က အဲ့ဒီလောက် အထိ ကြီးမားခဲ့ ပါတယ် ။ သူ့ကို ကြည့်ရှု ရတာ ဒီ အသင်း အတွက် 6 နှစ်လောက် ကစား ပေးထား ခဲ့ သလို ပါပဲ ”

” သူဟာ အသင်း ရဲ့ အဝတ် လဲခန်း ထဲမှာ ရှိနေ ခဲ့တဲ့ အသင်း ဖော် ကစားသမား တွေရဲ့ စိတ်ဓါတ် ပိုင်းကို ပြောင်းလဲ စေနိုင် ခဲ့ ပါတယ် ။ ဒါဟာ ရာသီဝက် ဆိုတဲ့ အနေအထား တစ်ရပ် မှာ အသင်း တစ်သင်း ကို လာရောက် ပြီး ဒီလောက် အထိ လုပ်ဆောင် ပြနိုင် ဖို့ ဆိုတာ ကစားသမား တိုင်း အတွက် ခက်ခဲ လှ ပါတယ် ”

” အမှန်တော့ ပေါလ် ပေါ့ဂ်ဘာ ဟာ အဲ့တာ ကို မန်ချက်စတာယူနိုက်တက် အသင်း မှာ လုပ်ဆောင် ပြခဲ့ ရမှာ ပါ ။ အဲ့ဒါ တွေက အသင်း ခေါင်းဆောင် တစ်ဦး တစ်ယောက် အနေ နဲ့ ကျွန်တော် တို့ဟာ ကွင်းထဲ အမြဲလို လုပ်ဆောင် ပြနိုင် ရမယ့် အရာ တွေ ပါပဲ ”

” ဒါပေမယ့် ကျွန်တော် ကတော့ သူတို့ နှစ်ယောက် ကွင်းထဲ မှာ အတူတကွ ကစား ပေးနိုင် ကြဖို့ ရှေးရှု နေမိ ပါတယ် ။ သူတို့ နှစ်ယောက် ကွင်းထဲ ပူးပေါင်း ကစား ခြင်းက အလုပ် ဖြစ်နိုင် မလား ဆိုတာ ကျွန်တော် စောင့်ကြည့် ချင်မိ ပါတယ် ။ ဒါဟာ အလုပ် ဖြစ်နိုင် လိမ့်မယ် လို့ ကျွန်တော် ဖက်က အတော်လေး သေချာ နေ ပါတယ် ” လို့ ပီတစ် က ထုတ်ဖော် ပြောကြား ခဲ့လိုက် ပါတယ် ။

 

လက်ရှိ အချိန် မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ပေါ့ဂ်ဘာ ဟာ ခြေချင်းဝတ် ဒဏ်ရာ ပြသနာ မှာ ပြန်လည် ကြံ့ခိုင် နေပြီး လေ့ကျင့်ရေး တွေကို အိမ်မှာ ကောင်းကောင်း ပြန်လည် လုပ်ဆောင် နေပြီ ဖြစ်တယ် လို့ သိရှိ နေရ ပါတယ် ။

#Sports_Myanmar