လီဗာပူး ကစားသမား အများစု ပါဝင်လာခဲ့တဲ့ ကာရေဂါရဲ့ တစ်နှစ်တာ အကောင်းဆုံး အသင်း

ဂျေမီကာရေဂါဟာ သူ့စိတ်ကြိုက် ဒီရာသီ ပရီးမီးယားလိဂ် အကောင်းဆုံး အသင်းကို ရွေးချယ် သွားခဲ့ပြီး ထင်ထားတဲ့ အတိုင်းပဲ လီဗာပူး ကစားသမား အများစု ပါဝင် လာခဲ့ကာ လီဗာပူးရဲ့ ဘရာဇီး ကြယ်ပွင့်တွေ ဖြစ်ကြတဲ့ အလီဆွန် ၊ ဖာဘင်ညို နဲ့ ရော်ဘတ်တို ဖာမီနို တို့ကတော့ ဒီအသင်းမှာ ရွေးချယ် ခံခဲ့ ရခြင်း မရှိခဲ့ပါဘူး။

လီဗာပူးဟာ ဒီရာသီ ပရီးမီးယားလိဂ် ၂၉ ပွဲ ကစား ပြီးချိန်မှာ ၂၇ ပွဲနိုင် ၁ ပွဲသရေ ၁ ပွဲရှံုးကာ တစ်ရာသီလုံး ရမှတ် ၅ မှတ်သာ ဆုံးရှံုး ထားခဲ့တဲ့ အထိ အကောင်းဆုံး စွမ်းဆောင် ပြထား ခဲ့ပြီး ဒုတိယနေရာက မန်စီးတီးကို ၂၅ မှတ်ထိ ဖြတ်ထား နိုင်ခဲ့ပါတယ်။ ဒ့ါကြောင့် အန်ဖီး နောက်ခံလူဟောင်းဟာ သူ့ စိတ်ကြိုက် XI မှာ လီဗာပူး ကစားသမား ၁၁ ယောက်ထိ ထည့်သွင်း ရွေးချယ် သွားခဲ့ ပါတယ်။

ကာရေဂါဟာ လီဗာပူး ရဲ့ ဦးစားပေး နောက်တန်း ၄ ယောက် စလုံးကို ရွေးချယ် သွားခဲ့ ပေမယ့်လည်း ဒီရာသီ အသင်းနဲ့ အတူ clean sheets ၁၀ ကြိမ်ထိ ရခဲ့တဲ့ အလီဆွန် ကိုတော့ ချန်လှပ် ထားခဲ့ ပါတယ်။ ဘန်လေ ရဲ့ နစ်ပုတ်ဟာ ဒီရာသီ clean sheets ၁၁ ကြိမ် နဲ့ ထိပ်ဆုံးမှာ ဦးဆောင် နေပြီး အလီဆွန် က ဒုတိယ နေရာမှာ ရှိနေ ပေမယ့် ချန်လှပ် ခံခဲ့ ရတာ ဖြစ်ပြီး ရှက်ဖီးယူနိုက်တက် ရဲ့ ဂိုးသမား ဒင်းဟန်ဒါဆန် ကတော့ ကာရေဂါ ရဲ့ ရွေးချယ်မှုကို ခံခဲ့ ရပါတယ်။

အလီဆွန် ဟာ ဒီရာသီ အစပိုင်းမှာ ဒဏ်ရာကြောင့် ပွဲစဉ်များစွာ လွဲချော် ခဲ့တာကြောင့် ကာရေဂါ ရဲ့ ရွေးချယ်မှုနဲ့ လွဲချော် ခဲ့တာ ပိုပြီး ဖြစ်နိုင်ခြေ များပါတယ်။ ဂျိုးဂိုးမက်ဇ် က လွဲပြီး ကျန်တဲ့ နောက်တန်း ကစားသမားတွေ ကတော့ ကာရေဂါ အတွက် လွယ်ကူတဲ့ ရွေးချယ်မှု ဖြစ်ခဲ့ပါတယ်။

ကာရေဂါက “ကျွန်တော် ရိုးရိုးသားသား ရွေးချယ်မှု လုပ်ခဲ့တာပါ။ ဒီအသင်းကို စုစည်းလိုက်တဲ့ အခါ လီဗာပူး ကစားသမားတွေ အများကြီး ဖြစ်နေတာကို ကျွန်တော် သိပါတယ်။ ဒါပေမယ့် ဂိုးမက်ဇ် ရဲ့ နေရာ တစ်ခုတည်းကိုသာ ကျွန်တော် အခြား သူတစ်ဦးကို အစားထိုးရင် ကောင်းမကောင်း ဆိုတာ အကြာကြီး ခက်ခက်ခဲခဲ စဉ်းစား ခဲ့ရပါတယ်။” လို့ ပြောသွား ပါတယ်။

ကာရေဂါ က သူဟာ အဆိုပါ နေရာ အတွက် မန်ယူနိုက်တက်ရဲ့ ဟယ်ရီမက်ဂွိုင်းယား ၊ လက်စတာ ရဲ့ ဂျွန်နီအီဗန်စ် နဲ့ ဆိုယွန်ချူ တို့ကို ထည့်သွင်း စဉ်းစား ခဲ့ပေမယ့် နောက်ဆုံး မှာတော့ ဂိုးမက်ဇ် ကိုပဲ ရွေးလိုက် တယ်လို့ ဖွင့်ဟ လိုက်ပြီး အင်္ဂလန် နောက်ခံလူဟာ ဗာဂျယ်ဗန်ဒိုက် နဲ့ တွဲဖက် ကစား ခဲ့ရာမှာ တစ်ပွဲမှ ရှံုးထားခြင်း မရှိခဲ့ပါဘူး။

ဖာဘင်ညိုဟာ ဒဏ်ရာ မရမီ ဒီဇင်ဘာလ အထိ လီဗာပူး ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့တာကြောင့် ၎င်းကို မရွေးချယ် ခဲ့တာဟာ အနည်းငယ်တော့ အံ့သြစရာ ဖြစ်လာမှာပါ။ ဒါပေမယ့် PFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု အတွက် ရေပန်းစား နေတဲ့ လီဗာပူး အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန် ကတော့ ဒီအသင်းမှာ ပါလာ ခဲ့ပြီး အခြား ကွင်းလယ်လူတွေ အတွက် မန်စီးတီးရဲ့ ကယ်ဗင်ဒီဘရိုင်း နဲ့ အက်စတွန်ဗီလာ ရဲ့ ဂရီလစ်ချ် တို့ကို ရွေးချယ် ခဲ့ပါတယ်။

ကာရေဂါက ဒီရာသီ ဒါပေမယ့် PFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ကို ဘယ်သူ ရသင့်သလဲ ဆိုတာကိုပါ သူ့ရဲ့ အတွေးကို ချပြ သွားခဲ့ ပါတယ်။

ကာရေဂါက “PFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ကို ပေးအပ်ဖို့ အတွက် လတွေ အများကြီး စောင့်ဆိုင်း ရနိုင်ပေမယ့် ဆာဒီယိုမာနေး ကပဲ ဒါနဲ့ ထိုက်တန်ပါတယ်။” လို့ ဆိုသွား ပါတယ်။

မာနေး ဟာ ကာရေဂါ ရွေးချယ် ထားတဲ့ ၃ ဦးတွဲ တိုက်စစ်မှာ မိုဟာမက်ဆာလား နဲ့ အတူ ပါဝင် ခဲ့ပြီး ၎င်းတို့ရဲ့ တွဲဖက် တိုက်စစ်မှုး ရော်ဘတ်တိုဖာမီနို ကို ချန်လှပ်ကာ မန်စီးတီးရဲ့ အဂွေးရိုး ကို ဦးစား ပေးသွား ခဲ့ပါတယ်။

ကာရေဂါက “ဒီ line-up ကို ရွေးချယ် ရာမှာ ကျွန်တော် ဆာလား ကို ချန်လှပ်ပြီး ရာဟင်စတားလင်းကို ရွေးချယ် ရမလား ဆိုပြီး စဉ်းစား ခဲ့ပါသေးတယ်။ ဒါပေမယ့် စတားလင်းဟာ ဘယ်တောင်ပံမှာ ကစားတဲ့ သူပါ။ ကျွန်တော် ရွေးချယ်ရမှာက ညာတောင်ပံ အတွက်ပါ။ ဒါ့ကြောင့် ကျွန်တော် ဆာလား လို အဆင့်အတန်းနဲ့ ကစားသမားမျိုးကို ချန်လှပ်လိုက်ဖို့ မဖြစ်နိုင်ပါဘူး။” လို့ ဆိုလိုက်ပါတယ်။

ကာရေဂါရဲ့ PL team of the season : ဒင်းဟန်ဒါဆန် (ရှက်ဖီး) ၊ အလက်ဇန်းဒါးအာနိုး ၊ ဂိုးမက်ဇ် ၊ ဗန်ဒိုက် ၊ ရောဘတ်ဆန် ၊ ဟန်ဒါဆန် (အားလုံး လီဗာပူး) ၊ ဒီဘရိုင်း (မန်စီးတီး) ၊ ဂရီလစ်ချ် (ဗီလာ) ၊ မာနေး ၊ ဆာလား (လီဗာပူး ) ၊ အဂွေးရိုး (မန်စီးတီး)

SM