ကိုရိုနာ ကာလ အတွင်း လစာလျော့ယူကြမယ့် ရိုနယ်ဒို နဲ့ ယူဗင်တပ် ကစားသမားများ

အီတလီ စီးရီးအေ ကလပ် ယူဗင်တပ် အသင်း က ကစား သမား တွေ ဟာ ကိုရိုနာ ဗိုင်းရပ်စ် ခြိမ်းခြောက်မှု ကြောင့် အသင်းရဲ့ လုပ်ငန်း ဆောင်တာ တွေ ရပ်နား ထားရ ချိန် မှာ ဘဏ္ဍာရေး အခက် အခဲ မဖြစ်စေ ဖို့ အတွက် လုပ်ခ လစာတွေ လျော့ယူ ကြမယ်လို့ သိရ ပါတယ် ။ ဒီကိစ္စ ကို အသင်း ရဲ့ ဝါရင့် ခံစစ်မှုးကြီး ချီယာလီနီ က ဦးဆောင် ခဲ့တာ ဖြစ်ပြီး အသင်း တာဝန်ရှိသူ တွေနဲ့ ဆွေးနွေး ညှိနှိုင်း ခဲ့ကြတာ ဖြစ်တယ် လို့ သိရ ပါတယ် ။

ဒီလို လုပ်ခ လျော့ယူဖို့ ဆုံးဖြတ်တာ ကြောင့် ယူဗင်တပ် အသင်း ရဲ့ စတား တွေ ဟာ ကြီးမားတဲ့ ဝင်ငွေ လျော့နည်းမှု နဲ့ ကြုံတွေ့ ရမှာ ဖြစ်ပါတယ် ။ အသင်းရဲ့ လစာ အများဆုံး ကစား သမား ဖြစ်တဲ့ ခရစ္စတီယာနို ရိုနယ်ဒို ဟာ ပေါင် ၃.၄ သန်း အထိ ဝင်ငွေ လျော့ချ ပေးရမှာ ဖြစ်တယ်လို့ သိရ ပါတယ် ။

ယူဗင်တပ် ဝါရင့် ခံစစ်မှုးကြီး ချီယာလီနီ ဟာ လစာ လျော့ယူ ရေး ကိစ္စ နဲ့ ပတ်သက်ပြီး အသင်း အတွင်း က အခြား စီနီယာ ကစား သမားတွေ ၊ အသင်းသားတွေ နဲ့ ဗီဒီယို ဖုန်းတွေ က တဆင့် ဆွေးနွေး ခဲ့တာ ဖြစ်ပြီး အခု ကိစ္စမှာ အရေးပါ သူ အဖြစ် ရှိနေခဲ့ ပါတယ် ။ အချို့ ကစား သမားတွေ ကတော့ လစာလျော့ယူဖို့ ကိစ္စ မှာ ဆုံးဖြတ်ချက် မချ ရသေးဘူး လို့ သိရ ပါတယ် ။

ရိုနယ်ဒို ဟာ ယူဗင်တပ် မှာ တစ်ပတ် လုပ်ခ ပေါင် ၄၉၆၀၀၀ ရရှိ နေသူ ဖြစ်ပြီး အသင်း နဲ့ ၂၀၂၂ အထိ စာချုပ် ချုပ်ဆို ထားသူ ဖြစ်ပါတယ် ။ ယူဗင်တပ် ကတော့ ပေါ်တူဂီ တိုက်စစ်မှုးကြီး ကို အသင်း မှာ ဆက်လက် ထိန်းထား ဖို့ စိတ်ကူး နေပြီး စာချုပ်သစ် ချုပ်ဆို နိုင်ဖို့ လုပ်ဆောင် သွားမယ် လို့ သိရ ပါတယ် ။

ရိုနယ်ဒို ရဲ့ နောက် မှာတော့ အာဆင်နယ် ကနေ ရောက်လာတဲ့ အာရွန် ရမ်ဆေး ဟာ တစ်ပတ် လုပ်ခ ပေါင် ၄ သိန်း နဲ့ ဒုတိယ အများဆုံး ကစား သမား အဖြစ် ရှိနေခဲ့ ပါတယ် ။ အိုင်ယက်စ် ကနေ ပြောင်းရွှေ့ လာခဲ့တဲ့ လူငယ် ခံစစ်မှုးလေး ဒီလစ် ကတော့ တစ်ပတ် ကို ပေါင် ၂၆၅၀၀၀ ရရှိတယ် လို့ သိရ ပါတယ် ။

သူတို့ ရဲ့ နောက်မှာတော့ ရာဘီယော့ ၊ ဟီဂွာအင် နဲ့ ဒေါက်ကလပ် ကော်စတာ တို့ ဟာ တစ်ပတ် ပေါင် ၁ သိန်း နဲ့ စာချုပ် ချုပ်ဆို ထားကြပြီး အသင်း ခေါင်းဆောင် ချီယာလီနီ ကတော့ တစ်ပတ် ကို ပေါင် ၅၈၀၀၀ သာ ရရှိ ပါတယ် ။

ကိုရိုနာ ဗိုင်းရပ်စ် ဟာ အီတလီ ကို အကြီးအကျယ် ခြောက်လှန့် နေခဲ့ပြီး သေဆုံးသူ ပေါင်း ၁ သောင်း အထိ ရှိလာ ခဲ့ပြီ ဖြစ်ပါတယ် ။ လုပ်ငန်း ပေါင်း များစွာ ရပ်နား ထားလိုက် ရတာကြောင့် စီးပွားရေး များစွာ ထိခိုက် စေခဲ့ပြီး ဘောလုံး ကလပ် အသင်းတွေ ဟာလည်း ဝန်ထမ်းတွေ ကို လစာပေးချေ ဖို့ အခက်အခဲ ဖြစ်လာ ခဲ့ကြ ပါတယ် ။

သတင်းတွေ ရဲ့ သုံးသပ် ဖော်ပြချက် အရ အီတလီ ဘောလုံး အဖွဲ့ချုပ် အောက်မှာ ယူရို သန်း ၁၀၀ နဲ့ အထက် လစာ ပေးချေ နေတဲ့ အသင်း ၃၅ သင်း ( ကစား သမား + ဝန်ထမ်း ) အထိ ရှိနေပြီး ယူဗင်တပ် ဟာ ဒသမ မြောက် လစာ ပေးချေမှု အများဆုံး အသင်းဖြစ်တယ်လို့ သိရ ပါတယ် ။ အဆိုပါ အသင်းတွေ ဟာ အခုလို ဝင်ငွေ မရှိဘဲ ရပ်နား လိုက်ရမှုကြောင့် ဘဏ္ဍာရေး အကျပ်အတည်း တွေ ဖြစ်ပေါ် လာခဲ့ကြ ပါတယ် ။

ဒါ့အပြင် အီတလီ မှာ ရှိတဲ့ အခြားသော ဘောလုံး အသင်းတွေ ဟာလည်း ဘယ်အချိန် ပြန်စမယ် ဆိုတာ မသိရ သေးတဲ့ အနေအထားမှာ ဘဏ္ဍာရေး မပြိုလဲရစေဖို့ လုပ်ခ လစာတွေ လျော့ချဖို့ ကစား သမားတွေ နဲ့ ညှိနှိုင်း ပြောဆို နေကြပါတယ် ။ အသင်း အတော် များများ ကတော့ ၅၀% လောက်ထိ လျော့ချ ဖို့ တောင်းဆို နေကြပြီး အဆင်မပြေ သေးတဲ့ အသင်းတွေ ရှိနေသေးတယ် လို့ သိရ ပါတယ် ။

SPORTS MYANMAR