အူဘာမီယန်း အစား လီဗာပူး အသင်း ခေါ်ယူသင့်တဲ့ တိုက်စစ်မှူး နှစ်ဦး နာမည်ကို ပြောကြားလိုက်တဲ့ ဟက်စကီး

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ဂန်းနား ဂန္တဝင် ကစားသမားဟောင်း ပေါလ်မာဆင် က လီဗာပူး အသင်း အနေနဲ့ တစ်ရာသီကို ၂၅ ဂိုးလောက် ပုံမှန် သွင်းယူ နိုင်စွမ်း ရှိတဲ့ အာဆင်နယ် တိုက်စစ်မှူး အူဘာမီယန်း ကို ခေါ်ယူ သင့်​ကြောင်း တိုက်တွန်း အကြံဉာဏ် ပေးခဲ့ပါတယ် ။

ဒါပေမယ့်လည်း လီဗာပူး နဲ့ အင်္ဂလန် တိုက်စစ်မှူးဟောင်း ဟက်စကီး ကတော့ အူဘာမီယန်း ဟာ ကြိုးကြာနီ တို့ လိုအပ်နေတဲ့ တိုက်စစ်မှူးမျိုး မဟုတ်ကြောင်း သုံးသပ်လိုက်ပြီး တီမိုဝါနာ နဲ့ ကိုင်ဟာဗက်ဇ် တို့ကိုသာ ခေါ်ယူသင့်ကြောင်း အကြံဉာဏ် ပေးလိုက်ပါတယ် ။

အူဘာမီယန်း ဟာ အာဆင်နယ် အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ ၉၅ ကစားပေးထားပြီး ဂိုး ၆၁ အထိ သွင်းယူ ပေးထားကာ ပြီးခဲ့တဲ့ ရာသီမှာလည်း လီဗာပူး တိုက်စစ်မှူး နှစ်ဦး ဖြစ်တဲ့ မာနေး ၊ ဆာလက်တို့နဲ့ အတူ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ပူးတွဲ ရယူနိုင်ခဲ့ပါတယ် ။

ဒီရာသီမှာလည်း ဂါဘွန် လက်ရွေးစင် တိုက်စစ်မှူး အူဘာမီယန်း ဟာ အာဆင်နယ် အသင်း အတွက် ပွဲ ၃၁ ကစားထားရာမှာ ၂၀ ဂိုး အထိ သွင်းယူ ထားသလို ပရီးမီးယားလိဂ်မှာလည်း သွင်းဂိုး ၁၇ ဂိုး သွင်းယူထားပြီး ဗာဒီ ပြီးနောက် ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ရပ်တည် နေသူပါ ။

ဟက်စကီး က GentingBet နဲ့ အင်တာဗျူးမှာ လီဗာပူး အသင်း ခေါ်ယူ သင့်တဲ့ တိုက်စစ်မှူး တွေကို အခုလို ပြောကြား သွားခဲ့တာပါ ။ ” အူဘာမီယန်း တကယ့်ကို အံ့ဩဖို့ ကောင်းတဲ့ ဂိုးသွင်းကောင်းတဲ့သူ တစ်ယောက်ပါ ၊ သူ့ရဲ့ သွင်းဂိုးမှတ်တမ်းတွေကလည်း အားရစရာပါပဲ ။ ”

” အာဆင်နယ် လို ခြေစွမ်းပိုင်း တည်ငြိမ်မှု အားနည်းတဲ့ အသင်းမှာ ကစား နေရပေမယ့် အပတ်တိုင်းလိုလို ဂိုးပုံမှန် သွင်းနေနိုင်သူပါ ၊ နောက်ပြီး ရွှေဖိနပ်ကိုလည်း စိန်ခေါ် နိုင်ပါတယ် ၊ သူက မစ္စတာ တည်ငြိမ်သူကြီးပါ ။ ”

” ဒါပေမယ့် သူ လီဗာပူး အသင်းမှာ အံ့ဝင် ပါ့မလား ၊ ကျနော်ကတော့ လုံးဝ မထင်ပါဘူး ၊ သူက လီဗာပူး အသင်းအတွက် အရမ်း ကောင်းမွန်တဲ့ အင်အား ဖြည့်တင်းမှု ဖြစ်မှာ မဟုတ်ပါဘူး ။ကိုင်ဟာဗက်ဇ် ကတော့ ငယ်လည်းငယ် မြန်လည်း မြန်ပါတယ် ၊ ဒါ​ကြောင့် သူ့ကိုသာ ခေါ်နိုင်ရင် လီဗာပူး အတွက် ကောင်းမွန်မှာပါ ။ ”

” အသင်းမှာ ပွဲထွက်ခွင့် အတွက် ဆာလောင်မှု အပြည့်ရှိတဲ့ လူငယ် တွေ ရှိရင် စီနီယာ ကစားသမားတွေလည်း ပိုမို ကြိုးစားပြီး စွမ်းဆောင်ရည်ကောင်းတွေ ပြသ နိုင်မှာပါ ၊ တီမို ဝါနာကလည်း စွမ်းဆောင်ရည်ကောင်းမွန်တဲ့ နောက်ထပ် လူငယ် တစ်ယောက်ပါ ။ ”

” လူငယ် ကစားသမားတွေကို ခေါ်တဲ့ အခါမှာ အသင်းအတွက် ကြိုးစား ချင်စိတ် ရှိပြီး အစမ်းသပ်ခံနိုင်တဲ့ ကစားသမားမျိုးကို လိုချင်ကြမှာပါ ၊ဒီကစားသမား ၂ ယောက်က အဖိုးတန် ကစားစမားတွေပါ ။ ”

” ဝါနာ ဆိုလည်း တစ်မူ ထူးခြားတဲ့ ကစားသမားပါ ၊ သူ့ရဲ့ အမြန်နှုန်း ကလည်း သိပ်ကောင်းပါတယ် ၊ ကလောပ့်ကလည်း ဂျာမနီ လိဂ် အကြောင်း ကောင်းကောင်း သိသူပါ ၊ ဒါကြောင့် သူ့အနေနဲ့ အသင်းနဲ့ အံ့ကိုက် ဖြစ်မယ့် ကစားသမားကို ခေါ်မယ်လို့ ယုံကြည်ပါတယ် ။ ” လို့ ဆိုပါတယ် ။

SPORTS MYANMAR