ယူနိုက်တက် ကစားသမား ဘဝမှ အကြိုက်ဆုံး ပွဲစဉ်ကို ထုတ်ဖော် ပြောကြားလိုက်တဲ့ #ဒါးလော့

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ညာခံစစ် ကစားသမား လေး ဖြစ်တဲ့ ဒီယိုဂို ဒါးလော့ က ပြီးခဲ့တဲ့ ဘောလုံး ရာသီ အတွင်း PSG အသင်း ကို ချန်ပီယံ လိဂ် ပြိုင်ပွဲ မှာ အဝေးကွင်း နိုင်ပွဲ ရယူ နိုင်ခဲ့တဲ့ ပွဲစဉ် က သူ့ရဲ့ ယူနိုက်တက် ကစားသမား ဘဝ မ အကောင်းဆုံး ပွဲစဉ် ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဒါးလော့ ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ကစား ပေးတာ တစ်နှစ် ခွဲ ဆိုတဲ့ အချိန် အတိုင်းအတာ တစ်ခု သာ ရှိနေ ပါ သေးတယ် ။ ဒါပေမယ့် ဒဏ်ရာ ပြသနာ တွေနဲ့ အသင်းဖော် တွေ ခြေစွမ်း ပြမှု ကြောင့် ပွဲထွက် ကစားခွင့် တွေ နည်းပါး ခဲ့တဲ့ ဒါးလော့ ဟာ အဆိုပါ ပွဲစဉ် မှာတော့ ယူနိုက်တက် အသင်း အတွက် ကစားခွင့် ရရှိ ခဲ့သူ ပဲ ဖြစ်ခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ အဆိုပါ ပြိုင်ပွဲ ရဲ့ ပထမ အကျော့ ပွဲစဉ် တုန်းက PSG အသင်း ကို အိုးလ် ထရပ်ဖို့ဒ် မှာ 2 ဂိုးပြတ် ရှုံးနိမ့် ခဲ့ရတဲ့ အတွက် ဒုတိယ အကျော့ မှာ အံ့ဖွယ် အရာ တွေကို လုပ်ပြ နိုင်မှ နောက် တစ်ဆင့် တက်ရောက် နိုင်မှာပဲ ဖြစ်ခဲ့ ပါတယ် ။

ဒါပေမယ့် ဒုတိယ အကျော့ ပွဲချိန် အတွင်း မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ တိုက်စစ်မှူး လူကာကူ ရဲ့ သွင်းဂိုး တွေနဲ့ အဝေးကွင်း ပွဲစဉ် ကို 1 – 2 နဲ့ ဦးဆောင် နိုင်ခဲ့ ပါတယ် ။ ပွဲချိန် ကလည်း ပြီးဆုံး ဖို့ နီးကပ် လာတဲ့ အတွက် ယူနိုက်တက် တို့ နောက်ထပ် တစ်ဂိုး သွင်းယူ နိုင်မှ နောက် တစ်ဆင့် တက်ရောက် နိုင်မှာ ပဲ ဖြစ်ခဲ့ ပါတယ် ။

အဲ့ဒီ အချိန် မှာပဲ ပွဲစဉ် ကို အလှည့်အပြောင်း ဖြစ်သွား စေခဲ့တာ ကတော့ ဒါးလော့ ကိုယ်တိုင် ဖြစ်ခဲ့ ပါတယ် ။ ယူနိုက်တက် ဟာ ဒါးလော့ ပစ်ဒဏ် ကျူးလွန် ခံခဲ့ ရတဲ့ အတွက် ပင်နယ်တီ ရရှိ ခဲ့ပြီး အဆိုပါ အဆုံးအဖြတ် ပင်နယ်တီ ကို ရပ်ရှ်ဖို့ က အမှား အယွင်း မရှိ ဂိုး အဖြစ် ပြောင်းလဲ သွားနိုင်ခဲ့ ပါတယ် ။

ဒါဟာ ယူနိုက်တက် အသင်း ရဲ့ ပရိသတ် တွေ အတွက် တော့ တစ်ကယ့် ကို အမှတ်တရ ပွဲစဉ် ဖြစ်သွား ခဲ့ရ ပါတယ် ။ အခုတော့ ယူနိုက်တက် ဂျာစီ ဝတ်ဆင် ခဲ့တုန်း အမှတ်တရ ဖြစ်စေ ခဲ့တဲ့ ပွဲစဉ် က ဘယ်ပွဲလဲ လို့ အမေးခံလိုက် ရတဲ့ အခါ မှာတော့ ဒါးလော့ က PSG အသင်း နဲ့ ချန်ပီယံ လိဂ် ဒုတိယ အကျော့ ပွဲစဉ် လို့ လူမှု ကွန်ယက် မှ တစ်ဆင့် ပြန်လည် ဖြေကြား သွားခဲ့ ပါတယ် ။

” အဲ့ဒီ ညချမ်း ပါပဲ ” လို့ ဒါးလော့ က PSG နဲ့ ပွဲစဉ် တုန်းက အသင်း လိုက် အောင်ပွဲ ခံတဲ့ ပုံကို ပြန်လည် မန့်ရင်း အသည်းပုံ အီမိုဂျီ ကို ထည့်သွင်း ဖော်ပြ သွားခဲ့ လိုက် ပါတယ် ။ အဆိုပါ ပွဲစဉ် မှာတော့ ဒါးလော့ ကို ဂိုး ဧရိယာ ထဲမှာ ပစ်ဒဏ် ကျူးလွန် ခဲ့တဲ့ PSG အသင်း ရဲ့ နောက်ခံလူ ကင်ပန်ဘီ ဟာ ဗီလိန် ဖြစ်သွား ခဲ့ရ ပါတယ် ။

အဆိုပါ ပစ်ဒဏ် ကျူးလွန်မှု က ပင်နယ်တီ ဖြစ်သင့် မဖြစ်သင့် ဆိုပြီး အငြင်းပွာ စရာ ဖြစ်ခဲ့ ရပါ သေးတယ် ။ အဆိုပါ ပွဲစဉ် မှာ ပစ်ဒဏ် ကျူးလွန် ခံခဲ့ ရတဲ့ နောက် ဘယ်လို ခံစားချက် ဖြစ်စေ ခဲ့ သလဲ ၊ သူ့ရဲ့ စိတ်ထဲ အဲ့တာ အပေါ် ဘယ်လို တွေးသလဲ လို့ အမေး ခံလိုက် ရတဲ့ အချိန် မှာတော့ …

” ဒါဟာ ကျွန်တော့် ကစားသမား ဘဝရဲ့ အကောင်းဆုံး goal တစ်ခု ဖြစ်ခဲ့ ရ ပါတယ် ” လို့ ဒါးလော့ က ရယ်မောရင်း မျက်ရည် ကျတဲ့ အီမိုဂျီ ကို ထည့်သွင်း ခဲ့ပြီး ဟာသလုပ် ပြန်လည် ဖြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar