မော်ရင်ဟိုက ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ တစ်ခုကို ဖြစ်မြောက်စေမှာ မဟုတ်ကြောင်း ၊ သူ ခေါ်ယူလိုတဲ့ ကစားသမား နှစ်ဦး အမည်ကို ထုတ်ဖော် ပြောကြားလိုက်တဲ့ ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဂိုးသွင်း ကောင်းတဲ့ တိုက်စစ်မှူး တစ်ဦး ကို ရှာဖွေ နေခဲ့ပြီး နည်းပြ ဖြစ်သူ အိုလီ ဂန်နာ ဆိုးလ်ရှား ကတော့ သူ့ရဲ့ ပေါ်လစီနဲ့ ကိုက်ညီပြီး အသင်း အတွက် ရေရှည် ကစား ပေးနိုင်မယ့် ကစားသမား တစ်ဦးကို ခေါ်ယူ လိုနေ ခဲ့တာပဲ ဖြစ်ပါတယ် ။

ဒီအတွက် ယူနိုက်တက် အသင်း က ခေါ်ယူ နိုင်ဖွယ် ရှိတဲ့ တိုက်စစ် ကစားသမား အမည် များစွာ ထွက်ပေါ် ခဲ့ပြီး အဆိုပါ စာရင်း မှာ တော့တင်ဟမ် ဟော့ စပါး အသင်း အတွက် နှစ်စဉ် ဂိုး များစွာ သွင်းယူ ပေးနိုင် ခဲ့တဲ့ အင်္ဂလန် လက်ရွေးစင် ဟယ်ရီ ကိန်းလည်း ပါဝင် လာခဲ့ ပါတယ် ။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဗဟို ခံစစ် ကစားသမား ဟောင်း တစ်ဦး ဖြစ်သူ ရီယို ဖာဒီနန် က တော့တင်ဟမ် ဟော့ စပါး အသင်း မှာ ဟိုဆေး မော်ရင်ဟို ရှိနေခြင်း က အဆိုပါ အပြောင်းအရွှေ့ ကို ဖြစ်စေ နိုင်မှာ မဟုတ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဒါအပြင် အင်္ဂလန် လက်ရွေးစင် ဖြစ်တဲ့ ဟယ်ရီ ကိန်းသာ မန်ချက်စတာ ယူနိုက်တက် အသင်း ဆီကို ပြောင်းရွှေ့ ဖြစ်မယ် ဆိုရင် သူဟာ ကစားသမား ကို နွေးထွေးစွာ ကြိုဆို သွားမှာ ဖြစ်ကြောင်း ၊ သူသာ ယူနိုက်တက် အသင်းရဲ့ တာဝန် ရှိသူ ဆိုရင် ဂိုးသွင်း နိုင်စွမ်း ရှိကြောင်း သက်သေ ပြပြီးသား ဖြစ်တဲ့ ကိန်း ကို အရ ခေါ်ယူ မှာ ဖြစ်ကြောင်း ဖာဒီနန် က ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ဟယ်ရီ ကိန်းကို ကျွန်တော် အခု ခေါ်ယူ မလား ? သိပ် သေချာတာ ပေါ့ဗျာ ။ အကယ်လို့ သူသာ ကြံ့ခိုင်ပြီး အသင်းပြောင်း လိမ့်မယ် ဆိုရင် ခင်ဗျား ဟာ သူ့ကို မန်ချက်စတာ ယူနိုက်တက်အသင်း ဆီ သေချာပေါက် ခေါ်ယူ လိုက်မှာ ပါပဲ ။ ဒါဟာ 100 ရာခိုင်နှုန်း အပြည့် သေချာ ပါတယ် ”

” သူဟာ ထိပ်တန်း ကစားသမား တစ်ဦး ဖြစ်ပြီး အာခံချက် နဲ့ အတူ ဂိုးတွေ သွင်းယူ ပေးနိုင်မယ့် သူပါ ။ သူဟာ ပရီးမီးယား လိဂ် ပြိုင်ပွဲ မှာ ဂိုးသွင်း ပေးနိုင်မယ့် အာမခံချက် အပြည့် ရှိနေ ပါတယ် ။ ဒါပေမယ့် တော့တင်ဟမ် ဟော့ စပါး အသင်း က သူ့ကို ထွက်ခွာခွင့် ပေးမယ် လို့ ကျွန်တော် မထင် ပါဘူး ”

” ပြီးတော့ မော်ရင်ဟို က တော့တင်ဟမ် ဟော့ စပါး အသင်း ကို ကိုင်တွယ် နေတဲ့ အချိန် မှာ သူဟာ ဟယ်ရီ ကိန်းကို ပြိုင်ဖက် ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် ဆီကို ပြောင်းရွှေ့ စေမှာ မဟုတ်ဘူး လို့ ကျွန်တော် မြင်ယောင် နေ ပါတယ် ” လို့ ဖာဒီနန် က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဘွန်ဒက်စ် လီဂါ မှာ အနာဂတ် မရေရာ တော့တဲ့ မန်စီးတီး အသင်း ရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဟောင်း တစ်ဦး ဖြစ်သူ ဒေါ့မွန် စတား ဂျေဒန် ဆန်ချို ကို ခေါ်ယူ နိုင်ရေး အတွက် လည်း သတင်းကြီး နေတာ ကြာခဲ့ ပါပြီ ။ အဆိုပါ အကြောင်းအရာ နဲ့ ပတ်သက်လို့ …

” ကျွန်တော် သာ ဆိုရင် ခေါ်ယူခွင့် ရှိခဲ့ ပါက ဆန်ချို ကို မရ ရတဲ့ နည်းလမ်း နဲ့ ယူနိုက်တက် ဆီ ခေါ်ယူ သွားမှာပါ ။ သူဟာ ခမ်းနားတဲ့ ကစားသမား ဖြစ်သလို အလားအလာ ကောင်းတဲ့ အင်္ဂလိပ် ကစားသမား တစ်ဦး လည်း ဖြစ်ပါတယ် ။ ကျွန်တော် သာ အခွင့် ရှိရင် ဆန်ချို ကို အခု ခေါ်လိုက် မှာပါ ” လို့ ဖာဒီနန် က အင်စတာဂရမ် မှာ ပြန်လည် ဖြေကြား သွားခဲ့ ပါတယ် ။

#Sports_Myanmar