မက်ဒီဆင်နဲ့ ဂရီလစ်ရှ် တို့ရဲ့ အရည်အသွေး တွေကို နှိုင်းယှဉ်ရင်း ဆိုးလ်ရှား ဘယ်သူ့ကို ခေါ်သင့်သလဲ ဆိုတာ ရှင်းပြလိုက်တဲ့ ဂရင်းနင်း

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နည်းပြ ဖြစ်တဲ့ အိုလီ ဂန်နား ဆိုးလ်ရှား ရဲ့ အသင်းဖော် ဟောင်း ဖြစ်သူ ဂျိုနသန် ဂရင်းနင်း က သူငယ်ချင်း ဖြစ်သူ အနေ နဲ့ လက်စတာ စီးတီး အသင်း မှ ကွင်းလယ် ကစားသမား ဖြစ်သူ ဂျိမ်းစ် မက်ဒီဆင် ထက် အက်စတွန် ဗီလာ အသင်း ခေါင်းဆောင် ဂျက်ခ် ဂရီလစ်ရှ် ကို ခေါ်ယူ သင့်ကြောင်း အကြံပေး စကား ပြောကြား သွားခဲ့ ပါတယ် ။

အခုလို အကြံပေး ရခြင်း ရဲ့ အဓိက အကြောင်း အရင်း က မက်ဒဆင် ဟာ လက်ရှိ ယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် နဲ့ ကစားပုံ ဆင်တူ တဲ့သူ ဖြစ်တာ ကြောင့်ပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် ဂရီလစ်ရှ် ဟာ ယူနိုက်တက် အသင်း မှာ ပိုမို အံဝင် နိုင်တာ ကြောင့်ပဲ ဖြစ်တယ် လို့ ယူနိုက်တက် ကွင်းလယ်လူ ဟောင်းက ဆက်လက် ရှင်းပြ သွားခဲ့ ပါတယ် ။

အင်္ဂလန် နိုင်ငံသား နှစ်ဦး ဖြစ်တဲ့ ဂျိမ်းစ် မက်ဒီဆင် နဲ့ ဂျက်ခ် ဂရီလစ်ရှ် တို့ဟာ လက်ရှိ ဘောလုံး ရာသီ အတွင်း ကလပ် အသင်း တွေမှာ ကိုယ်စီ အထူး ခြေစွမ်း ကောင်းတွေ ပြသ ထားနိုင် ခဲ့ ကြတဲ့ အတွက် ထိပ်သီး ကလပ် အသင်း တွေရဲ့ စိတ်ဝင်စား မှု တွေကို ရရှိ နေကြ သူတွေ ပဲ ဖြစ်ကြ ပါတယ် ။

မက်ဒီဆင် ဟာ ဒီ ရာသီ အသင်း အတွက် ကိုယ်တိုင် 6 ဂိုးသွင်း ၊ 3 ကြိမ် ဂိုး ဖန်တီး ပေးထား ပြီး အသင်း ကို ချန်ပီယံ လိဂ် ဝင်ခွင့် ရရှိအောင် ကူညီ ပေးနေ ခဲ့သူပဲ ဖြစ်ခဲ့ ပါတယ် ။ အခြား တစ်ဖက် မှာတော့ ဂရီလစ်ရှ် ဟာ အသင်း အတွက် 7 ဂိုးသွင်း ၊ 6 ဂိုး ဖန်တီး ပေးထား နိုင်ခဲ့ကာ တန်းဆင်ဇုန် မှ လွတ်မြောက် နိုင်ရေး အတွက် အက်စတွန် ဗီလာ အသင်း ကို ဦးဆောင် ကူညီပေး နေခဲ့ ပါတယ် ။

ဒါ့ကြောင့် စွမ်းဆောင်ရည် အချက်အလက် အရ ဂရီလစ်ရှ် က မက်ဒီဆင် ထက် ပိုမို ကောင်းမွန် နေခဲ့တာ ထင်ရှား နေခဲ့ ပါတယ် ။ အခုတော့ ဂရင်းနင်း က မက်ဒီဆင် ထက် ဂရီလစ်ရှ် ကို ဦးစားပေး ခေါ်ယူ ဖို့ အသင်းဖော် ဟောင်း ဖြစ်တဲ့ ဆိုးလ်ရှား ကို အကြံပြု သွားခဲ့ ပါတယ် ။

” ပြီးခဲ့တဲ လ အနည်းငယ် ကတည်းက ယူနိုက်တက် အသင်း ဆီ ဂရီလစ်ရှ် ဒါမှမဟုတ် မက်ဒီဆင် လာမယ် ဆိုတဲ့ သတင်း တွေက ဆက်တိုက် ထွက်ပေါ် နေခဲ့ ပါတယ် ။ ဒီ အတွက် ကျွန်တော့် ရဲ့ ခံစားချက် အမှန် ကို ထုတ်ပြော ရမယ် ဆိုရင် ကျွန်တော် ကတော့ ဂရီလစ်ရှ် ကို ပိုပြီး သဘောတွေ့ မိပါတယ် ”

” မက်ဒီဆင် က အရမ်း ကို ကောင်းလွန်း တဲ့ ကစားသမား တစ်ယောက် ပါ ။ သူဟာ နည်းစနစ်ပိုင်း အရမ်း ကို ကောင်းလွန်း ပါတယ် ။ သူဟာ အဝေးဘော ၊ အနီးဘော နှစ်ခုလုံး ကို အကောင်းဆုံး ပေးပို့ နိုင်ပါတယ် ။ ပြီးတော့ သူဟာ အလွတ် တည်ကန်ဘော တွေလည်း ကောင်းလှ ပါတယ် ”

” ဒါပေမယ့် ဂရီလစ်ရှ် မှာတော့ ခြားနားချက် အနည်းငယ် ရှိနေ ပါတယ် ။ သူဟာ ကစားသမား တွေကို ဖြတ်ကျော် နိုင်စွမ်း ရှိ သလို ဘောလုံး ကိုင်ရင်း တိုက်စစ်ဆင် ကစားတာ မျိုးလည်း ကောင်းမွန် ပါတယ် ။ ပြီးတော့ ထင်မှတ် မထားတဲ့ ဘောလုံး ပေးပို့မှု တွေကိုလည်း လုပ်ဆောင် နိုင် ပါတယ် ”

” သူဟာ ဆုံးဖြတ်ချက် ပိုင်နိုင် လှတဲ့ ကစားသမား တစ်ယောက် ပါပဲ ။ သူဟာ ရှုံးနိမ့် မှု တွေကို မုန်းတီး လှသူ တစ်ဦး ပါပဲ ။ အဲ့တာ တွေကို ပွဲစဉ် တွေမှာ မြင်တွေ့ နေခဲ့ရ ပါတယ် ။ မက်ဒီဆင် ရဲ့ ကစားပုံ ကတော့ ဘရူနို ဖာနန်ဒက်စ် နဲ့ အတော်လေး ဆင်တူ ပါတယ် ။ ဂရီလစ်ရှ် ကတော့ မတူညီတဲ့ အရာ တွေကို အသင်းဆီ ယူဆောင် ပေးလာ နိုင် ပါတယ် ”

” သူဟာ နေရာလွတ် သေးသေးလေး တွေကိုတောင် ရှာဖွေ နိုင်စွမ်း ရှိပြီး လှုပ်ရှားမှု တွေနဲ့ အတူ ကစားသမား သုံး ၊ လေးယောက် လောက်ကို ကျော်ဖြတ် ပြနိုင်စွမ်း ရှိနေ ပါတယ် ။ သူက ယူနိုက်တက် အတွက်တော့ မက်ဒီဆင် ထက် ပိုပြီး အကျိုးပြု နိုင်တဲ့ ကစားသမား ဖြစ်နိုင် ပါ လိမ့်မယ် ” လို့ ဂရင်းနင်းက ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar