ဇန်နဝါရီအပြောင်းအရွှေ့တုန်းက အချီကြီးကြံခဲ့တဲ့ လိဒ်ယူနိုက်တက်

ဇလာတန် အီဘရာ ဟီမိုဗစ် နဲ့ အီဒီဆင် ကာဗာနီ တို့ ဟာ PSG မှာ အတွဲ ညီညီ ဂိုးတွေ သွင်းခဲ့ ကြပါတယ် ။ သူတို့ ၂ ယောက် ကို နောက်ထပ် တစ်ကြိမ် အသင်းဖော် တွေ အဖြစ် ပြန်မြင် နိုင် ဖို့ ဆိုတာ မလွယ်ကူ တော့ ပါဘူး ။ ဒါပေမယ့် ပြီး ခဲ့တဲ့ ဇန်နဝါရီ တုန်းက တော့ ဒီလို ဖြစ်လာ ဖို့ နီးစပ်မှု အချို့ ရှိ ခဲ့ ပါတယ် ။ အင်္ဂလန် က ကလပ် အသင်း တစ်သင်း ဟာ ထိပ်တန်း တိုက်စစ်မှုးကြီး ၂ ဦး စလုံး ကို ခေါ်ယူဖို့ ကြိုးစား ခဲ့ တာပါပဲ ။

အဲ့ဒီ အသင်း ကတော့ လိဒ် ယူနိုက်တက် ပါ ။ မာဆယ်လို ဘီယေဆာ ကိုင်တွယ် နေတဲ့ ချန်ပီယံရှစ် ကလပ် ဟာ ဇလာတန် နဲ့ ကာဗာနီ တို့ ကို ခေါ်ယူဖို့ ကြိုးစား ခဲ့တယ် လို့ အသင်း ပိုင်ရှင် ရာဒရီဇာနီ က ဖွင့်ဟ ပြောဆို လာခဲ့ တာပဲ ဖြစ်ပါတယ် ။

လိဒ် ဟာ နှစ်ပေါင်း များစွာ ဝေးကွာ နေတဲ့ ပရီးမီးယားလိဂ် ကို တန်းပြန် တက်လာ ဖို့ အရှိန်ယူ နေတာ ဖြစ်ပြီး ကိုရိုနာ ဗိုင်းရပ်စ် ခြိမ်းခြောက်မှု ကြောင့် ပြိုင်ပွဲ ကို မရပ်နား ခင် အထိ ချန်ပီယံရှစ် အမှတ်ပေး ဇယား ရဲ့ အဆင့် ၁ နေရာ ကို ရယူ ထားတဲ့ အသင်းဖြစ် ပါတယ် ။

လိဒ် ဟာ တန်းပြန်တက် လာဖို့ အခြေအနေ အလွန်ကောင်း နေပြီး လာမယ့် ရာသီ ပရီးမီးယားလိဂ် အတွက် ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ် တဲ့ အနေနဲ့ ဇလာတန် ၊ ကာဗာနီ တို့လို အတွေ့ အကြုံ များပြားပြီး ဦးဆောင် နိုင်စွမ်းလည်း ရှိ ၊ ဂိုးသွင်းနှုန်း လည်း ကောင်းမွန်တဲ့ တိုက်စစ်မှုး တွေကို ချဉ်းကပ် ခဲ့တာပဲ ဖြစ် ပါတယ် ။

လိဒ် ပိုင်ရှင် ရာဒရီဇာနီ ဟာ ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာ အကုန် မှာ ဇလာတန် နဲ့ စကားပြောဆို ခဲ့ပါတယ် ။ အဆိုပါ အချိန် တုန်းက ဇလာတန် ဟာ LA Galaxy ကနေ ထွက်ခွာ လာပြီး အသင်း လက်မဲ့ ဖြစ်နေ တဲ့ ကစား သမား တစ်ဦး ဖြစ်ခဲ့ ပါတယ် ။ ဒါပေမယ့် ဇလာတန် ဟာ အဆိုပါ အချိန် ကတည်းက အေစီမီလန် ကို ပြန်သွားဖို့ ဆုံးဖြတ် ထားခဲ့ပြီ လို့ ရာဒရီဇာနီ က ဆိုသွားခဲ့ ပါတယ် ။

“ဇလာတန် နဲ့ မနှစ် တုန်းက မကြာခဏ စကားပြောဖြစ် ခဲ့ ပါတယ် ။ သူ ဟာ ကျွန်တော်တို့ အသင်း အတွက် တကယ် ကို အားထားရတဲ့ တွန်းအား တစ်ခု ဖြစ်လာ မှာပါ ။ ဒါပေမယ့် အဲ့ဒီ အချိန် ကတည်းက သူ့ရဲ့ စိတ်ဟာ မီလန် အတွက်ပဲ ရှိနေခဲ့ ပါတယ်”

“ဒါကြောင့် ဆွေးနွေးမှု မဖြစ်မြောက် ခဲ့ပါဘူး ။ ဒီအကြောင်း ကို သူက ရိုးရိုးသားသား ပွင့်ပွင့် လင်းလင်းပဲ ထုတ်ပြောခဲ့ တာပါ” လို့ လိဒ် ယူနိုက်တက် နဲ့ Eleven Sports သတင်း ဌာန တို့ရဲ့ ပိုင်ရှင် ရာဒရီဇာနီ က ပြောဆို သွားခဲ့ ပါတယ် ။ ဒါ့အပြင် သူတို့ ဟာ ကာဗာနီ ကို ခေါ်ယူဖို့ လည်း ကြိုးစားခဲ့ သေးတယ်လို့ ဆိုသွား ခဲ့ ပါတယ် ။

“PSG ဥက္ကဌ က ကာဗာနီ နဲ့ ပတ်သက်ပြီး သူ့ရဲ့ တာဝန် ရှိသူတွေ နဲ့ စကားပြောဖို့ ခွင့်ပြု ခဲ့ ပါတယ် ။ ဒါကြောင့် ကစား သမား ရဲ့ အကို နဲ့ ပြောခဲ့ ပါတယ် ။ ဒါပေမယ့် ညှိနှိုင်းမှု အဆင် မပြေခဲ့ ပါဘူး” လို့ ရာဒရီဇာနီ က ဆိုသွားခဲ့ ပါတယ် ။ ဒါကြောင့် လိဒ် ဟာ ရက်ဘူး ဆဲဘတ် တိုက်စစ်မှုး ဂျန် ကီဗင် သြဂတ်စတင်း ကိုသာ အငှား နဲ့ ခေါ်ယူ နိုင်ခဲ့ ပါတယ် ။

ထိပ်တန်း တိုက်စစ်မှုး ၂ ဦး ကို ချဉ်းကပ်မှု မအောင်မြင် ခဲ့ပေမယ့် ရာဒရီဇာနီ က တော့ သူ့ရဲ့ အသင်းဟာ တောင့်တင်း တဲ့ အသင်း တစ်သင်း ဖြစ်ပြီး ဘီယေဆာ လို အတွေ့ အကြုံ ပြည့်ဝတဲ့ နည်းပြ ကောင်း တစ်ဦး ကိုလည်း ပိုင်ဆိုင် ထားတာ ကြောင့် အဆင်ပြေ ချောမွေ့ လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

“ဘီယေဆာ က ကင်းထောက် ၁၂ ယောက် နဲ့ လုပ်ကိုင် နေနတာပါ ။ သူတို့ စောင့်ကြည့် နေတဲ့ ကစား သမားတွေ ရှိ ပြီးသားပါ ။ အပြောင်း အရွှေ့ စ ဖွင့်တာ နဲ့ ဒီကိစ္စ ကို ဆွေးနွေး ကြမှာပါ ။ ဇလာတန် နဲ့ ကာဗာနီ တို့ အကြောင်းကို တော့ ဘီယေဆာ နဲ့ မဆွေးနွေး ဖြစ်ပါဘူး ။ ဘာလို့လည်း ဆိုတော့ အဲ့ဒီ အခြေအနေ အထိ မရောက်ခဲ့ လို့ပါပဲ” လို့ ရာဒရီဇာနီ က ဆိုသွားခဲ့ ပါတယ် ။

SPORTS MYANMAR