ကိုရိုနာဖြန့်ဝေပွဲ လိုဖြစ်ခဲ့ရတဲ့ ဘောလုံးပွဲတစ်ပွဲ

ကိုရိုနာ ဗိုင်းရပ်စ် ဟာ ကမ္ဘာကြီး တစ်ခု လုံးကို ခြိမ်းခြောက် လာခဲ့ ပါပြီ ။ နိုင်ငံ အတော် များများ lockdown ချ လိုက်ကြပြီ ဖြစ်သလို သေဆုံးမှု တွေဟာ လည်း ကမ္ဘာ့ ကပ်ဘေး တစ်ခု လို့ ဆိုနိုင်လောက် အောင် များပြား သွားခဲ့ ပြီဖြစ် ပါတယ် ။ ယခု အထိ ကုသ နိုင်တဲ့ ဆေးဝါး ရယ်လို့ တိတိ ကျကျ မထွက်ပေါ် သေးဘဲ နေအိမ် အတွင်း နေထိုင်ခြင်း ၊ လက်ဆေးခြင်း ၊ တစ်ကိုယ်ရည် သန့်ရှင်းရေး ကို အထူး ဂရုစိုက်ခြင်း စတဲ့ လုပ်ဆောင် ချက်တွေ နဲ့သာ ဗိုင်းရပ်စ် ပြန့်ပွားမှု ကို ကန့်သတ် ထိန်းချုပ် နိုင်သေးတာပဲ ဖြစ်ပါတယ် ။

ဒီ ဗိုင်းရပ်စ် ဟာ တရုတ် နိုင်ငံ ကနေ အစပြု ခဲ့တာ ဖြစ်ပြီး လက်ရှိ မှာတော့ တရုတ် မှာ ထိန်းချုပ် နိုင်တဲ့ အခြေ အနေ ရှိနေပြီ လို့ သိရ ပါတယ် ။ တရုတ် ထက် အခြေအနေ ပိုဆိုး ခဲ့သူ ကတော့ အီတလီ ဖြစ်ပြီး ထိန်းချုပ်မှု အားနည်း ခဲ့တာ ကြောင့် အလျှင် အမြန် ကူးစက်ခဲ့ပြီး သေဆုံးသူ အများဆုံး ဖြစ်ခဲ့ရ ပါတယ် ။

ဒီလို လျှင်မြန်စွာ ကူးစက်မှု ကို အားပေး အားမြှောက် ဖြစ်စေ ခဲ့တဲ့ ဘောလုံး ပွဲ တစ်ပွဲ ရှိခဲ့ တယ်လို့ ဘာဂါမို မြို့တော်ဝန် က ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။ သူ ညွှန်းဆို ခဲ့တဲ့ ပွဲ ကတော့ အတ္တလန်တာ နဲ့ ဗလင်စီယာ အသင်းတို့ ယှဉ်ပြိုင် ကစား ခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက် ပွဲစဉ် ပါပဲ ။

ဖေဖော်ဝါရီ ၁၉ ရက်နေ့ တုန်းက စီးရီးအေ ကလပ် အတ္တလန်တာ ဟာ စပိန် လာလီဂါ ကလပ် ဗလင်စီယာ ကို ချန်ပီယံလိဂ် ၁၆ သင်းဆင့် ရှုံးထွက် ပွဲစဉ် အဖြစ် အိမ်ကွင်းမှာ လက်ခံ ကစား ခဲ့ ပါတယ် ။ အတ္တလန်တာ ရဲ့ အိမ်ကွင်း ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲ ကို လက်ခံ ကစားဖို့ အဆင်မပြေတာ ကြောင့် အုပ်စု အဆင့် မှာ ကတည်းက အေစီ နဲ့ အင်တာ တို့ရဲ့ ဆန်စီရို ကွင်းကြီး ကို ငှားရမ်း အသုံးပြု ခဲ့တာဖြစ် ပါတယ် ။

ဒါကြောင့် အဆိုပါ နေ့က မီလန် မြို့ မှာ အတ္တလန်တာ ပရိသတ်ပေါင်း ၄ သောင်းကျော် လာရောက် အားပေး ခဲ့ပြီး ဗိုင်းရပ်စ် ပြန့်နှံ့မှု ကို နိုင်ငံ အနှံ့ သယ်ဆောင် သလို ဖြစ်စေခဲ့ တယ်လို့ ဘာဂါမို မြို့တော်ဝန် က ပြောဆို ခဲ့ ပါတယ် ။ ဒါ့အပြင် အဆိုပါ ပွဲမှာ လိုက်ပါ အားပေးခဲ့ကြတဲ့ ဗလင်စီယာ ပရိသတ်တွေ ဟာလည်း စပိန် ကို ပြန်သွားပြီး ဗိုင်းရပ်စ် ဖြန့်ေ၀ သလို ဖြစ်ခဲ့တယ် လို့ ယူဆခဲ့ ပါတယ် ။

အဆိုပါ ပွဲ ဟာ ကိုရိုနာ ဗိုင်းရပ်စ် ကြောင့် အီတလီ မှာ ပထမဆုံး သေဆုံးမှု မပေါ်ပေါက် ခင် ၃ ရက် အလိုမှာ ဖြစ်ပွား ခဲ့တာ ဖြစ်ပြီး အဲ့ဒီ နောက်မှာတော့ ကူးစက်မှု ဟာ ကြောက်စရာ ကောင်းလောက်အောင် ပြန့်နှံ့ ခဲ့ကာ ထိန်းချုပ်လို့ မရနိုင် တော့သည် အထိ ဖြစ်လာခဲ့ ပါတယ် ။

အတ္တလန်တာ – ဗလင်စီယာ ပွဲဟာ ဗိုင်းရပ်စ် ဖြန့်ေ၀ ရာ အဓိက နေရာ တစ်ခု ဖြစ်စေခဲ့ကြောင်း ကို အတ္တလန်တာ အခြေစိုက် တဲ့ ဘာဂါမို မြို့ ဟာ အီတလီ ရဲ့ ကိုရိုနာ ကူးစက်မှု အများဆုံး ဧရိယာ ဖြစ်လာခြင်း က အဖြေပေး နေခဲ့ ပါတယ် ။ လက်ရှိ အချိန်ထိ ဘာဂါမို ဧရိယာ တစ်ခုတည်းမှာ ကူးစက်သူပေါင်း ၆၈၀၀ နီးပါး ရှိနေ ခဲ့ ပါတယ် ။

“အဲ့ဒီ အချိန်တုန်းက ( ဘောလုံးပွဲ ကစားစဉ်တုန်းက ) ဘာတွေ ဆက်ဖြစ် နိုင်မလဲ ဆိုတာ ကျွန်တော်တို့ တကယ် မတွေး မိခဲ့ကြ ပါဘူး ။ ပထမဆုံး သေဆုံးမှု က ဖေဖော်ဝါရီ ၂၃ မှ စခဲ့ တာပါ ။ အဲ့မတိုင်ခင် ကတည်းက ဗိုင်းရပ်စ် အောင်းသူတွေ ရှိနေ ခဲ့ ပါပြီ”

“သူတို့ အထဲက တစ်ယောက် နှစ်ယောက်လောက်ပဲ ပါခဲ့တယ် ဆိုရင်တောင် ဆန်စီရို မှာ ရှိတဲ့ လူပေါင်း ၄ သောင်းကျော် ဟာ မိနစ် ၉၀ အပြီးမှာ ရောဂါပိုး သယ်ဆောင်သူတွေ ဖြစ်သွားခဲ့ မှာပါ ။ အဲ့ဒီလူတွေ ဟာ နေရပ် တွေ ကို ပြန်ကြမယ် ၊ ခရီးတွေ လှည့်သွား ကြမယ် ၊ အခြား ပွဲတွေ ကိုလည်း သွားကြည့် ခဲ့ကြ ဦးမှာပါ ။ ဒီလိုနဲ့ တားမရ ဆီးမရ အောင် ပြန့်နှံ့ သွားတော့ တာပါပဲ” လို့ ဘာဂါမို မြို့တော်ဝန် ဂျော်ဂျီယို ဂိုရီ က ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

လက်ရှိ မှာတော့ အီတလီ ဟာ နိုင်ငံ ကို အပြည့်အ၀ lockdown ချ ထားပြီး ကာကွယ် ကုသရေး တွေ ကို အရှိန် ပြင်းပြင်း လုပ်ဆောင် နေခဲ့ ပါတယ် ။ ထပ်မံ သေဆုံးသူ မရှိတာဟာ ၄ ရက် ဆက်တိုက် ရှိလာခဲ့ တာကြောင့် နောက်ထပ် ၂-၃ လ အတွင်းမှာ အလုံးစုံ ပြန်လည် သက်သာလာ ဖို့ မျှော်လင့် ထားကြတယ် လို့ လည်း သိရ ပါတယ် ။

SPORTS MYANMAR