အိမ်ကွင်းကို ဆေးရုံအဖြစ်ကမ်းလှမ်းမယ့် ဝက်ဖိုဒ့် နဲ့ . . . . . ယနေ့ အတွက် နောက်ဆုံးရ အားကစားသတင်းများ

ပရီးမီးယားလိဂ် ကလပ် ဝက်ဖိုဒ့် ဟာ ကိုရိုနာ ဗိုင်းရပ်စ် ကုသရေး အတွက် လိုအပ် လာခဲ့ ပါက သူတို့ရဲ့ ဗီကာရေ့ အားကစား ကွင်း ကို ဆေးရုံ အဖြစ် အသုံးပြု နိုင်တယ် လို့ ဒေသခံ ကျန်းမာရေး အဖွဲ့ အစည်း ကို အသိပေး အကြောင်း ကြားထား တယ်လို့ သတင်း ကြားသိရ ပါတယ် ။

ဘာစီ လိုနာ အသင်း ဟာ လာမယ့် နွေရာသီ မှာ ကစား သမား ၈ ဦး အထိ ရောင်းထုတ် သွားဖို့ စီစဉ် နေပြီး အဲ့ဒီ အထဲ မှာ တိုက်စစ်မှုး ဂရစ်ဇ်မန်း လည်း ပါဝင်တယ်လို့ သိရ ပါတယ် ။

ဘာစီလိုနာ ဟာ ဂရစ်ဇ်မန်း ကို မန်ချက်စတာ ယူနိုက်တက် ထံ ရောင်းချ လိုပြီး ပေါင် သန်း ၉၀ အထိ စျေး ချ ပေးသွားဖွယ် ရှိတယ်လို့ သိရ ပါတယ် ။

ဘာစီလိုနာ ဟာ ဂရစ်မန်း ကို ရောင်းထုတ်နိုင်ခဲ့ ပါက နေမာ ကို အရ ခေါ်ယူသွားဖို့ ပြင်ဆင် ထားတယ်လို့ လည်း သိရ ပါတယ် ။

စပါး နဲ့ အင်္ဂလန် တိုက်စစ်မှုးဟောင်း ကလိုက် အလန် ဟာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံရတဲ့ လက္ခဏာတွေ တွေ့ရှိ ခဲ့ရတယ်လို့ သိရ ပါတယ် ။

ချဲလ်ဆီး နဲ့ ဘာစီလိုနာ တို့ ဟာ လာမယ့် အပြောင်း အရွှေ့ အတွင်း မှာ ပေါ်တို ကြယ်ပွင့် အဲလက်စ် တယ်လက်စ် ကို အပြိုင် ကမ်းလှမ်း ကြမယ်လို့ သိရ ပါတယ် ။

အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် ဟာ ဘောလုံး ပြိုင်ပွဲတွေ ကို ပြန်လည် မစတင် နိုင်ခဲ့ပါက လိဂ်ဝမ်း နဲ့ လိဂ် တူး တို့ ကိုလည်း တန်းဆင်း အသင်း မရှိစေဘဲ အသင်းတိုးမြှင့် ကာ ကစားသွားမယ်လို့ သိရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အကယ်ဒမီ ကစား သမားဟောင်း ဂျိုရှူအာ ဘိုဟွီ က အသင်းဟာ နည်းပြ မော်ရင်ဟို ကို ထုတ်ပယ် ခဲ့တာ မှန်ကန် တယ်လို့ ဖွင့်ဟ ပြောဆိုသွားခဲ့ ပါတယ် ။

ရီးရဲ မက်ဒရစ် နည်းပြ ဇီဒန်း ဟာ ဘန်ဇီးမား ရဲ့ နေရာ ကို အစားထိုးဖို့ အတွက် ဝုဗ် တိုက်စစ်မှုး ရာအူး ဂျီမီနက်စ် ကို ချိန်ရွယ် နေတယ်လို့ သိရ ပါတယ် ။

ချဲလ်ဆီး နည်းပြ လမ်းပတ် ရဲ့ အလေးပေးမှု ကို မရရှိ ခဲ့တဲ့ နောက်ခံလူ အီမာဆင် ဟာ လာမယ့် အပြောင်း အရွှေ့ မှာ အသင်း ကနေ ထွက်ခွာ ဖို့ စိတ်ကူး နေတယ် လို့ ကြားသိရ ပါတယ် ။

ဗြိတိန် မင်းသားကြီး ချားစ် မှာ ကိုရိုနာ လက္ခဏာ တွေ့ရှိ အပြီး မှာတော့ ချားစ် နဲ့ မကြာသေးခင် ကမှ ဆုံတွေ့ နှုတ်ဆက် ခဲ့တဲ့ လက်ဝှေ့ အကျော် အမော် အန်တိုနီ ဂျိုရှူအာ ဟာ သီးသန့် ခွဲခြား နေထိုင်ပြီး စောင့်ကြည့်ဖို့ ပြင်ဆင် လိုက်ပြီလို့ သိရ ပါတယ် ။

ကမ္ဘာကျော် တင်းနစ် ကစား သမား ရော်ဂျာ ဖက်ဒါရာ ဟာ ကိုရိုနာ ဗိုင်းရပ်စ် ကို ခံစား နေရတဲ့ ဆင်းရဲ နွမ်းပါးသူ မိသားစုတွေ အတွက် ဒေါ်လာ ၁ သန်းကို လှူဒါန်း ခဲ့တယ်လို့ သိရ ပါတယ် ။

အီတလီ မှာ အခြေစိုက် ထားတဲ့ ပါရာဂွေး သံအမတ် က ဆမ့်ဒိုးရီးယား ကွင်းလယ်လူ အီဒါ ဘာရီတို ဟာ ကိုရိုနာ လက္ခဏာ တွေ့ ရှိနေရတယ်လို့ အတည်ပြု ပေးသွားခဲ့ ပါတယ် ။

နာပိုလီ အသင်း ကတော့ သူတို့ ရဲ့ နိုင်ငံ ခြားသား ကစား သမားတွေ ကို နေရပ် ပြန်ဖို့ ခွင့်ပြုမှာ မဟုတ်ဘဲ ကိုရိုနာ ကွာရင်တိုင်း ကာလ အတွင်း နေပယ် မှာသာ နေထိုင်စေမယ်လို့ သိရ ပါတယ် ။

SPORTS MYANMAR