အာဆင်နယ် ကို ပြန်ပြောင်းရွှေ့ချင်ခဲ့ပေမယ့် ငြင်းပယ်ခံခဲ့ရကြောင်း နဲ့ ချဲလ်ဆီးကို လာဖို့ မော်ရင်ဟို ဘယ်လို စည်းရုံးခဲ့သလဲ ဆိုတာ ပြောကြားလိုက်တဲ့ ဖာဘရီဂက်စ်

မိုနာကို ကွင်းလယ်လူ ဖာဘရီဂက်စ် က ဘာစီလိုနာ အသင်းကနေ အာဆင်နယ် အသင်းကို ပြောင်းရွေ့ချင်ခဲ့ပေမယ့် ကလပ် အသင်းဘက်က သူ့ကို ခေါ်ဖို့ ဆန္ဒ မရှိခဲ့တဲ့ အတွက် မော်ရင်ဟို ရဲ့ ချဲလ်ဆီး အသင်းကို ပြောင်းရွှေ့ ခဲ့တာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

ဖာဘရီဂက်စ် ဟာ အာဆင်နယ် အသင်းမှာ ရှစ်နှစ်ကြာ ကစားခဲ့ပြီး ၂၀၁၁ ခုနှစ်မှာတော့ အသင်းဟောင်း ဘာစီလိုနာ အသင်းထံ ပြန်လည် ပြောင်းရွှေ့ သွားခဲ့ပါတယ် ။ ၂၀၁၄ ခုနှစ်မှာ ဖာဘရီဂက်စ် ဟာ အာဆင်နယ် အသင်းကို ပြန်လည် ပြောင်းရွှေ့ဖို့ ဆက်သွယ်ခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် ချဲလ်ဆီး အသင်းကို ပြောင်းရွှေ့ခဲ့ရတာ ဖြစ်ကြောင်း ဆိုပါတယ် ။

စပိန် ကွင်းလယ်လူ ဖာဘရီဂက်စ် ဟာ ချဲလ်ဆီး အသင်းမှာ ငါးနှစ်တာ ကစားခဲ့ပြီး ပရီးမီးယားလိဂ် ဖလား ၂ ကြိမ် ၊အက်ဖ်အေ ဖလား ၁ ကြိမ် ၊ လိဂ် ဖလား ၁ ကြိမ် ရယူ နိုင်ခဲ့ပါတယ် ။ ဒါပေမယ့်လည်း ချဲလ်ဆီး အသင်းဟာ ဖာဘရီဂက်စ် ဘာစီလိုနာ အသင်းကနေ ထွက်ခွာစဉ်မှာ ဦးစားပေး ပြောင်းရွှေ့ချင်ခဲ့တဲ့ အသင်းတော့ မဟုတ်ပါဘူး ။

အဆိုပါ အကြောင်းကို ဖာဘရီဂက်စ် က Arsecast podcast မှာ ” ကျနော့်ရဲ့ အေးဂျင့် ဒါရင်းဒိန်း က အာဆင်းကို စကား ပြောခဲ့ပါတယ် ၊ ဒါပေမယ့် အာဆင်းဘက်က ဘာအဖြေမှ မပေးခဲ့ပါဘူး ၊ အာဆင်နယ် အသင်းဘက်က တုန့်ပြန့်မှုကို ကျနော်တို့ တစ်ပတ်တိတိ စောင့်ဆိုင်း ခဲ့ပါတယ် ။ ”

” ဘာစီလိုနာကနေ ထွက်ခွာစဉ်မှာ အာဆင်နယ် က ကျနော့် ပထမ ဦးစားပေး အသင်းပါ ၊ ကျနော့် စိတ်ထဲမှာ အာဆင်နယ် အသင်းကိုပဲ ပြောင်းရွှေ့ဖို့ စိတ်အား ထက်သန် နေခဲ့ပါတယ် ၊ အာဆင်းကော ဂါဇီဒစ် ကော တခြား ဘယ်သူမှ ကျနော်တို့ကို ဘာ အဖြေမှ ပြန်မပေးခဲ့ပါဘူး ။ ”

” ကျွန်တော်တို့ သူတို့ကို အသိပေးခဲ့ပေမယ့် သူတို့ဘက်က တစ်ပတ်အတွင်း ဘာမှ မတုန့်ပြန်တော့ ဆက်မပြောတော့ပါဘူး ၊ သူတို့ ကျနော့်ကို ပြန်မလိုချင်တော့လို့ပဲလို့ မှတ်ယူ လိုက်ပါတယ် ၊ နောက်တော့ ကလပ်အသင်းဘက်က ကျနော့်ကို ခေါ်ဖို့ ဆန္ဒ မရှိကြောင်း ပြောတော့ တခြားအသင်းတွေနဲ့ စတင် ဆွေးနွေး ဖြစ်ပါတယ် ။ ”

ဆက်လက်ပြီး ဖာဘရီဂက်စ် က မန်စီးတီး ၊ မန်ယူနိုက်တက် တို့နဲ့ လည်း ဆွေးနွေး စကား ပြောဖြစ် ခဲ့ပေမယ့် မော်ရင်ဟို နဲ့ တွေ့ဆုံ အပြီးမှာတော့ ချဲလ်ဆီး အသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ် ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ် ။

” ကျနော် မော်ရင်ဟို နဲ့ စကား ပြောဖြစ်ခဲ့ပါတယ် ၊ အာဆင်နယ်မှာ ကစားစဉ်တုန်းက ချဲလ်ဆီး နဲ့ ပွဲမှာ ဖြစ်ပျက်ခဲ့တာတွေကြောင့် အဲ့ဒီကို ပြောင်းဖြစ်လိမ့်မယ်လို့ လုံးဝကို မထင်ထား ခဲ့တာပါ ၊ဒါပေမယ့် မော်ရင်ဟို နဲ့ စကားပြော အပြီးမှာတော့ ချဲလ်ဆီးကို ပြောင်းမယ်လို့ ဒါရင်းကို ပြောလိုက်ပါတယ် ။ ”

” ပိုက်ဆံကြောင့် ပြောင်းတာ မဟုတ်ပါဘူး ၊ မော်ရင်ဟို က သူ အသင်းကို ဘယ်လို တည်ဆောက်ချင်တယ် ၊ ကျနော်နဲ့ ပတ်သက်ပြီး ဘယ်လို စဉ်းစားထားတယ် ၊ ကျနော့်ကို ပွဲတိုင်း ပွဲထွက် ကစားခွင့် ပေးမယ်လို့ ပြောပါတယ်။ ”

” အဲ့အချိန်တုန်းက ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့တာက ဆုံးဖြတ်ချက် မှန်ကန် ခဲ့တယ်လို့ ထင်ပါတယ် ၊ ဒီလို ဆုံးဖြတ်ချက်ချနိုင်ခဲ့တဲ့ အတွက် ဘုရားသခင်ကိုလည်း ကျေးဇူးတင်ပါတယ် ၊ အာဆင်နယ် ပရိသတ်တွေအတွက် အငြင်းပွားစရာ ဖြစ်ပေမယ့် ချဲလ်ဆီးမှာ ကျနော် ပျော်ခဲ့ပါတယ် ။ ”

” ကျနော်တို့ အင်္ဂလန်က ဆုဖလားတွေ အားလုံး ရခဲ့သလို အဲ့အချိန်က အောင်မြင်မှု အများဆုံး ရတဲ့ အသင်း ဖြစ်ခဲ့ပါတယ် ၊ ပရိသတ်တွေရဲ့ အားပေးမှုကလည်း ကြီးကျယ်သလို သူတို့နဲ့လည်း အချိတ်အဆက်မိခဲ့ပါတယ် ၊ ကျနော် ချဲလ်ဆီး ကို သွားတဲ့ အချိန်မှာ ကျနော့်ရဲ့အမြဲတမ်း အိပ်မက်ဖြစ်တဲ့ ပရီးမီးယားလိဂ် ဖလား နှစ်လုံးအပြင် အက်ဖ်အေဖလား ၊ လိဂ်ဖလား ၊ ယူရိုပါလိဂ်တွေ ရယူနိုင်ခဲ့ပါတယ် ၊ ကျနော် ရွေးချယ်မှု မှန်ကန်ခဲ့တဲ့ အတွက် ဝမ်းသာမိပါတယ် ။ ” လို့ ဆိုပါတယ် ။

SPORTS MYANMAR