သူ့စိတ်ကြိုက် 5-a-side team ကို ရွေးချယ်လိုက်ပြီး ရော်နယ်ဒိုဟာ သူ့ဆီက ပညာသင်ယူ ခဲ့တာလို့ ဆိုလိုက်တဲ့ နာနီ

ခရစ်စတီယာနို ရော်နယ်ဒို နဲ့ နာနီ တို့ဟာ အိုးထရပ်ဖို့ဒ်မှာ ၂ နှစ်ကြာ တွဲဖက် ကစား ခဲ့ကြပြီး ဂျူဗင်တပ် စူပါစတားဟာ သူ့ရဲ့ အသင်းဖော်ဟောင်း စိတ်ကြိုက် ရွေးချယ်လိုက်တဲ့ five-a-side team line-up ထဲမှာ ပါဝင် ခဲ့ပါတယ်။ နာနီက မန်ချက်စတာယူနိုက်တက် အသင်းမှာ သူတို့ နှစ်ဦး အတူ တွဲဖက် ကစားခဲ့စဉ် တုန်းက ရော်နယ်ဒိုဟာ သူ့ဆီက ဘာတွေ သင်ယူ ခဲ့သလဲ ဆိုတာကို ထုတ်ဖော် သွားခဲ့ ပါတယ်။

မန်ယူနိုက်တက် တောင်ပံ တိုက်စစ် ကစားသမားဟောင်းဟာ ၂၀၀၇ ခုနှစ်မှာ အိုးထရပ်ဖို့ဒ်ကို ပြောင်းရွေ့ လာခဲ့သူ ဖြစ်ပြီး ရော်နယ်ဒို ကတော့ ၎င်းမရောက်မီ ၄ နှစ်က စပို့တင်းလစ္စဘွန်း ကပဲ ပြောင်းလာ ခဲ့တာ ဖြစ်ပါတယ်။ နာနီ နဲ့ ရော်နယ်ဒို တို့ဟာ ပြောင်းရွေ့ လာတဲ့ လမ်းကြောင်းချင်း တူညီ ခဲ့ကြပြီး ၎င်းဟာ ပရီးမီးယားလိဂ် မှာ အောင်မြင်မှုတွေ ရရှိ ခဲ့ပါတယ်။

ရော်နယ်ဒို နဲ့ နာနီ တို့ကတော့ ယူနိုက်တက် မှာ ၂၀၀၇ ကနေ ၂၀၀၉ ခုနှစ်ကြား တွဲဖက် ကစား ခဲ့ကြပြီး ဂျူဗင်တပ် စတားဟာ ၂၀၀၉ ခုနှစ် မှာတော့ ရီးရဲယ်မက်ဒရစ် အသင်းကို ပြောင်းရွေ့ သွားခဲ့ ပါတယ်။ ၎င်းတို့ နှစ်ဦးဟာ ၂၀၀၈ ခုနှစ်က ဆာအဲလက်စ် ဖာဂူဆန် ရဲ့ လက်အောက်မှာ ချန်ပီယံလိဂ် ဖလား ဆွတ်ခူး နိုင်ခဲ့ကြပြီး အဆိုပါ ၂ ရာသီ အတွင်းမှာ ပရီးမီးယားလိဂ် ဖလား ၂ ကြိမ်လည်း ရရှိ ခဲ့ကြ ပါတယ်။

နာနီ ဟာ သူ့ရဲ့ စိတ်ကြိုက် 5-a-side team မှာ ယူနိုက်တက် ဂန္တဝင် ကွင်းလယ်လူ ပေါလ်စခိုးလ် ကိုလည်း ထည့်သွင်း သွားခဲ့ ပါသေးတယ်။ စခိုးလ် နဲ့ ရော်နယ်ဒို တို့ ၂ ဦးဟာ နာနီရဲ့ 5-a-side team မှာ နေရာ တစ်နေရာ ရယူ နိုင်ခဲ့ကြပါတယ်။ အသက် ၃၃ နှစ် အရွယ် အိုလန်ဒိုစီးတီး အသင်းရဲ့ တိုက်စစ်မှုးဟာ ယူနိုက်တက် ကနေ ထွက်ခွာ ခဲ့ပြီးနောက် ဖီနာဘာချီ ၊ လာဇီယို နဲ့ ဗလင်စီယာ တို့မှာလည်း ကစား ခဲ့ဖူးပြီး လက်ရှိ မှာတော့ သူ့ရဲ့ dream team ကို ချပြ သွားခဲ့ကာ ယူနိုက်တက် ကစားသမား အများစုပဲ ပါဝင် နိုင်ခဲ့ ပါတယ်။ နာနီ ရဲ့ အသင်းမှာ ပါဝင် ခဲ့တဲ့ နောက်ထပ် မန်ယူနိုက်တက် ကြယ်ပွင့် တစ်ဦးကတော့ ဂိုးသမား ဒေးဗစ်ဒီဂီယာ ပဲ ဖြစ်ပါတယ်။

နာနီ က “ဂိုးပေါက် မှာတော့ ဒီဂီယာ ပါပဲ။ ကျွန်တော့် အတွက် ကတော့ သူဟာ ကမ္ဘာ့ အကောင်းဆုံး တွေထဲက တစ်ဦး ဖြစ်ပြီး သူဟာ ကျွန်တော့်ရဲ့ သူငယ်ချင်းကောင်းလည်း ဖြစ်ပါတယ်။ သူ့အနေနဲ့ ဘယ်သွားသွား မျက်မှန်ကို မဖြစ်မနေ ယူလာ ရပါတယ်။ ဘာလို့လဲ ဆိုတော့ သူ ဒါမရှိဘဲ ဘာမှ မမြင်ရလို့ပါ။ ဒါဟာ အမှန်ပါပဲ။

အခြား ကစားသမား ၄ ဦး ကို ရွေးချယ် ပါမယ်။ သူကတော့ ကျွန်တော့်ရဲ့ အိုင်ဒေါတွေ ထဲက တစ်ဦး ဖြစ်တဲ့ ဒေကိုပါ။ ကျွန်တော် သူ့ဆီက အများကြီး လေ့လာ သင်ယူ ခဲ့ရပါတယ်။ သူ့ရဲ့ ဘောလုံး အရည်အသွေးဟာ five vs five နဲ့ အထူးကို အံဝင် ခွင့်ကျ ဖြစ်ပါတယ်။ နောက်ခံလူ နေရာမှာတော့ ကျွန်တော် ဘရူနို ဖာနန်ဒက်စ် ကို ထားမှာပါ။

နောက်ခံလူ တစ်ဦး အနေနဲ့ သူမှာ ကြွယ်ဝတဲ့ အရည်အသွေးတွေ အများကြီး ရှိနေ ပါတယ်။ ဘောလုံး ပိုင်ဆိုင်မှု အသာစီး နဲ့ ကစားဖို့ လိုအပ်တယ် ဆိုရင် သူ ကစား နိုင်ပါတယ်။ အကယ်၍ ပြိုင်ဘက်ကို ချေမှုန်းရမယ် ဆိုရင်လည်း သူက အမြဲတမ်း ရှေ့က ပါပဲ။” လို့ ဆိုသွား ပါတယ်။

သူ့ရဲ့ ကလပ် အသင်းဖော်ဟောင်း ဖြစ်သူ ရော်နယ်ဒို နဲ့ ပက်သက်ပြီး နာနီ က “ခရစ်စတီယာနို ရော်နယ်ဒို ရဲ့ အရည်အသွေးတွေ ၊ ခြေအနုတ်အသိမ်း မြန်ဆန် တာတွေ…ဒါတွေ အားလုံးဟာ သူ လူငယ် ဘဝတုန်းက ကျွန်တော် သင်ပေး ခဲ့တာပါ။ သူ ကျွန်တော့်ဆီက အများကြီး လေ့လာ သင်ယူ ခဲ့ပါတယ်။ သူ ဒါကို သိပါတယ်။ ဒါကို သိနေမှာပါ။

နောက်တစ်ဦးလား? ကျွန်တော် ဖြစ်မှာပါ။ နည်းပြ နေရာ ကပေါ့။ ဒါဟာ ပြသနာ မရှိပါဘူး။ ကျွန်တော် နည်းပြ တစ်ဦး ဖြစ်နိုင်ပါတယ်။ အခြား ကစားသမား တစ်ဦး ကတော့ အင်္ဂလန် ကစားသမား ဖြစ်ပါတယ်။ ပေါလ်စခိုးလ် ပါ။ ဘောလုံးကို အကောင်းဆုံး ထိန်းချုပ် ကစားနိုင်စွမ်း ရှိပြီး အရမ်းကို အမြင် ကြွယ်ဝ ပါတယ်။” လို့ ဆိုခဲ့ ပါတယ်။

အိုလန်ဒိုစီးတီး ရဲ့ နာနီ ရွေးချယ် လိုက်တဲ့ 5-a-side team အသင်း ကတော့ ..ဒီဂီယာ ၊ ဘရူနိုအဲလ်ဗက်စ် ၊ စခိုးလ် ၊ ဒေကို ၊ ရော်နယ်ဒို

SM
ဗိုလ္ဗိုလ္ သီဟ