လေ့ကျင့်ရေး ကွင်းမှာ ဟာသဉာဏ် အရွှင်ဆုံး အသင်းဖော် နှစ်ဦး ၊ သူအတူ တွဲ ကစား ချင်တဲ့ ကစားသမား နှစ်ဦး အမည်တွေကို ထုတ်ဖော် ပြောကြားလိုက်တဲ့ ဂရင်းဝုဒ်

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ် ကစားသမား လေး မာဆွန် ဂရင်းဝုဒ် က အသင်းဖော် ကွင်းလယ်လူ ဂျက်စီ လင်ဂတ် နဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဒန်နီယယ် ဂျိမ်းစ် တို့က အသင်း ရဲ့ လေ့ကျင့်ရေး ကွင်း ထဲမှာ ဟာသဉာဏ် အရွှင်ဆုံး ကစားသမားတွေ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

လက်ရှိ အချိန် မှာတော့ ပရီးမီးယား လိဂ် နဲ့ ဥရောပ ပွဲစဉ် တွေကို ကစားခွင့် ရပ်နား ထားတဲ့ အချိန် တွေမှာ အားလပ်ချိန် တွေကို ရရှိ နေတဲ့ မာဆွန် ဂရင်းဝုဒ် ဟာ လူမှု ကွန်ယက် အထက် မှာ ပရိသတ် 2.2 သန်း ၊ ကြည့်ရှု အားပေးသူ 82 သန်းထိ ရှိနေတဲ့ အက်ဒ်ဝင် ‘ ကတ်စ်ထရို 1021 ‘ နဲ့ အတူ FIFA 20 ကို ကစား နေသူ ပဲ ဖြစ်ပါတယ် ။

သူတို့ နှစ်ဦး ဖီဖာ 20 ကစား နေတဲ့ အချိန် မှာတော့ ကတ်စ်ထရို က ယူနိုက်တက် အသင်း ရဲ့ လေ့ကျင့်ရေး ကွင်းမှာ ဟာသ အများဆုံး လုပ်တဲ့ သူတွေ က ဘယ်သူ တွေလဲ လို့ မေးမြန်း ခဲ့တဲ့ အချိန် မှာတော့ ဂရင်းဝုဒ် က နွေ တုန်းက အသင်း ဆီ ရောက်ရှိ ခဲ့တဲ့ ဒန်နီယယ် ဂျိမ်းစ် နဲ့ ဂျက်စီ လင်ဂတ် တို့ ဖြစ်ကြောင်း ပြန်လည် ဖြေကြား သွားခဲ့ လိုက်တာ ပဲ ဖြစ်ပါတယ် ။

” ဟာသ အလုပ်ဆုံး ကစားသမား တွေလား ? ဒန်နီယယ် ဂျိမ်းစ် နဲ့ ဂျက်ဆီ လင်ဂတ် ပါ ။ သူတို့ နှစ်ယောက်လုံး က ဟာသ ဉာဏ် ရွှင်ကြ ပါတယ် ” လို့ မာဆွန် ဂရင်းဝုဒ် က ပြန်လည် ဖြေ ကြား သွားခဲ့ လိုက် ပါတယ် ။ အဲ့ဒီနောက် ပွဲစဉ် ကစား ဖို့ အတွက် ဂျာစီ နဲ့ နည်းပြ ကို ရွေးချယ် ခဲ့ရာ မှာတော့ ကတ်စ်ထရို ကို အံ့အား သင့်သွား စေခဲ့ ပါတယ် ။

အဆိုပါ ကစားပွဲ မှာတော့ မာဆွန် ဂရင်းဝုဒ် ဟာ ရီးယဲ မက်ဒရစ် အသင်း ရဲ့ ဂျာစီ ကို ရွေးချယ် သွားလိုက် သလို နည်းပြ အဖြစ် ရီးယဲ မက်ဒရစ် နည်းပြ ဖြစ်သူ ဇနက်ဇင်း ဇီဒန်း ကို ရွေးချယ် သွားခဲ့ ပါတယ် ။ ဒါ့ကြောင့် ကတ်စ်ထရို က ရီးယဲ မက်ဒရစ် အသင်း ကိုများ ပြောင်းရွှေ့ တော့ မလို့လား ဆိုပြီး ဟာသ လုပ်ဆောင် သွားခဲ့ ပါ သေးတယ် ။

ဒါပေမယ့် မာဆွန် ဂရင်းဝုဒ် ကတော့ ချက်ချင်း ဆိုသလို ပြန်လည် ရယ်မော သွားခဲ့ ပြီး ဇီဒန်း နဲ့ ရီးယဲ မက်ဒရစ် ကို ရွေးချယ် မိတဲ့ အတွက် တောင်းပန် စကား ဆိုသွား ခဲ့လိုက် ပါတယ် ။ နောက် တစ်ပွဲ မှာတော့ ဂရင်းဝုဒ် ဟာ သူ့ရဲ့ ဂျာစီ ကို မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အိမ်ကွင်း ဂျာစီ နဲ့ ချက်ချင်း လဲလှယ် လိုက်ခဲ့ ပါတယ် ။

 

အဲ့ဒီနောက် ဘယ် ဂန္ဓဝင် ကစားသမား တစ်ဦး နဲ့ အတူ တွဲဖက် ကစား ချင် သလဲ ဆိုတာ ကို ကတ်စထရို က မေးမြန်း သွားခဲ့ရာ မှာတော့ မာဆွန် ဂရင်းဝုဒ် က ဘရာဇီး ဂန္ဓဝင် ရော်နယ်ဒင်ဟို ကို ချက်ချင်း ပဲ ရွေးချယ် ခဲ့ပြီး ဝိန်း ရွန်းနီ ကိုပါ ဆက်လက် ရွေးချယ် သွားခဲ့ လိုက် ပါတယ် ။

” R9 ပါ ၊ ကျွန်တော် ဟာ ကလေး ဘဝ ကတည်းက သူ့ကို စောင့်ကြည့် ဖြစ်ခဲ့သူ တစ်ဦး ပါပဲ ။ သူ့ရဲ့ ပြိုင်ဖက် ကစားသမား တွေကို ဖြတ်ကျော်မှု တွေနဲ့ ခန္ဓာကိုယ် အယောင်ပြ လုှပ်ရှားတာ တွေကို ကျွန်တော် နှစ်သက် ပါတယ် ။ သူက ကျွန်တော့် ကို ဘောလုံး ကစား စေဖို့ အတွက် တွန်းအား ဖြစ်စေ ခဲ့ ပါတယ် ။ ဝိန်း ရွန်းနီ နဲ့လည်း ကျွန်တော် အတူ တွဲ ကစား ချင် ပါတယ် ” လို့ ဂရင်းဝုဒ် က ပြန်လည် ဖြေကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar