ယူနိုက်တက် အတွက် သတင်းကောင်း ပေးလိုက်တဲ့ ဂျုဒ် ဘယ်လင်ဂမ် နဲ့ အသက် 16 နှစ်အရွယ် ကစားသမားလေးရဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး အပေါ် ဖာဒီနန်ရဲ့ အမြင်

လက်ရှိ ဘောလုံး ပွဲစဉ် တွေကို ကစားခွင့် ခေတ္တ နားထား ကြတဲ့ အချိန် မှာ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဘာမင်ဂမ် အသင်း ရဲ့ လူငယ် ကြယ်ပွင့် ကစားသမား လေး ဂျုဒ် ဘယ်လင်ဂမ် ကို ခေါ်ယူ လိုတဲ့ သတင်း တွေဟာ တစ်စ ထက် တစ်စ ကျယ်လောင် လာခဲ့ ပါတယ် ။

ဒီ ကြားထဲ ကစားသမား ဖြစ်သူ ဟာ သူ့ရဲ့ မိသားစု နဲ့ အတူ ကာရင်တန် လေ့ကျင့်ရေး ကွင်းကို လာရောက် လည်ပတ် ခဲ့ခြင်း က အဆိုပါ သတင်း တွေကို ပိုမို ကျယ်လောင် စေခဲ့ ပါတယ် ။ အခြား တစ်ဖက် မှာတော့ သူရဲ့ မိသားစု နဲ့ အေးဂျင့် ဟာ အက်ဒ်ဝုဝဒ် အပါအဝင် ယူနိုက်တက် အသင် ရဲ့ တာဝန် ရှိသူ တွေနဲ့ တွေ့ဆုံ ခဲ့ကြ သေးတယ် လို့ သိရှိ ခဲ့ရ ပါ သေးတယ် ။

ဒါ့အပြင် သူ့ကို ခေါ်ယူ နိုင်ဖို့ အတွက် ပရီးမီးယား လိဂ် ထိပ်သီး ဖြစ်တဲ့ ချဲလ်ဆီး အသင်း အပါအဝင် ဂျာမန် ထိပ်သီး ဒေါ့မွန် အသင်း ကပါ စိတ်ဝင်စား နေခဲ့တဲ့ အတွက် ဒီ အပြောင်းအရွှေ့ ကိစ္စ ဟာ လာမယ့် နွေမှာ အပြိုင် အဆိုင် ဖြစ်လာ နိုင်ဖို့ ရှိနေတယ် လို့ ထင်ကြေး ပေးခံ နေရ ပါတယ် ။

အခုတော့ ကာရင်တန် လေ့ကျင့်ရေး ကွင်းထဲကို သွားရောက် လည်ပတ် ခဲ့တဲ့ ကွင်းလယ် ကစားသမား လေး ဂျုဒ် ဘယ်လင်ဂမ် က မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ပရိသတ် အချစ်တော် ဝိန်း ရွန်းနီဟာ ငယ်စဉ် ကတည်းက သူ့ရဲ့ ဘောလုံး ဟီးရိုး တစ်ဦး ဖြစ်ကြောင်း လူမုှ ကွန်ယက် အပေါ် က မေးခွန်း တစ်ခု ကို ဖြေကြားရင်း သတင်းတွေ ပိုပြီး ကျယ်လောင် သွားစေခဲ့ ပါတယ် ။

မကြာသေးခင် ကပဲ အင်စတာဂရမ် ပေါ်မှာ ပြုလုပ် ခဲ့တဲ့ အမေး အဖြေ ကဏ္ဍ တစ်ရပ် မှာ ယူနိုက်တက် ဂန္ဓဝင် ဖာဒီနန် က ဘယ်လင်ဂမ် ကို ခေါ်ယူရေး နဲ့ ပတ်သက်လို့ ထောက်ခံ အားပေး စကား ပြောကြား ခဲ့တာ ကြောင့် ဘယ်လင်ဂမ် ဟာ ယူနိုက်တက် အသင်း ဆီကို ရောက်ဖို့ ပိုပြီး သတင်းကြီး နေခဲ့ ပါ သေးတယ် ။

” ဂျုဒ် ဘယ်လင်ဂမ် ၊ အရမ်း အရမ်းကို ပါရမီ ကောင်းလွန်း လှတဲ့ ကစားသမား လေး တစ်ဦး ပါပဲ ။ သူဟာ အသင်း ကို ဟန်ချက် ညီအောင် ထိန်းပေးနိုင် သလို ဒီလောက် ငယ်ရွယ်တဲ့ အသက် အရွယ် လေးမှာ အတော်လေး ရင့်ကျက် နေပြီ ဖြစ်တဲ့ လူငယ် ကစားသမား ကောင်းလေး တစ်ဦး ပါပဲ ”

” ကျွန်တော် ဟာ သူ့ဆီ ကနေ ပိုမို ထူးကဲ ကောင်းမွန် လှတဲ့ အရည်အသွေး တွေကို ဆက်လက် ရှုမြင် လိုနေ ပါ သေးတယ် ။ ဒါပေမယ့် ပေါင် သန်း 30 ဆိုတဲ့ ပြောင်းရွှေ့ကြေး တစ်ရပ် က အသက် 16 နှစ် အရွယ် ကောင်လေး တစ်ယောက် အတွက် တစ်ကယ့် ကို အံ့ဖွယ် ပါပဲ ။ ဒါဟာ မယုံကြည် နိုင် ဖွယ်ရာ ပါပဲ ”

” အခုခေတ် ဘောလုံး ကမ႓ာကြီး က ဒီလို ပြောင်းလဲ သွားခဲ့ ပါပြီ ။ အခုခေတ် အနေ အထား အရ ဒီလို ကစားသမား လေး အတွက် ပေါင် သန်း 30 သုံးမယ် ၊ ပြီးရင် အသင်း မှာ 10 နှစ်လောက် ပုံစံကောင်း ပြသရင်း ကစားပေး နိုင်မယ် ဆိုရင် အဲ့တာ က ငွေကြေး တွေကို အကျိုး ရှိရှိ အသုံးပြုခြင်း လို့ လူတွေ ခေါ်ဆို နေကြ ပါပြီ ”

” တစ်ကယ်တော့ ဒါဟာ အလောင်းအစား ( စွန့်စားမှု ) လုပ်ရခြင်း တစ်ခု ပါပဲ ။ ကြေးမြင့်တဲ့ အလောင်းကစား တစ်ခု ပေါ့ဗျာ ။ ဒါပေမယ့် လက်ရှိ အချိန် မှာ ကောင်လေး က ချန်ပီယံ ရှစ်မှာ ကစား ပေးရင်း သူ ကစား လိုတဲ့ ပုံစံ မျိုးနဲ့ ခြေစွမ်းကောင်း တွေကို ဆက်တိုက် ပြသ နိုင်ခဲ့ ပါတယ် ”

” ဒါ့ကြောင့် အခုဟာ က အလောင်းအစား လုပ်ဖြစ်တယ် ဆိုရင်တောင် တွက်ခြေကိုက် နိုင်မယ့် အလောင်းကစား တစ်ခုပဲလို့ ပြောလို့ ရနိုင် ပါတယ် ။ အကယ်လို့ ကျွန်တော် သာ ယူနိုက်တက် အသင်း ရဲ့ တာဝန် ရှိသူ တစ်ဦး ဆိုရင် 100 % အပြည့် သူ့ကို သွားရောက် ခေါ်ယူ လိုက်မှာပါ ” လို့ ဖာဒီနန် က မှတ်ချက် ပေးသွား ခဲ့လိုက် ပါတယ် ။

#Sports_Myanmar