ယူနိုက်တက်မှာ ကစားနေစဉ်တုန်းက ဝမ်းနည်းမိတဲ့ အကြောင်းအရာ တစ်ခု ရှိခဲ့ကြောင်း ထုတ်ဖော် ပြောကြားလိုက်တဲ့ ရွိုင်ကိန်း

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကစားသမား ဟောင်း ဖြစ်သူ ရွိုင်ကိန်း က အသင်း နဲ့ အတူ ဆု ဖလား အောင်မြင်မှုတွေ များစွာ ရရှိခဲ့ ပေမယ့် ဖလား ရဖို့ အလေးသာ နေတဲ့ အချိန် တွေ မှာတောင် သက်သောင့် သက်သာ မနေခဲ့ ရခြင်း ၊ အကောင်းဆုံး အချိန် တွေကို ပျော်ရွှင် ခံစား နိုင်ခွင့် မရှိခဲ့ခြင်း တွေ အပေါ် နောင်တရ မိကြောင်း ဝန်ခံ ဖွင့်ဟ သွားခဲ့လိုက် ပါတယ် ။

ရွိုင်ကိန်း ဟာ ကစားသမား ဘဝ အတွင်း ယူနိုက်တက် အသင်း ကို ဟန်ချက် ညီအောင် ဦးဆောင် မောင်းနှင် ပေးနိုင် ခဲ့တဲ့ အတွက် နာမည်ကျော် ခဲ့သူ တစ်ဦး ဖြစ်ခဲ့ရ ပါတယ် ။ ဒါ့အပြင် သူဟာ အသင်း နဲ့ အတူ ပရီးမီးယား လိဂ် ဖလား 7 ကြိမ် ၊ FA ဖလား 4 ကြိမ် နဲ့ ချန်ပီယံလိဂ် ဖလား 1 ကြိမ် တို့ကိုလည်း ရယူ ဆွတ်ခူး နိုင်ခဲ့ ပါ သေးတယ် ။

ဒါပေမယ့် ဆာ အဲလက်စ် ဖာဂူဆန် လက်အောက်မှာ တုန်းက ဆု ဖလား တွေကို သိမ်းပိုက် နိုင်ဖို့ အတော်ကြီး အလားအလာ ကောင်းနေ ခဲ့တဲ့ အချိန် မှာ အသင်းသား တွေဟာ ဖိအား တွေကို လျော့ချ နိုင်ခဲ့ ကြတယ် ဆိုတဲ့ အသင်းဖော် ဂယ်ရီ နဗီးလ် ရဲ့ ပြောစကား ကိုတော့ ရွိုင်ကိန်း က ငြင်းဆန် သွားခဲ့ လိုက် ပါတယ် ။

အထူးသဖြင့် 1999 ခုနှစ် တုန်းက ဆု ဖလား သုံးလုံး ဆွတ်ခူး နိုင်ခဲ့ ပြီးတဲ့ နောက် နှစ် ရာသီ အကြာ မှာ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ မဟာ ပြိုင်ဖက် အာဆင်နယ် အသင်း ကို 6 – 1 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရပြီး ခဲ့တဲ့ အချိန် မှာ ယူနိုက်တက် ဟာ နောက်ထပ် ဆု ဖလား တစ်ခု သိမ်းပိုက် နိုင်တော့ မှာ သေချာ နေပြီ ၊ သာသာယာယာ ရှေ့ဆက် လို့ ရပြီ လို့ ယူဆ ခဲ့ပါတယ် ။

ဒါပေမယ့် အဲ့ဒီလို အချိန် မှာတောင် သူဟာ နဗီးလ် လို ခံစားချက်မျိုး မပိုင်ဆိုင် ခဲ့ကြောင်း ၊ နိုင်ပွဲ တွေကို ဆက်လက် ရယူနိုင် လိမ့်မယ် ဆိုတဲ့ ယုံကြည်ချက် တွေသာ မြင့်တက် ခဲ့ကြောင်း ရွိုင်ကိန်း က သူ့ရဲ့ ခံစားချက် ကို ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ကျွန်တော် တို့ အမှတ်ပေး ဖလား ကို သေချာပေါက် သိမ်းနိုင် တော့မယ် လို့ လူသိ ရှင်ကြား တစ်ခါ မှ မပြော ခဲ့ဖူး ကြပါဘူး ။ ကျွန်တော် တို့ဟာ ဆုဖလား ဆွတ်ခူး နိုင်မလား ဆိုတဲ့ အပေါ် သံသယ ဖြစ်စရာ မရှိဘူး လို့ပဲ တွေးတော ခဲ့ပြီး နိုင်ပွဲ တွေ ဆက်လက် ရယူ နိုင်ဖို့ ယုံကြည်ချက် တွေ မြင့်တက် ခဲ့ရ ပါတယ် ”

” နှစ်တွေ ကုန်ဆုံး သွားတဲ့ အခါ တွေမှာ ကျွန်တော် တို့ဟာ အာဆင်နယ် အသင်း နဲ့ ဆု ဖလား ရရှိ နိုင်ရေး အတွက် ပြင်ပြင်းထန်ထန် တိုက်ပွဲ ဝင်ခဲ့ ရပါ သေးတယ် ။ ဒါပေမယ့် အဲ့တာ တွေက ကျွန်တော် တို့ ဒီနှစ် အဲ့ဒီ တုန်းက လို ဆု ဖလား ဆွတ်ခူး နိုင်ကြ လိမ့်မယ် ဆိုတဲ့ ခံစားချက် ကို မဖြစ်ပေါ် စေခဲ့ ပါဘူး ”

” ခင်ဗျား တို့ ယုံယုံ မယုံယုံ ၊ ကျွန်တော် ကတော့ ဂယ်ရီ ပြောတာ တွေကို သဘော မတူ ပါဘူး ။ ကျွန်တော် ဟာ ဘယ်တုန်း ကမှ အဲ့ဒီလို အတွေး မခေါ် မရှိခဲ့ ပါဘူး ။ ကျွန်တော် တို့ ရင်ဆိုင် ယှဉ်ပြိုင် နေတဲ့ အရာရာ တိုင်းက လွယ်ကူ ချောမွေ့ နေတယ် လို့ ဘယ်တုန်း ကမှ မခံစား ခဲ့ရ ပါဘူး ”

” ကျွန်တော် တို့ ကသာ ဒါကို လွယ်ကူတယ် လို့ လူတွေ ထင်မှတ် ရအောင် လုပ်ဆောင် ပြနိုင် ခဲ့ကြ တာပါ ။ ဒီ အတွက် ကျွန်တော် တို့ဟာ အစဉ်မပြတ် ခက်ခက်ခဲခဲ ကြိုးစား အားထုတ် ခဲ့ရ ပါတယ် ။ ပွဲ ကြည့်တဲ့ လူတွေ ကတော့ သူတို့ ကစား တာက လွယ်ကူ လိုက်တာ လို့ပဲ ထင်နေ ကြမှာ ပါပဲ ”

” ကျွန်တော် တို့ဟာ ပြိုင်ဖက် အသင်း တွေနဲ့ ရမှတ် ခြားနားချက် 10 မှတ် ၊ 13 မှတ်လောက် ပြတ်နေ ကြတဲ့ အချိန် တွေမှာ လူတွေ က ဖလား လုပွဲ ကြီး ပြီးဆုံး သွားပြီ လို့ ထင်ကြေး ပေးခဲ့ကြ ပါတယ် ။ ဒါပေမယ့် ကျွန်တော် ကတော့ ဘယ်တုန်း ကမှ အဲ့လို မတွေးခဲ့ ပါဘူး ။ ကျွန်တော့် အတွေး တွေက ခြားနား နေခဲ့ ပါတယ် ”

” ကျွန်တော် တို့ အမှတ်ပြတ် နေခဲ့ ကြတဲ့ အချိန် တွေမှာ သက်သောင့်သက်သာ ကစား နိုင်ဖို့ ကျွန်တော် ဆန္ဒ ရှိခဲ့ ပါတယ် ။ ဒါပေမယ့် ဘယ်တုန်း ကမှ သာသာယာယာ မကစား နိုင်ခဲ့ ပါဘူး ။ ကျွန်တော့် ရဲ့ စိတ်ထား က အဲ့ဒီလို ပါပဲ ၊ ကျွန်တော် ဟာ ဘယ်တုန်း ကမှ ပျော်ရွှင်မှု တွေကို မခံစား ခဲ့ရ ပါဘူး ။ နောင်တ ရချင် စရာ ပါပဲ ဗျာ ” လို့ ရွိုင်ကိန်း က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar