မန်စီးတီး ကို ချန်ပီယံလိဂ် မှာ ဝင်မပြိုင်စေဖို့ ပူးပေါင်းအဆိုတင်သွင်းကြမယ့် EPL အသင်းကြီးများ

ပရီးမီးယားလိဂ် ရဲ့ လက်ရှိ အဆင့် ၁၀ အတွင်း က အသင်း ၈ သင်း ဟာ မန်ချက် စတာ စီးတီး အသင်း ကို လာမယ့် ဘောလုံး ရာသီ ရဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ ကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် မပြု ဖို့ အဆို တင်သွင်း ကြမယ်လို့ ကြားသိရ ပါတယ် ။ ဒီ အသင်းတွေ ထဲ မှာ အဆင့် ၁ နေရာက လီဗာပူး ၊ အဆင့် ၄ နေရာကို အပြိုင် လုနေ ကြတဲ့ မန်ချက်စတာ ယူနိုက်တက် ၊ ချဲလ်ဆီး နဲ့ စပါး တို့ လည်း ပါဝင် ကြတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

မန်စီးတီး ဟာ UEFA က ထုတ်ပြန် ထားတဲ့ ဘဏ္ဍာရေး စည်းမျဉ်းတွေ ကို ပြင်းပြင်း ထန်ထန် ချိုးဖောက်မှု ၊ စစ်ဆေးမှု ပြုလုပ် ရာမှာ ပူးပေါင်း ပါဝင်ခြင်း မရှိမှုတွေ ကြောင့် ဥရောပ ကလပ် ပြိုင်ပွဲ တွေ ကို ၂ နှစ် ဝင်ရောက် ယှဉ်ပြိုင် ခွင့် ပိတ် ခံခဲ့ ရသလို ပေါင် ၂၅ သန်း လည်း ဒဏ်ငွေ ချမှတ် ခံခဲ့ရ ပါတယ် ။

ဒါပေမယ့် မန်စီးတီး အသင်း ဟာ သူတို့ရဲ့ အပြစ်ဒဏ် ကို အားကစား ခုံရုံး ( CAS ) ကနေ အယူခံ ဝင်ဖို့ တင်သွင်း ထားပြီး လက်ရှိ အချိန် မှာ ကြားနာ စစ်ဆေးဖို့ အခွင့် အခါ မသင့် ဖြစ်နေ ခဲ့ ပါတယ် ။ ဒါကြောင့် မန်စီးတီး ဟာ အယူခံ ဝင်နေစဉ် ကာလ အတွင်း ချန်ပီယံလိဂ် ကို ဝင်ရောက် ကစားနိုင် သလို အယူခံ ကျရှုံး ခဲ့ရင်တောင်မှ ချန်ပီယံလိဂ် ကနေ ထုတ်ပယ် ခံရဖို့ မရှိတာကြောင့် လာမယ့် ရာသီ မှာတော့ မန်စီးတီး ကို ဥရောပ ပြိုင်ပွဲမှာ ဆက်လက် မြင်တွေ့ ရဖွယ် ရှိနေ ပါတယ် ။

ဒါပေမယ့် ပရီးမီးယားလိဂ် အမှတ်ပေး ဇယား ရဲ့ အဆင့် ၁၀ အတွင်း က အသင်း ၈ သင်း ကတော့ စီးတီး ကို လာမယ့် ရာသီ ချန်ပီယံ လိဂ် ဝင်ခွင့် မပြုဖို့ လိုလား ပြီး သူတို့ရဲ့ ဆန္ဒတွေ ကို တင်ပြ ခဲ့ကြတယ် လို့ Daily Mail သတင်းစာ က ဖော်ပြသွားခဲ့ ပါတယ် ။

ဒီ အသင်းတွေ အထဲ မှာ လီဗာပူး ၊ မန်ယူနိုက်တက် ၊ ချဲလ်ဆီး ၊ စပါး ၊ ဝုဗ် ၊ လက်စတာ စီးတီး ၊ အာဆင်နယ် နဲ့ အဲဗာတန် အသင်းတို့ ပါဝင် ခဲ့ကြပြီး ကာယကံရှင် မန်စီးတီး နဲ့ ရှက်ဖီး ယူနိုက်တက် တို့သာ မပါဝင် ခဲ့ကြတာ ဖြစ်တယ် လို့ သိရ ပါတယ် ။

အထက်ပါ အသင်း ၈ သင်း ဟာ စီးတီး ရဲ့ အယူခံ ကို စစ်ဆေးနေစဉ် အတွင်း အပြစ်ဒဏ် ကို ဆိုင်းငံ့ထားမယ် ဆိုတဲ့ အချက် ကို ပြင်းပြင်း ထန်ထန် ကန့်ကွက် ကြောင်း ကိုယ်စီ ရေးသားကာ CAS ထံ ပေးပို့ ခဲ့ကြတယ်လို့ သိရှိရ ပါတယ် ။

မန်ချက်စတာ စီးတီး ဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေး ဇယား မှာ အဆင့် ၂ နေရာကို ရယူ ထားတာ ဖြစ်ပြီး ချန်ပီယံ လိဂ် ပြိုင်ပွဲ ကို ဝင်ခွင့် မရရှိ ခဲ့ပါက အဆင့် ၅ နေရာက အသင်း ဟာ အစားထိုး ပါဝင်ခွင့် ရရှိမှာ ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ လက်ရှိ အဆင့် ၅ နေရာ က အသင်း ဖြစ်ပြီး ဒီဆုံးဖြတ်ချက် ကို လိုလား တဲ့ အသင်း ဖြစ်မှာ သေချာ သလို အဆင့် ၄ နေရာက ချဲလ်ဆီး ကလည်း ဖိအား လျော့သွားမှာ ဖြစ်တာကြောင့် စီးတီး ကို တားမြစ်မယ့် ဘက်ကနေ ပါဝင် မှာ သေချာလှ ပါတယ် ။

SPORTS MYANMAR