မက်ဆီ ၊ ရော်နယ်ဒို တိုးတက် နည်းစနစ်ပိုင်း ပိုကောင်းလွန်းတဲ့ ကစားသမား တစ်ဦး ရှိကြောင်း ပြောကြားလိုက်တဲ့ #ကာဖူး

လက်ရှိ ဘောလုံး လောက ရဲ့ အကောင်းဆုံး ကစားသမား ဘယ်သူလဲ ဆိုတာ ကို ပြောကြား ရမယ် ဆိုရင် တစ်ဦး တစ်ယောက် ရဲ့ နာမည် ကို ပြောကြား ရမယ့် အစား မက်ဆီ ၊ ရော်နယ်ဒို ဆိုတဲ့ နာမည် နှစ်ခု ကို ပူးတွဲ ပြောကြား ရတာ ပိုပြီး အဆင်ပြေ ပါ လိမ့်မယ် ။

ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ နှစ်ဦးလုံး က အံ့ဖွယ် ခြေစွမ်းကောင်း တွေကို နှစ်ပေါင်း များစွာ တည်တည်ငြိမ်ငြိမ် ပြသ ထားနိုင် ခဲ့ကြ ပြီး ကမ္ဘာ့ အကောင်းဆုံး ကစားသမား ဆု တစ်ခု ဖြစ်တဲ့ Ballon D’ Or ဆု ကိုလည်း စံချိန်တင် ဆွတ်ခူး ထားနိုင် ခဲ့ ကြတာ ကြောင့် ပါပဲ ။

သူတို့ နှစ်ဦးလုံး ဟာ လွန်ခဲ့တဲ့ အချိန် 12 နှစ်တာ ကာလ အတွင်း Ballon D’ Or ဆုကို 11 ကြိမ် အထိ သိမ်းပိုက် ထားနိုင် ခဲ့ကြ ပါတယ် ။ အဆိုပါ 11 ကြိမ် မှာတော့ မက်ဆီ က 6 ကြိမ် ၊ စီ ရော်နယ်ဒို က 5 ကြိမ် အထိ ဆွတ်ခူး ထားခဲ့ ကြတာ ပဲ ဖြစ်ပါတယ် ။

 

 

သူတို နှစ်ဦးလုံး ရဲ့ ထူးခြားချက် တစ်ခု ကတော့ နည်းစနစ်ပိုင်း ဆိုင်ရာ တွေမှာ ကြေညက် လွန်းကြ သူတွေ ဖြစ်နေခြင်း ပါပဲ ။ ဒါပေမယ့် အခုတော့ ဘရာဇီး ဂန္ဓဝင် ကာဖူး က သူတို့ တွေထက် နည်း စနစ် ပိုင်း ပိုမို ကောင်းမွန် လှတဲ့ ကစားသမား တစ်ဦး ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

 

ကာဖူး ပြောတဲ့ သူက အခြား သူတော့ မဟုတ် ပါဘူး ။ ဘာစီလိုနာ အသင်း မှာ မက်ဆီ နဲ့ အတူ တွဲ ကစား ရင်း ဆု ဖလား အောင်မြင်မှု တွေ များစွာ ရယူ ထားနိုင် ခဲ့တဲ့ လက်ရှိ PSG အသင်း ရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ၊ ဘရာဇီး လင်ရွေးစင် နေမာ ဂျူနီယာ ပဲ ဖြစ်ပါတယ် ။

” ဒီနေ့ ခေတ် မှာတော့ နည်း စနစ် ပိုင်း အရည်အသွေး အရ ဆိုရင် နေမာ ထက် ပိုပြီး ကောင်းတဲ့ ကစားသမား ဆိုတာ မရှိ ပါဘူး ။ မက်ဆီ အပါအဝင် ပေါ့ဗျာ ။ ကျွန်တော် ဟာ မက်ဆီ ကို အထူး အားပေး တဲ့ ပရိသတ် တစ်ဦး ပါ ”

 

” ကမ္ဘာကြီး ဖက်မှ အလိုရှိ နေတာ တစ်ခု က နေမာ ဘောလုံး ကစား တာကို မြင်တွေ့ ရဖို့ ပါပဲ ။ ဒီ အတွက် နေမာ အနေနဲ့ သူ့ကိုယ်သူ ဘောလုံး အား ကစား ထဲမှာ မြှုပ်နှံ ထားဖို့ လိုအပ် ပါတယ် ” လို့ ကာဖူး က ထုတ်ဖော် ပြောကြား သွားခဲ့ပြီး ဘရာဇီး လက်ရွေးစင် အသင်း မှာ နေမာ ရဲ့ အရေး ပါပုံ ကို ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” သူဖက် က ပုံစံ ကောင်းတွေ ပြသ နိုင်တဲ့ အချိန် တွေမှာ ဘရာဇီး အသင်း ကလည်း ရလဒ် တွေ ကောင်းမွန် နေတက် ပါတယ် ။ သူဟာ ခြားနားတဲ့ အရာ တွေကို လုပ်ဆောင် ပေးဖို့ အတွက် ဘရာဇီး လက်ရွေးစင် အသင်း ကနေ ခေါ်ယူ ခံနေ ရတဲ့ သူ တစ်ဦး ပါပဲ ”

” သူ့ အတွက် ရင့်ကျက်မှု တွေကို ရယူ နိုင်မယ့် အချိန် တွေက ကုန်ဆုံး သွားခဲ့ ပါပြီ ။ သူဟာ အခု အချိန် မှာတော့ PSG အသင်း မှာ ခေါင်းဆောင် တစ်ဦး ဖြစ်နေ ပါပြီ ။ ဒါ့အပြင် သူဟာ ကမ္ဘာ့ တန်ကြေး အမြင့်ဆုံး ကစားသမား တစ်ဦး လည်း ဖြစ်နေ သေးတယ် လေ ” လို့ ကာဖူး က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

နေမာ ဟာ လက်ရှိ ဘောလုံး ရာသီ မှာ PSG အသင်း အတွက် အမှတ်ပေး ဖလား ပြိုင်ပွဲမှာ 13 ဂိုး အထိ သွင်းယူ ပေးထား နိုင်ခဲ့ ပြီး မက်ဆီ ကတော့ 19 ဂိုး အထိ သွင်းယူ ပေးထား နိုင်ခဲ့ ပါတယ် ။ အခြား တစ်ဖက် မှာတော့ စီ ရော်နယ်ဒို ဟာ စီးရီးအေ မှာ 21 ဂိုး အထိ သွင်းယူ ပေးထား နိုင်ခဲ့ ပါတယ် ။

#Sports_Myanmar