ကစားသမားတွေ ကို လစာလျှော့ယူခိုင်းဖွယ် ရှိနေတဲ့ ဘာစီလိုနာ နဲ့ နံနက်ခင်း သတင်းများ

• ဘောလုံးပွဲတွေ ရပ်နားထားချိန်မှာ ဘာစီလိုနာ အသင်းရဲ့ ဥက္ကဌ ဘာတိုမြူ ကတော့ သူတို့ရဲ့ အသင်းခေါင်းဆောင် မက်ဆီ ကို စာချုပ်သက်တမ်း တိုးနိုင်ဖို့ အတွက် ဦးစားပေး လုပ်ဆောင်လျှက် ရှိနေပါတယ်။ ကစားသမား ရဲ့ စာချုပ်ဟာ လာမယ့် ဘောလုံးရာသီမှာ ကုန်ဆုံးမှာ ဖြစ်ပြီး ၊ ဒီရာသီ အကုန်မှာ အသင်းပြောင်းခွင့် ပေးထားတဲ့ အချက်က စာချုပ်မှာ ပါဝင်နေတာကြောင့် အခုလို အစောကြီး ကတည်းက စတင် လှုပ်ရှားလာတာ ဖြစ်ပါတယ်။

• စပိန် အတွက် သတင်းကောင်း တစ်ခုက ဗလင်စီယာ တက္ကသိုလ်က သုသေတန ဌာနဟာ ကော်ရိုနာ ဗိုင်းရပ် ကို တားဆီးနိုင်မယ် ဆေးကို ထုတ်လုပ်နိုင်ဖို့ အခြေအနေကောင်းတွေ ပိုင်ဆိုင်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ကနဦး စမ်းသပ်ချက်တွေ အရ တော်တော်လေးကို အားရစရာ ကောင်းနေပြီး ၊ မကြာခင်မှာ တရားဝင် ထုတ်လုပ်နိုင်တဲ့ အဆင့်ထိ တိုးတက်လာဖို့ အတွက် မျှော်လင့်လျှက် ရှိနေကြပါတယ် ။

• ဒီရာသီမှာ ရီးရဲ မက်ဒရစ် ပရိသတ်တွေ ရဲ့ အချစ်တော် ကစားသမား တစ်ဦးအဖြစ် အချိန်တို အတွင်း တည်ဆောက်လာနိုင်ခဲ့တဲ့ အသက် 21 နှစ် အရွယ် ကွင်းလယ် ကစားသမား ဗယ်ဗာဒီ ဟာ အသင်းရဲ့ အမြန်ဆုံး ပြေးနိုင်တဲ့ ဘောလုံးသမား အဖြစ် စံချိန်လဲ တင်ထားပါတယ်။ သူဟာ တစ်နာရီ ကို 35.1 ကီလို မီတာ နှုန်းနဲ့ ပြေးထားတာ ဖြစ်ကာ ၊ ကာဗာဂျယ် ၊ ဗီနီစီးယပ် တို့ထက်တောင် မြန်လွန်းနေတယ်လို့ သိရပါတယ်။

• ဘာစီလိုနာ အသင်းဟာ လက်ရှိ ဗိုင်းရပ် ပြသနာ အကျပ်အတည်းမှာ အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေ ကျပ်တည်းမှု မကြုံရစေဖို့ အတွက် ကစားသမားတွေ ကို လစာလျှော့ယူပေးဖို့ မေတ္တာရပ်ခံဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ် လာလျှက် ရှိနေပါတယ်။ လက်ရှိ ဘာစီလိုနာ ကလပ် တစ်ခုလုံး ရဲ့ စုစုပေါင်း လစာ ပေးချေမှု ဟာ ယူရို 507 သန်း ရှိနေပြီး ၊ ပြီးခဲ့တဲ့ ဘောလုံးရာသီ စုစုပေါင်း ဝင်ငွေရဲ့ 61% အထိ ရှိနေတာ ဖြစ်ပါတယ်။

• အေတီကို အသင်းရဲ့ ကွင်းလယ် ကစားသမား သောမတ် ပါတေး အတွက် လက်ရှိမှာ ကမ်းလှမ်းမှုတွေ များစွာဟာ ရှေ့မှောက်မှာ ရောက်ရှိနေပါတယ်။ အဲဒီ အထဲမှာ ယူနိုက်တက် ၊ အာဆင်နယ် နဲ့ လက်ရှိ အေတီကို အသင်းတို့ပါ ပါဝင်နေတာပါ။ အေတီကို ဟာ ကစားသမားကို လစာ တိုးပေးပြီး 2023 ခုနှစ် အထိ သက်တမ်းတိုးဖို့ ကမ်းလှမ်းထားသလို ၊ စာချုပ် ဖျက်သိမ်းခွင့် လျော်ကြေးကိုလဲ ယူရို သန်း 100 အထိ တိုးမြှင့်သွားချင်နေတာ ဖြစ်ပါတယ်။ လက်ရှိ ကစားသမား ရဲ့ စာချုပ် ဖျက်သိမ်းခွင့်ဟာ ယူရို သန်း 50 သာ ရှိနေတာ ဖြစ်လို့ ၊ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေက ခေါ်ယူဖို့ စည်းရုံးရေးတွေ ဆင်းနေတာ ဖြစ်ပါတယ်။

• ဂျူဗင်တပ် အသင်းမှာ ကစားသမား နှစ်ယောက် အထိ ဗိုင်းရပ် ကူးစက်ခံရ အပြီးမှာတော့ ၊ အခြား ကစားဖော်တွေဟာ သက်ဆိုင်ရာ နိုင်ငံ အသီးသီးဆီ ပြန်သွားကြပြီ ဖြစ်ပါတယ်။ ဟီဂွာအင်ဟာ မနေ့က အာဂျင်တီးနား ကို ပြန်သွားခဲ့သလို ၊ ခီဒီရာ နဲ့ ယာနစ် တို့လဲ ပြန်သွားကြတယ်လို့ သိရပါတယ်။

• လက်ရှိ ဖြစ်ပွားနေတဲ့ ဗိုင်းရပ် ပြသနာကြောင့် အီတလီ ဘောလုံး လောကဟာ စုစုပေါင်း ယူရို သန်း 800 ကျော် အထိ ဆုံးရှုံးနစ်နာမှုတွေ ပေါ်ပေါက်လာနိုင်တယ် လို့ ခန့်မှန်းချက်တွေ ထွက်ပေါ် လာခဲ့ပါတယ်။ ဂျူဗီ ၊ အေစီ နဲ့ အင်တာမီလန် အသင်းတို့ဟာ ပိုင်ရှင်တွေ က ချမ်းသာပြီးသား ဖြစ်တာကြောင့် တောင့်ခံနိုင်အား ရှိပေမယ့် အခြား ကလပ်အသင်းတွေကတော့ တော်တော်လေးကို ကျပ်တည်းမှုတွေ ရင်ဆိုင်နေရပါတယ်။ အီတလီ ဘောလုံး အဖွဲ့ချုပ်ကတော့ ကစားသမားတွေ အနေနဲ့ သူတို့ရဲ့လစာတွေ ကို လျှော့ယူပြီး ဘောလုံးလောက တည့်မတ် လာဖို့အတွက် အကူအညီ တောင်းခံသွားဖွယ် ရှိပါတယ်။

• ဘောလုံး ဂန္တဝင်ကြီး ပီလီ ကို ဗိုင်းရပ် ကူးစက်မှာ စိုးရိမ်နေတဲ့ အတွက် ၊ အိမ်ထဲမှာ သီးသန်း ထားရှိရတယ်လို့ ဘရာဇီး သတင်းတွေ က ဖော်ပြလိုက်ပါတယ်။ အထူးသဖြင့် သူနေထိုင်ရာ ပတ်ဝန်းကျင်မှာ ဗိုင်းရပ် ပျံ့နှံ့မှု သတိပေးချက်တွေ ဆက်တိုက် ထွက်ပေါ်နေတာကြောင့် အခုလို ကန့်သတ်ထားတာ ဖြစ်ပါတယ်။

• ဖလာမင်ဂို အသင်းရဲ့ ဒု ဥက္ကဌ ဟာ ရီးရဲ မက်ဒရစ် ၊ ဘာစီလိုနာ အသင်းတွေ နဲ့ အစည်းအဝေးတွေ ပြုလုပ် အပြီးမှာပဲ ဗိုင်းရပ် ကူးစက်ခံလိုက်ရတယ်လို့ အတည်ပြုချက် ထွက်ပေါ်လာခဲ့ပါတယ်။ တစ်ဆက်တည်းမှာ သူ့ရဲ့ အခြေအနေက စိုးရိမ်စရာ အနေအထား တစ်ခုလို့လဲ သိရပါတယ်။

• ကော်ရိုနာ ဗိုင်းရပ် ပြသနာတွေ ရှုပ်ထွေး လာချိန်မှာတော့ ဘာစီလိုနာ အသင်းရဲ့ နည်းပြ ဆက်တီယန် ရဲ့ အနာဂတ်ဟာလဲ အပြောင်းအလဲတွေ ဖြစ်သွားခဲ့ပါတယ်။ ကတ်တလန် အခြေစိုက် သတင်းတွေ ကတော့ ဆက်တီယန် ဟာ လာမယ့် ဘောလုံးရာသီ အကုန်ထိ အသင်းရဲ့ နည်းပြ အဖြစ် ဆက်ရှိသွားတော့မယ်လို့ ဆိုပါတယ်။ တစ်ဖက်မှာ ရော်နယ်ကိုးမန်း ကလဲ ယူရို ပြိုင်ပွဲ ကို 2021 ခုနှစ် အထိ နောက်ဆုတ်လိုက်ရတာကြောင့် ၊ ဘာစီလိုနာ အိပ်မက်တွေက ကြန့်ကြာသွားခဲ့တာကြောင့်ပါ။

• ဘာစီလိုနာ ဟာ သူတို့ရဲ့ ကွင်းလယ် ကစားသမား ရာကီတစ် အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း 20 ခန့် အထိ အလိုရှိနေပါတယ်။ ခရိုရေးရှား ကွင်းလယ်လူ ကို ခေါ်ယူဖို့ အတွက် အေတီကို ၊ ဆီဗီလာ အသင်းတို့ ရှေ့ဆုံး ကနေ ဦးဆောင်လာနေပါတယ်။

• ဗိုင်းရပ် ကူးစက်ခံရမှုကြောင့် ရီးရဲ မက်ဒရစ် အသင်းရဲ့ နောက်ခံလူ နာချိုဟာ မိသားစုဝင် တစ်ဦး အသက် ဆုံးရှုံးလိုက်ရတယ်လို့ သိရပါတယ်။
• အခု ဆိုရင် အီတလီ မှာ ဗိုင်းရပ်ကြောင့် သေဆုံးသူ ဦးရေဟာ စုစုပေါင်း 4000 ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။ မနေ့က တစ်ရက် ထဲမှာပဲ 627 ဦး အထိ အသက်တွေ ဆုံးရှုံးလိုက်ရပါတယ်။

• ယူနိုက်တက်ဟာ မာတစ်ရဲ့ စာချုပ်ပါ အချက်အလက် တစ်ခု ဖြစ်တဲ့ အလိုအလျှောက် သက်တမ်းတိုးခွင့် တစ်နှစ်သက်တမ်းကို အတည်ပြု ထားပြီးပြီ ဖြစ်သည့်တိုင်အောင် ၊ နောက်ထပ် 2 နှစ် အထိ တိုးပြီး ချုပ်ဆိုဖို့ အတွက် ထပ်မံ ဆွေးနွေးပြောဆိုမှုတွေ ပြုလုပ်လျှက် ရှိနေပါတယ်။ ကစားသမားဟာ လက်ရှိမှာတော့ တစ်ပတ်လုပ်ခ ပေါင် 140000 ဝန်းကျင် အထိ ရရှိနေသူပါ။

• ပဲလေ့ အသင်းရဲ့ ကစားသမား ဇာဟာ ဟာ သူပိုင်ဆိုင်တဲ့ နေအိမ်တွေကို ၊ လန်ဒန် က ဆေးဝန်ထမ်းတွေလို သလို အသုံးပြုနိုင်အောင် ခွင့်ပြုထားတယ်လို့ သိရပါတယ်။ စိတ်ထားကောင်းလွန်းလိုက်လေဗျာ။

• ချဲဆီး အသင်းရဲ့ တောင်ပံ ကစားသမား ဝီလီယံ ကတော့ သူ့အနေနဲ့ ဘရာဇီး က မိသားစုဝင်တွေ နဲ့ အတူတူ ရှိနေဖို့ အတွက် အိမ်ပြန်ခွင့် ပေးဖို့ ကလပ်အသင်းထံ တောင်းဆိုထားပါတယ်။

• ဆတ်ဆူလို အသင်းရဲ့ တောင်ပံ ကစားသမား ဘိုဂါ ဟာ ချဲဆီးထံ ပြန်လည် ရောက်ရှိလာဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လျှက် ရှိနေပါတယ်။ သူဟာ ချဲဆီး အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ လူငယ် ကစားသမား တစ်ယောက် ဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင် 2.5 သန်း နဲ့ ရောက်ရှိလာခဲ့ပေမယ့် ၊ ချဲဆီး ဟာ 12.5 သန်း နဲ့ ပြန်လည်ခေါ်ယူနိုင်ခွင့် သဘောတူညီမှု အချက်ကို ရောင်းချတဲ့ စာချုပ်မှာ ထည့်သွင်းခဲ့တယ်လို့ သိရပါတယ်။ သူဟာ ဒီရာသီ 24 ပွဲ ပါဝင် ကစားပေးချိန်မှာ 8 ဂိုး အထိ သွင်းယူ ပေးထားတဲ့ သူတစ်ယောက်ပါ။

SM