Top 6 ပြင်ပက ဒီရာသီ ပရီးမီးယားလိဂ် အကောင်းဆုံး XI ကို ရွေးချယ်လိုက်ကြတဲ့ လက်စ်ကော့ နဲ့ ဂျွန်ဟတ်ဆန်

ဂျူလီယွန် လက်စ်ကော့ နဲ့ ဂျွန်ဟတ်ဆန် တို့ဟာ ဒီရာသီ ပရီးမီးယားလိဂ် မှာ top 6 ပြင်ပမှာ ရပ်တည် နေတဲ့ အသင်းတွေ ထဲက အကောင်းဆုံး ကစားသမား တွေနဲ့ ဖွဲ့စည်း ထားတဲ့ အကောင်းဆုံး ကစားသမား XI ကို ရွေးချယ် သွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် ၂၉ ပွဲ ပြီးသွားချိန်မှာ လီဗာပူးဟာ ၈၂ မှတ်နဲ့ အဆင့် ၁ ၊ မန်စီးတီးက ၅၇ မှတ်နဲ့ အဆင့် ၂ ၊ လက်စတာက ၅၃ မှတ်နဲ့ အဆင့် ၃ ၊ ချဲလ်ဆီးက ၄၈ မှတ်နဲ့ အဆင့်လေး တို့မှာ ရပ်တည် နေကြပြီး ၎င်းတိုရဲ့ နောက်မှာတော့ မန်ယူနိုက်တက် နဲ့ ဝုဖ် တို့က ရပ်တည် နေပါတယ်။

ရှက်ဖီးယူနိုက်တက် ကတော့ ဝုဖ်နဲ့ အမှတ်တူ နေပေမယ့် ဂိုးကွာခြားချက်ကြောင့် အဆင့် ၇ နေရာ မှာ ရပ်တည် နေပြီး လက်စ်ကော့ နဲ့ ဟတ်ဆန် တို့ရဲ့ ရွေးချယ်မှု ထဲမှာ ပါဝင် လာခဲ့ပါတယ်။

ဂိုး – နစ်ပုတ် (ဘန်လေ)

လက်စ်ကော့က “ကျွန်တော်တို့ ဒီအသင်းကို ၂ ပိုင်း ခွဲပြီး ရွေးချယ်လိုက်ပါတယ်။ ကျွန်တော် ကတော့ ခံစစ်ပိုင်း အတွက် တာဝန်ယူလိုက်ပြီး ဂျွန် ကတော့ တိုက်စစ်ပိုင်း အတွက်ပါ။ ဘန်လေဟာ ဒီရာသီမှာ clean sheets ၁၀ ကြိမ်ထိ ရခဲ့ပြီး ဒီနေရာမှာ အထူး လက်စွမ်းပြ ကစား ပေးခဲ့တဲ့ နစ်ပုတ်ကို ဒီနေရာ အတွက် ကျွန်တော် ရွေးလိုက် ပါတယ်။

ခံစစ် – မက်ဇ်အာရွမ် (နော့ဝှစ်) ၊ ဂယ်ရီကာဟေး (ပဲလေ့စ်) ၊ ဂျွန်အီဂန် (ရှက်ဖီး) ၊ ဒန်နီရို့စ် (နယူးကာဆယ်)

ဟတ်ဆန် က “ဒါ့ကြောင့်လည်း debate လို့ ခေါ်တာပါ။ အိမ်မှာ ထိုင်ပြီး ဒီရွေးချယ်မှုကို ကြည့်နေတဲ့ သူတွေ ကတော့ ဒီလူတွေ ဒီအသင်းကို ရွေးလိုက်တာ မယုံနိုင်ဘူး ဆိုပြီး ပြောကြမှာပါ။ ကျွန်တော်တို့ ဘယ်နောက်ခံလူ နေရာ အတွက် ဒန်နီရို့စ်ကို ရွေးခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အဲဗာတန် ရဲ့ လူးကပ်ဒင်း နဲ့ ဘန်လေ ရဲ့ ချာလီတေလာ တို့ကိုလည်း ရွေးချယ်လို့ ရပါတယ်။

ပြီးတော့ ကျွန်တော်တို့ ကာဟေးကို ရွေးလိုက် ပါတယ်။ သူဟာ ကျွန်တော့် အတွက် ကတော့ အရည်အသွေးမြင့် ကစားသမား အဖြစ် ရှိနေဆဲပါ။ ရှက်ဖီးယူနိုက်တက် က အီဂန် ကလည်း ဒီရာသီ အကောင်းဆုံး လုပ်ပြ နေပါတယ်။ ခရစ်ဝိုင်ဒါဟာ တကယ့်ကို ထူးခြား ပြောင်မြောက်လှပြီး တစ်နှစ်တာ အကောင်းဆုံး မန်နေဂျာ ဖြစ်နိုင်ပါတယ်။ ဒီဆု အတွက် ကလော့သာ ရှေ့မှာ ရှိမနေဘူး ဆိုရင်ပေါ့။

ကွင်းလယ် – ဇာဟာ (ပဲလေ့စ်) ၊ ဂရီလစ်ချ် (ဗီလာ) ၊ ကာပူး (ဝက်ဖို့ဒ်) ၊ မက်နေး (ဘန်လေ)

လက်ကော့ း ကျွန်တော် ကတော့ ဂရီလစ်ချ်ဟာ တစ်နှစ်တာ အကောင်းဆုံး အသင်းမှာ ပါနိုင်တယ်လို့ ထင်ပါတယ်။ ဒယ်လီအလီ မပါဘူးလား ဆိုပြီး ငြင်းခုန်မှုတော့ ရှိမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ ကွင်းလယ် တိုက်စစ် ကစားသမား ၁ ဦးသာ ရွေးချယ် နိုင်ခဲ့ပြီး ဒီအတွက် ဂရီလစ်ချ်ကို ဦးစားပေး ခဲ့တာပါ။

ဟတ်ဆန် း ကျွန်တော်တို့ ကာပူး ကိုလည်း ထည့်သွင်း ခဲ့ပါတယ်။ သူဟာ ဝက်ဖို့ဒ်ရဲ့ ပြန်လည် နိုးထလာမှုမှာ အဓိက ကျခဲ့ပြီး သူ့ရဲ့ နည်းစနစ်ပိုင်း အရည်အသွေးဟာ ထူးချွန် ပါတယ်။ ကျွန်တော် တကယ် နှစ်သက်တဲ့ အခြား ကစားသမား ကတော့ ဘန်လေက မက်နေး ပါ။ သူဟာ ဝါရင့် ကစားသမား တစ်ဦးလို ကစား နေပြီး ဖြတ်တင်ဘောတွေ တကယ် ကောင်းပါတယ်။

တိုက်စစ် – အူဘာမီယန်း (အာဆင်နယ်) ၊ ဒန်နီအင့် (ဆောက်သမ်တန်)

ဒန်နီအင့်ဟာ ဒီရာသီမှာ ဂိုးတွေ အများကြီး သွင်းယူ ထားခဲ့ပြီး ယူရိုပြိုင်ပွဲကို နောက်တစ်နှစ် ထပ်ဆုတ်လိုက်တာ ကတော့ သူ့အတွက် စိတ်ပျက်စရာ ဖြစ်ပြီး နောက်နှစ်မှာ လက်ရွေးစင် အသင်းမှာ ပါချင်မှ ပါတော့ မှာပါ။ ဒါပေမယ့် အင့်ဟာ တစ်ကိုယ်ကောင်း မကစားတဲ့ သူပါ။ သူဟာ တွဲဖက် တိုက်စစ်မှုးနဲ့ သာမက တစ်ဦးတည်းလဲ ကစားနိုင် ပါတယ်။ အူဘာမီယန်းဟာ ဘယ်သူနဲ့ မဆို တွဲဖက် ကစား နိုင်စွမ်း ရှိတဲ့ ထိပ်တန်း ကစားသမား တစ်ဦးပါ။

SM ပရိတ်သတ်တွေကော့ လက်စ်ကော့ နဲ့ ဟတ်ဆန် တို့ရဲ့ ရွေးချယ်မှုကို သဘောတူရဲ့လား?