အင်တာ နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ အကြားက ခြားနားချက်ကို ပြောပြသွားတဲ့ လူကာကူ

“ကျွန်တော် အပြင် ထွက်လို့ မရ ပါဘူး ။ လေ့ကျင့်လို့ လည်း မရဘူး ။ အခု ၉ ရက်တောင် ရှိ ပါပြီ ။ အရင် တုန်းက ဘ၀ ကို လွမ်းတယ်ဗျာ” လို့ ထုတ်ဖော် ပြောဆို လာခဲ့သူ ကတော့ အင်တာ မီလန် တိုက်စစ်မှုး ရိုမီရို လူကာကူ ပဲ ဖြစ်ပါတယ် ။ လူကာကူ ဟာ အီတလီ ရဲ့ တစ်နိုင်ငံ လုံး ပိတ်ဆို့မှု ကြောင့် နေအိမ် မှာသာ နေထိုင် နေရပြီး ဘောလုံး လေ့ကျင့်ခန်းတွေ နဲ့ ကင်းကွာ နေရတာ ဟာ သူ့ကို ပျင်းရိငြီးငွေ့ စေခဲ့ ပါတယ် ။

ဒီ အချိန် မှာ လူကာကူ ကို အဖော်ပြု ဖို့ ရောက်လာ သူက တော့ အီယန်ရိုက် ပါပဲ ။ အာဆင်နယ် တိုက်စစ်မှုး ဟောင်းကြီး ဟာ ဗီဒီယို ဖုန်း ခေါ်ဆို ကာ မန်ချက်စတာ ယူနိုက်တက် နဲ့ အဲဗာတန် တိုက်စစ်မှုး ဟောင်း ကို စကား စမြည်ပြောဆို ခဲ့ ပါတယ် ။

အဲ့ဒီ နောက် မှာတော့ လူကာကူ ရဲ့ အီတလီ က လူနေမှု ဘ၀ အကြောင်း ၊ မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်ခွာ ခဲ့မှု နဲ့ ယူဗင်တပ် ကို ငြင်းပယ်ပြီး အင်တာ မီလန် ကို ဘာကြောင့် ရွေးချယ် ခဲ့သလဲ ဆိုတာတွေ ကို မေးမြန်း သွားခဲ့ ပါတယ် ။

“ကျွန်တော် က တိုက်ခန်း နဲ့ နေတာဗျ ။ ဒီတော့ လေ့ကျင့်ဖို့ ဘာပစ္စည်း မှ မရှိ ပါဘူး ။ ကိုယ့်အိမ်မှာ လေ့ကျင့်ဖို့ ဆိုရင် စက်ဘီးနင်းစက် တစ်ခု လောက် ဒါမှ မဟုတ် အပြေးစက် တစ်ခု လောက်တော့ လိုတယ်လေ ။ အသင်း မှာ ကျွန်တော့လို လူတွေ အများကြီး ပဲဗျ ။ ဒီအကြောင်း ပြောပြမှပဲ စက်ဘီးနင်းစက် တစ်ခု ရောက်လာ ခဲ့တာပါ” လို့ လူကာကူ က အိမ်အပြင် မထွက်ရတဲ့ ခံစားချက် ကို ဖွင့်ဟ ခဲ့ ပါတယ် ။

ဆက်လက်ပြီး စီးရီးအေ ရဲ့ လက်ရှိ ချန်ပီယံ ယူဗင်တပ် ကို မပြောင်းရွှေ့ ဘဲ အင်တာ မီလန် ကို ရောက်လာ ခဲ့မှု နဲ့ ပတ်သက်ပြီး “ကျွန်တော် တို့ နီးစပ်ခဲ့ ပါတယ် ။ တကယ်ကို နီးစပ် ခဲ့တာပါ ။ ဒါပေမယ့် ကျွန်တော့ စိတ် က တော့ အင်တာ မှာ ကစားဖို့ ပဲ ရှိခဲ့ တာပါ ။ ငယ်ငယ်လေး ကတည်းက အင်တာ တိုက်စစ်မှုးတွေ ဖြစ်တဲ့ အက်ဒရီယာနို ၊ ရိုနယ်ဒို တို့ ကစားတာတွေ ကို ကြည့်ပြီး ကြီးလာခဲ့ ရတာပါ”

“အင်တာ က တကယ် ကမ်းလှမ်း လာတဲ့ အခါမှာတော့ နည်းပြ ကွန်တီ က အရေးပါ လာခဲ့ ပါတယ် ။ သူ ကျွန်တော့ ကို ချဲလ်ဆီး မှာ ရော ယူဗင်တပ် ကို ကိုင် နေခဲ့တုန်းကပါ ခေါ်ချင် ခဲ့တာပါ ။ အင်တာ ကို ပြောင်းခဲ့ တာ ဟာ သူ့ကြောင့် လို့လည်း ပြောလို့ ရနိုင် ပါတယ် ။ နောက်ပြီးတော့ ကျွန်တော် အဲ့ဒီ ( အီတလီ ) ကို သွားပြီး ကျွန်တော် ဘာလုပ်နိုင်တယ် ဆိုတာ ကိုလည်း ပြချင်ခဲ့ ပါတယ်” လို့ လူကာကူ က ဆိုသွားခဲ့ ပါတယ် ။

လက်ရှိ အင်တာ မီလန် နဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် တို့ရဲ့ အကြားက ခြားနားချက် တွေ ကို မေးမြန်း တဲ့ အခါ မှာတော့ “လေ့ကျင့်ခန်းတွေ က ကွဲပြား ပါတယ်။ ဒီမှာ က ပိုပြင်းထန် ပါတယ် ။ မယုံရင် အက်ရှ်လေ ယန်း ကို မေးကြည့်ပါ ။ ဒီမှာ က အသင်း က အသင်း နဲ့ တူပါတယ် ။ ပိုပြီး စည်းစည်း လုံးလုံး ရှိပါတယ်” လို့ ဖြေကြားခဲ့ ပါတယ် ။

ဆက်လက်ပြီး “အသင်း တစ်သင်းလုံး စုပြီး တစ်ပတ် ကို ၂ ခါ ၃ ခါ လောက် ညစာ အတူ စားဖြစ်ကြ တယ် ။ အားလုံး လာကြပါတယ် ။ ဘယ်သူ မှ မကျန်ခဲ့ကြ ပါဘူး ။ တစ်ခါ တစ်လေ မှ သာ ၁ ယောက် ၂ ယောက်လောက် လိုခဲ့ တာပါ ။ ဒါကြောင့် ဒီမှာ က ပိုပြီး စည်းစည်း လုံးလုံး ရှိတယ်လို့ ခံစား မိပါတယ်”

“ကစားပုံ အရပြောရရင်တော့ ကျွန်တော်တို့ အသင်းက ဒီ လိဂ် မှာ အကြမ်းဆုံး နဲ့ အားထုတ်မှု အပြင်းဆုံး အသင်း ပါပဲ ။ ဒီလို ဖြစ်လာအောင် နည်းပြက အမြဲ လှုံ့ဆော် ပေးနေ တာပါ ။ မာမာ ထန်ထန် ကစားမယ် ၊ ဖိမယ် ၊ ကာယပိုင်း ကို များများ သုံးမယ် ၊ ဒါတွေ က အင်တာ မီလန် ရဲ့ ကစားပုံပါ” လို့ လူကာကူ က ပြောဆို သွားခဲ့ ပါတယ် ။

လူကာကူ ရဲ့ ဒီရာသီ အင်တာ မီလန် အသင်း သားဘ၀ မှတ်တမ်း –
စီးရီးအေ – ၂၅ ပွဲ ကစား – 17 ဂိုးသွင်း ၊ ၂ ဂိုး ဖန်တီး
ချန်ပီယံလိဂ် – ၅ ပွဲ ကစား – ၂ ဂိုးသွင်း – ၂ ဂိုး ဖန်တီး

SPORTS MYANMAR