ဟားလန်းကို ဘာနေဗျူးဆီ မပြောင်းဖို့ သတိပေးလိုက်တဲ့ ရီးယဲ မက်ဒရစ် ကစားသမားဟောင်း

လီဗာပူး နဲ့ ရီးယဲ မက်ဒရစ် အသင်း တို့ရဲ့ ကွင်းလယ် ကစားသမား ဟောင်း တစ်ဦး ဖြစ်သူ စတိဗ် မက်မာနာမန် က ဒေါ့မွန် အသင်း ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ဖြစ်သူ အားလင်း ဟားလန်း ကို ရီးယဲ မက်ဒရစ် အသင်း ဆီ မပြောင်းရွှေ့ ဖို့ မှာကြား သွားခဲ့ လိုက် ပါတယ် ။

ဆဲဘ်ဘတ် အသင်း ရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်သူ ကို ပြီးခဲ့တဲ့ အပြောင်းအရွှေ့ တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်း မှ ခေါ်ယူ ချင်ခဲ့ ပေမယ့် ကစားသမား ရဲ့ စာချုပ် ဖျက်သိမ်းကြေး နဲ့ အနာဂတ် မှာ ပြန်လည် ရောင်းချရေး ဆိုင်ရာ တွေမှာ အရှုပ်အရှင်း ရှိနေ ခဲ့တဲ့ အတွက် မခေါ်ယူ ဖြစ်ခဲ့ ပါဘူး ။

နောက်ဆုံး မှာတော့ ဟားလန်း ဟာ ဂျာမန် ထိပ်သီး ဒေါ့မွန် အသင်း ဆီကို ပြောင်းရွှေ့ သွားခဲ့ ပါတယ် ။ အဲ့ဒီ မှာတော့ သူဟာ အထင်ကြီးဖွယ် ကောင်းတဲ့ ခြေစွမ်း ကောင်း တွေကို ဆက်လက် ပြသရင်း ဂိုးတွေ သွင်းယူ နိုင်ခဲ့တာ ကြောင့် ဥရောပ ထိပ်သီး ကလပ် တွေရဲ့ စောင့်ကြည့် ခြင်းကို ခံနေ ရဆဲ ပါပဲ ။

အသက် 19 နှစ် အရွယ် ဟားလန်း ကို ခေါ်ယူ လိုနေတဲ့ အဆိုပါ အသင်း တွေ ထဲမှာ တော့ အလားအလာ ကောင်းတဲ့ တိုက်စစ်မှူး တစ်ဦး ကို ခေါ်ယူ လိုချင် ကြတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ ရီးယဲ မက်ဒရစ် အသင်း တို့လည်း ပါဝင် နေကြ တယ်လို့ သိရှိရ ပါတယ် ။

ဒါပေမယ့် မက်မာနာမန် ကတော့ ဟားလန်း အနေ နဲ့ ဒေါ့မွန် မှာ ကစားတာ သိပ်ပြီး မကြာ သေးတဲ့ အတွက် ဂျာမန် ကလပ် မှာပဲ ဆက်လက် ရှိနေသင့် သေးကြောင်း ၊ လာလီဂါ ကို ပြောင်းရွှေ့ ဖို့ ဒါဟာ အချိန်ကောင်း တစ်ခု မဟုတ် သေးကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ဟားလန်း အတွက် ဒေါ့မွန် အသင်း ကို စွန့်ခွာ ဖို့ ဒါဟာ အရမ်း စောလွန်း နေပါ သေးတယ် ။ သူ ကိုယ်တိုင် လည်း ဒေါ့မွန် အသင်း မှာ ပျော်ရွှင် နေပုံ ပါပဲ ။ အဲ့တာ ထက် ပိုပြီး အရေးကြီး တာက သူဟာ ပုံမှန် ပွဲထွက်ခွင့် တွေကို ရရှိ နေပြီး ဂိုးတွေ များစွာ သွင်းယူ ပြနိုင် နေတာ ပါပဲ ”

” ဒါ့ကြောင့် သူ့ အနေ နဲ့ ဒေါ့မွန် အသင်း မှာပဲ ဆက်လက် ရှိနေ သင့် ပါတယ် ။ သူ့ အနေ နဲ့ ဒေါ့မွန် အသင်း မှာ နောက်ထပ် နှစ်နှစ် လောက် ဆက်လက် ရှိနေ ပြီး ပွဲစဉ် များစွာ ကို ဆက်လက် ကစား သင့်ပါ သေးတယ် ။ သူ့ အတွက် အတွေ့အကြုံ တွေ ရှာဖို့ လိုအပ် နေပါတယ် ”

” သူဟာ ဒေါ့မွန် အသင်း အတွက် ပွဲ 200 လောက် ကစား ပေးပြီး ၊ ချန်ပီယံ လိဂ် မှာလည်း ပွဲ 20 ၊ 30 လောက် ကစား ပေးရင်း အတွေ့အကြုံ ကောင်းတွေ ပိုင်ဆိုင် သွားမှ အသင်း ပြောင်းရွှေ့သင့် ပါတယ် ။ သူ့ အနေ နဲ့ ကောင်းမွန် တဲ့ အနာဂတ် တစ်ခု ကို ပိုင်ဆိုင် နိုင်ဖို့ အဲ့တာ လုပ်ဆောင်သင့် ပါတယ် ”

” သူ့ အနေ နဲ့ တစ်ခါ ထဲ ရီးယဲ မက်ဒရစ် အသင်း ဆီကို ခုန်ကူး သွားလို့ မရနိုင် ပါဘူး ။ ဒီ ရာသီ လူကာ ဂျိုဗစ် ရီးယဲ မှာ ဘာဖြစ် နေလဲ ဆိုတာ ခင်ဗျား တို့ မြင်တွေ့ နေရ ပါတယ် ။ သူဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက အထူး တောက်ပ နိုင်ခဲ့ ပေမယ့် အခုတော့ ရီးယဲ မက်ဒရစ် မှာ ကစား ခွင့် ပိုင်ဆိုင် နိုင်ဖို့ ၊ ခြေစွမ်း ပြနိုင် ဖို့တောင် ရုန်းကန် နေရ ပါတယ် ”

” ဟားလန်း အနေ နဲ့လည်း အဲ့ဒီလို ဖိအား တွေကို မခံယူ သင့်သေး ပါဘူး ။ ရီးယဲ မက်ဒရစ် က ကိုင်လီယံ အမ်ဘက်ပီ ကိုလည်း စိတ်ဝင်စား နေတယ် လို့ ကျွန်တော် ကြားနေရ ပါတယ် ။ ဒါ့ကြောင့် သူတို့ နှစ်ယောက်လုံး ရီးယဲ မှာ တစ်ချိန်ထဲ ရောက်သွား ကြလို့ အဆင်ပြေ နိုင်မှာ မဟုတ် ပါဘူး ” လို့ မက်မာနာမန် က ဟားလန်း ကို သတိပေး စကား ပြောကြား သွားခဲ့ ပါတယ် ။

#Sports_Myanmar