ယူနိုက်တက် ဂန္ဓဝင် ဘရိုင်ယန် ရော့ဘ်ဆင် ကို အတုယူဖို့ ဟယ်ရီကိန်း ကို တိုက်တွန်း သွားတဲ့ ဂျွန်ဘန်းစ်

လီဗာပူး အသင်း ရဲ့ ဂန္ဓဝင် ကစားသမား ဟောင်း ဖြစ်သူ ဂျွန်ဘန်းစ် က အင်္ဂလန် လက်ရွေးစင် အသင်း ရဲ့ တိုက်စစ်မှူး ဖြစ်သူ ဟယ်ရီကိန်း အနေ နဲ့ သတင်း တွေ ထွက်ပေါ် နေတဲ့ မန်ချက်စတာ အခြေစိုက် အသင်း တွေဆီ ပြောင်းရွှေ့မယ့် အစား တော့တင်ဟမ် ဟော့ စပါး အသင်း မှာပဲ ပရိသတ် တွေရဲ့ မေတ္တာ တွေကို ခံယူဖို့ တိုက်ပွဲဝင် သင့်ကြောင်း တိုက်တွန်း သွားခဲ့လိုက် ပါတယ် ။

လက်ရှိ အချိန် မှာတော့ တိုက်စစ်မှူး တစ်ဦး ကို အလို ရှိနေ တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဟယ်ရီကိန်း ကို ပစ်မှတ် ထားနေ တယ်လို့ သိရပြီး မန်စီးတီး နဲ့ ဂျူဗင်တပ် အသင်း တို့ ကလည်း တိုက်စစ် ပိုင်းကို အင်အား ဖြည့်တင်း ဖို့ အတွက် ဟယ်ရီကိန်း ကို စောင့်ကြည့် နေတယ် လို့ သတင်း တွေ ထွက်ပေါ် နေခဲ့ ပါတယ် ။

ဒါပေမယ့် လက်ရှိ ဘောလုံး ရာသီ အတွင်း ပိုချက်တီနို ရဲ့ လက်အောက် မှာ ခြေစွမ်းကောင်း တွေ ပြသ နိုင်ဖို့ ရုန်းကန် နေခဲ့ရ သလို ဟိုဆေး မော်ရင်ဟို ရဲ့ လက်အောက် မှာ ဒဏ်ရာ ပြသနာ တွေကြောင့် ရုန်းကန် နေခဲ့ ရတဲ့ ဟယ်ရီကိန်း အနေ နဲ့ လန်ဒန် အခြေစိုက် ကလပ် မှာပဲ ရှိနေ သင့်တယ် လို့ ဂျွန် ဘန်းစ် က ဘရိုင်ယန် ရော့ဘ်ဆင် နဲ့ ဥပမာ ပေးရင်း တိုက်တွန်း သွားခဲ့ လိုက် ပါတယ် ။

” အကယ်လို့ တော့တင်ဟမ် ဟော့ စပါး အသင်း ကိုသာ ချစ်တယ် ၊ တော့တင်ဟမ် ဟော့ စပါး အသင်း ရဲ့ ပရိသတ် တစ်ဦး အဖြစ် ရှိ နေတယ် ဆိုရင် ဟယ်ရီကိန်း အနေ နဲ့ လက်ရှိ အသင်း ကနေ မထွက်ခွာသင့် ပါဘူး ။ သူ့ အနေ နဲ့ လန်ဒန် မြေမှာ ပဲ ဆက်လက် ရှိ နေသင့် ပါတယ် ”

” အကယ်လို့ ကစားသမား အားလုံး က ဆု ဖလား တွေကို ဆွတ်ခူး နိုင်ဖို့ အတွက် အသင်း ကနေ ထွက်ခွာ လို ကြတယ် ဆိုရင် သူတို့ အားလုံး ဟာ ဘာစီလိုနာ ၊ ရီးယဲ မက်ဒရစ် ၊ မန်စီးတီး နဲ့ လီဗာပူး အသင်း တွေဆီ ရောက်ရှိ သွားကြ ပါ လိမ့်မယ် ။ အဲ့ဒီ လိုသာ ဆိုရင် အသင်း မှာ လူတောင် ကျန်မှာ မဟုတ် ပါဘူး ”

” ခင်ဗျား က တော့တင်ဟမ် ပရိသတ် တစ်ယောက် ၊ တော့တင်ဟမ် အသင်း အတွက် ကစားပေး လိုသူ တစ်ယောက် ဆိုတာ သိရှိ နေရင် တော့တင်ဟမ် မှာပဲ ဆက်နေပြီး အသင်း ကို အောင်ပွဲတွေ ရရှိအောင် ကူညီ ပေးလိုက် ပါ ။ ဥပမာ အနေ နဲ့ ပြောရရင် မန်ချက်စတာ ယူနိုက်တက် အသင်း က ဘရိုင်ယန် ရော့ဘ်ဆင် ကို အတုယူသင့် ပါတယ် ”

” အဲ့ဒီ အချိန် တုန်းက သူဟာ ယူနိုက်တက် နဲ့ အင်္ဂလန် အသင်း ခေါင်းဆောင် ဖြစ်ခဲ့ ပါတယ် ။ သူသာ အလိုရှိ နေရင် ပုံစံကောင်း ပျောက်ဆုံး နေတဲ့ ယူနိုက်တက် ကနေ အလွယ်တကူ ထွက်ခွာ နိုင်ခွင့် ရှိခဲ့ ပါတယ် ။ ဒါပေမယ့် သူက မန်ချက်စတာ ယူနိုက်တက် အသင်း မှာပဲ ဆက်နေ ပြီး အသင်း ကို အောင်မြင်မှု ရရှိ စေရေး မှာ ကူညီ ပေးသွား ဖို့ ဆုံးဖြတ်ခဲ့ ပါတယ် ” လို့ ဂျွန်ဘန်းစ် က ဥပမာ ပေးသွား ခဲ့လိုက် ပါတယ် ။

လက်ရှိ အချိန် မှာတော့ ကူးစက် ရောဂါ ပျံ့နှံ့မှု အနေအထား တွေဟာ ဆိုးရွားလွန်း နေခဲ့တဲ့ အတွက် ပရီးမီးယား လိဂ် ပွဲစဉ် တွေကို ဧပြီ လကုန် အထိ ကစားခွင့် ရွှေ့ဆိုင်း ထားခဲ့ သလို ယူရို 2020 ပြိုင်ပွဲ ကိုလည်း 2021 ခုနှစ် ရောက်မှ ပြန်လည် ကစား ဖို့ အတွက် ရွှေ့ဆိုင်း ထားခဲ့ ပါတယ် ။

ဒါဟာ ယခင် တုန်းက ဒဏ်ရာ ပြသနာ ကြောင့် ယူရို ပြိုင်ပွဲ ကို လွဲချော် နိုင်ခွင့် ရှိနေ ခဲ့တဲ့ ဟယ်ရီကိန်း အတွက်တော့ အပေါင်း လက္ခဏာ ဆောင်ခဲ့ ပါတယ် ။ ဒီလိုသာ ဆိုရင် သူဟာ ယူရို ပြိုင်ပွဲ မှာ အင်္ဂလန် လက်ရွေးစင် အသင်း အတွက် ပြန်လည် ကစားပေး နိုင်ခွင့် ပိုင်ဆိုင် နိုင်ပါ လိမ့်မယ် ။

#Sports_Myanmar