ငယ်စဉ်တုန်းက ငွေမရှိလို့ မလုပ်နိုင် ခဲ့တဲ့ အရာ တစ်ခု အကြောင်း ဖွင့်ဟ ပြောကြား လိုက်တဲ့ အစ်ဂ်ဟာလို

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ် ကစားသမား ဖြစ်သူ အိုဒီယံ အစ်ဂ်စာလို က သူဟာ နိုက်ဂျီးရီးယား မှာ ကြီးပြင်း ခဲ့စဉ် တုန်းက ယူနိုက်တက် ဂျာစီ ကို ဝတ်ဆင် နိုင်ခဲ့ ပေမယ့် သူ နှစ်သက် တဲ့ ကစားသမား ရဲ့ နာမည် ကို နောက်ကျော မှာ ရေးထိုး နိုင်ဖို့ အတွက် ငွေ မရှိ ခဲ့ကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အစ်ဂ်ဟာလို ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း ကို ငယ်စဉ် ကတည်းက အားပေး ခဲ့သူ တစ်ဦး ဖြစ်ပြီး အသက် 30 ရောက်တဲ့ အခါ မှ တရုတ် ကလပ် ရှန်ဟိုင်း ရှင်ဟွာ အသင်း မှ မန်ချက်စတာ ယူနိုက်တက် အသင်း ဆီကို ရာသီကုန် အထိ အငှား ပြောင်းရွှေ့ ကစား ခွင့် ပိုင်ဆိုင် နိုင်ခဲ့ သူပဲ ဖြစ်ပါတယ် ။

အစ်ဂ်ဟာလို ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း ကို စတင် ပြောင်းရွှေ့ ရောက်ရှိ ခါစ တုန်းက သူ့ရဲ့ အေးဂျင့် ဖြစ်သူ အတ်တာ အနီကီ က အပြာရောင် ယူနိုက်တက် ဂျာစီ ကို ဝတ်ဆင် ထားတဲ့ အစ်ဂ်ဟာလို ရဲ့ ငယ်စဉ် က ပုံရိပ် တစ်ခု ကို လူမှု ကွန်ယက် အပေါ် တင်ခဲ့ ပါ သေးတယ် ။

အဲ့တာ က 2005 – 06 ခုနှစ် တုန်းက ယူနိုက်တက် အသင်း ရဲ့ တိုက်စစ် မှာ စီ ရော်နယ်ဒို ၊ ဝိန်း ရွန်းနီ နဲ့ ရုဒ် ဗန် နစ္စတယ်ရွိုင်း တို့ ကစား ခဲ့စဉ် တုန်းက ဝတ်ဆင် ခဲ့တဲ့ Vodafone ဂျာစီ ပဲ ဖြစ်ခဲ့ ပါတယ် ။ အဆိုပါ ဂျာစီ ကိုတော့ ယူနိုက်တက် တို့ တစ်နှစ်သာ ဝတ်ဆင်ခဲ့ ရပြီး နောက်နှစ် မှာတော့ AIG နဲ့ စာချုပ် ချုပ်ဆို ခဲ့ကြ ပါတယ် ။

ဒါပေမယ့် အစ်ဂ်ဟာလို ရဲ့ Idol တွေ ကတော့ အင်ဒီကိုးလ် နဲ့ ဒွိုက်ယော့ခ် တို့ပဲ ဖြစ်ခဲ့ ကြ ပါတယ် ။ ဒါပေမယ့် အဆိုပါ ကစားသမား နှစ်ဦး ဟာ 2001 နဲ့ 2002 ခုနှစ် တွေမှာ တော့ ဘလက်ဘန်း အသင်း ဆီကို ပြောင်းရွှေ့ သွားခဲ့ ကြသူ တွေပဲ ဖြစ်ခဲ့ ကြ ပါတယ် ။ အခုတော့ အစ်ဂ်ဟာလို က ….

” ကျွန်တော့် ဆီမှာ ယူနိုက်တက် ဂျာစီ ရှိခဲ့ ပေမယ့် နောက်ကျော မှာတော့ ကစားသမား နာမည် မရှိခဲ့ ပါဘူး ။ အဲ့ဒီ ဂျာစီ ဟာ ဟောင်းသွား ခဲ့ပြီ ဖြစ်တဲ့ အပြာရောင် ဂျာစီ လေးပါ ။ ဒါပေမယ့် နောက်ကျော မှာတော့ ဘယ်သူ့ နာမည် မှ မရေးထိုး နိုင်ခဲ့ ပါဘူး ”

” အဲ့ဒီ တုန်းက ကျွန်တော် တို့ဟာ နောက်ကျော မှာ နာမည် ရေးထိုး ဖို့ အတွက် ပိုက်ဆံ ပေး ရတယ် လေ ။ ကျွန်တော့် မှာ အဲ့တာ အတွက် ပေးချေ ဖို့ ပိုက်ဆံ မရှိခဲ့ ပါဘူး ။ ဒါ့ကြောင့် ကျွန်တော် ဟာ နာမည် မပါတဲ့ ယူနိုက်တက် ဂျာစီ လေး နဲ့ပဲ ကျေနပ် နေခဲ့ရ ပါတယ် ”

” အဲ့တာ လေးက အပြာရောင် လေးပါ ၊ အချိန် ကတော့ အတော်လေး ကြာခဲ့ ပါပြီ ။ ကျွန်တော် ဟာ အဲ့ဒီ တုန်းက အရမ်း အရမ်း ငယ်ရွယ် သေးတဲ့ အတွက် ဘယ် ဘောလုံး ရာသီ ရဲ့ ဂျာစီ လဲ ဆိုတာ ကိုတော့ မမှတ် မိတော့ ပါဘူး ” လို့ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အဆိုပါ အချိန် တုန်းက တော့ အစ်ဂ်ဟာလို ဟာ ယူနိုက်တက် ပွဲစဉ် တွေကို ကြည့်ရှု နိုင်ဖို့ အတွက် မုန့်ဖိုး တွေကို ချွေတာ ခဲ့ပြီး ပွဲ ရှိတဲ့ ရက်စွဲ တွေမှာ အမြဲတမ်း စောင့်ကြည့် ဖြစ်ခဲ့ကြောင်း ၊ အခုတော့ အိုးလ် ထရပ်ဖို့ဒ် မှာ သူ ကစား နေတာ ကို လူတွေ စောင့်ကြည့် နေကြ ရပြီ ဖြစ်ကြောင်း ဆက်လက် ပြောကြား သွားခဲ့ ပါတယ် ။

” အဲ့ဒီ တုန်းက ကျွန်တော် တို့ဟာ အားကစား ရုံကို သွားရောက် ပြီး ဘောလုံး ပွဲတွေ ကို တီဗွီ က တစ်ဆင့် ငွေပေး ကြည့်ရှု ခဲ့ရ ပါတယ် ။ အဲ့ဒီ တုန်းက ယူနိုက်တက် ပွဲ ရှိတိုင်း ကျွန်တော့် အစ်မ နဲ့ အတူ သွားကြည့် ခဲ့ရတာ ပေါ့ဗျာ ။ အဲ့ဒီ တုန်းက ပွဲတွေ ကြည့်ဖို့ မုန့်ဖိုး ထဲက စုဆောင်း ခဲ့ရ ပါတယ် ”

” အခုတော့ ကျွန်တော် ယူနိုက်တက် မှာ ကစား နေတာ ကို သူတို့ တွေ ကြည့်ရှု နေကြ ရ ပါပြီ ။ နိုင်ဂျီးရီးယား ဟာ ယူနိုက်တက် ပရိသတ် များတဲ့ နေရာ တစ်ခု ပါ ၊ အခုတော့ ပိုပြီး အင်အား တောင့်တင်း နေပါပြီ ။ အခုတွေ လူတွေ အားလုံး က ကျွန်တော် ကစားတာ ကို စောင့်ကြည့် ချင်ကြတယ် လို့ မက်ဆေ့ ပိုနေ ကြ ပါပြီ ။ အဲ့တာ နဲ့ ပတ်သက်လို့ ကျွန်တော် ပျော်ရွှင်မိ ပါတယ် ” လို့ အစ်ဂ်ဟာလို က ပြောကြား သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar