စီးရီးအေ ကြယ်ပွင့် ၃ဦး အတွက် ပေါင်သန်း ၂၀၀ အသုံးပြုသွားမယ့် … နောက်ဆုံးရ ချယ်လ်ဆီး သတင်းများ

Daily Mail ရဲ့ ယနေ့ ညနေ သတင်း ဖော်ပြချက် တခု အရ ချယ်လ်ဆီး အသင်း ဟာ လာမယ့် အပြောင်းအရွှေ့ မှာ စီးရီးအေ ကြယ်ပွင့် ၃ဦး ဖြစ်တဲ့ အင်တာမီလန် တိုက်စစ်မှူး လော်တရို မာတီနက်ဇ် ၊ ယူဗင်တပ် ကွင်းလယ်လူ မာရလမ် ပီယာနစ် ၊ အေစီမီလန် ဂိုးသမား ဒွန်နာရမ်မာ တို့ကို ခေါ်ယူဖို့ ပေါင်သန်း ၂၀၀ အထိ သုံးစွဲသွားမယ် လို့ သိရပါတယ် ။

လော်တရို မာတီနက်ဇ် ဟာ လောလောဆယ် မှာတော့ ဘာစီလိုနာ အသင်း နဲ့ အတော်လေး သတင်း ထွက်နေတဲ့ တိုက်စစ်မှူး ဖြစ်ပြီး ပေါင်သန်း ၁၀၀ နဲ့ ခေါ်ယူဖို့ ယင်း ကတ်တလန် အခြေစိုက် ကလပ် က စောင့်ကြည့်နေတယ် လို့ သိရပါတယ် ။ ဘာကာ နဲ့ အပြိုင် ချယ်လ်ဆီး ဖက်ကလည်း မာတီနက်ဇ် အတွက် ပေါင်သန်း ၁၀၀ နဲ့ ကမ်းလှမ်းဖို့ အသင့် ဖြစ်နေတယ် လို့ Daily Mail က ဖော်ပြခဲ့တာ ဖြစ်ပါတယ် ။

ယူဗင်တပ် ကွင်းလယ်လူ ပီယာနစ် ကိုတော့ ချယ်လ်ဆီး ဖက်က ကွင်းလယ်လူ ဂျော်ဂျင်ဟို နဲ့ အလဲအထပ် ပြုလုပ်သွားဖို့ ရှိတယ် လို့ မနေ့က သတင်းတွေ အရ သိရပြီး ၊ ဆာရီ ဖက်ကသာ ဂျော်ဂျင်ဟို ကို တူရင် သို့ ခေါ်ဖို့ အလိုရှိတယ် ဆိုရင်တော့ ဒီ အပြောင်းအရွှေ့ အထမြောက်မှာ ဖြစ်ပါတယ် ။မီလန် ဂိုးသမား ဒွန်နာရမ်မာ ကတော့ လာမယ့် ရာသီ မှာ တခြား ဥရောပ ကလပ် တသင်းသင်း သို့ ပြောင်းရွှေ့တော့မယ် လို့ သတင်း တွေ ထွက်ပေါ်နေပြီး ၊ ၎င်း ကိုယ်တိုင် ကလည်း အင်္ဂလိပ်စကား သင်ယူနေတယ် လို့ အီတလီ မီဒီယာ တွေက ဖော်ပြနေကြပါတယ် ။ မီလန် ဖက်ကတော့ ၎င်းအတွက် ပေါင်သန်း ၅၀ အလိုရှိနေပါတယ် ။

အီတလီ သတင်း Corriere Dello Sport ကတော့ စီးရီးအေ ကလပ် အင်တာမီလန် နဲ့ လာဇီယို တို့ဟာ ချယ်လ်ဆီး ဝါရင့် တိုက်စစ်မှူး အိုလီဗီယာ ဂျရူး ကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ က အတိုင်း စိတ်ဝင်စားနေမြဲ ဖြစ်တယ် လို့ ဖော်ပြလာပါတယ် ။

ဂျရူး ဖက်ကတော့ လန်ဒန် မှာပဲ ဆက်လက် နေထိုင်လိုပြီး ၊ ၎င်းကို ချယ်လ်ဆီး မြို့ခံ ပြိုင်ဖက် တော့တင်ဟမ် အသင်း ကလည်း ခေါ်ယူဖို့ စောင့်ကြည့်မှု တွေ ပြုလုပ်နေပါတယ် ။ တဖက်မှာလည်း ဂျရူး ဟာ ချယ်လ်ဆီး ဖက်မှ စာချုပ်သစ် ကမ်းလှမ်းလာပါက လက်ခံ စဉ်းစားပေးဖို့လည်း ရှိနေတယ် လို့ အရင် က အင်တာဗျူး တွေမှာ ဆိုခဲ့ပါသေးတယ် ။ဂိုးသမား တဦး ကို လာမယ့် အပြောင်းအရွှေ့ မှာ ချယ်လ်ဆီး တို့ ခေါ်ယူဖို့ စုံစမ်းမှု တွေ လုပ်နေဆဲ ဖြစ်ပေမယ့် ၊ ချယ်လ်ဆီး ဂိုးသမား ကီပါ ကတော့ လက်ရှိ ပထမ ဂိုးသမား နေရာ အတွက် တိုက်ပွဲဝင်နေဦးမှာ ဖြစ်တယ် လို့ Daily Mail က ဖော်ပြလာခဲ့ပါတယ် ။

လောလောဆယ် မှာ ချယ်လ်ဆီး အသင်း ဟာ ဂိုးသမားသစ် တဦး ဖြည့်တင်းဖို့ အတွက် အက်သလက်တီကို ဂိုးသမား ဂျန်အိုဘလက် ၊ အေစီမီလန် ဂိုးသမား ဒွန်နာရမ်မာ ၊ မန်ချက်စတာ ယူနိုက်တက် အကယ်ဒမီထွက် ( ရှက်ဖီးလ်ယူနိုက်တက် သို့ အငှား ကစားနေတဲ့ ) ဂိုးသမား ဒင်း ဟန်ဒါဆင် တို့ကို အဓိက ပစ်မှတ်ထားနေပါတယ် ။Evening Standard ကတော့ ချယ်လ်ဆီး အသင်း ရဲ့ ပစ်မှတ် ဆက်ဆူအိုလို အသင်း ရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဂျရေမီ ဘိုဂါ ဟာ လာမယ့် ဘောလုံး ရာသီ မှာ လန်ဒန် သို့ ပြန်လည် ပြောင်းရွှေ့ လိုနေပြီး ၊ ချယ်လ်ဆီး အသင်း ဖက်မှ Buy-back အခွင့်အရေး ပေါင်သန်း ၂၀ နဲ့ ကမ်းလှမ်းမှု ကို လက်ခံ စဉ်းစားဖွယ်ရှိတယ် လို့ ဖော်ပြလာပါတယ် ။ ဘိုဂါ ကို ခေါ်ယူဖို့ တော့တင်ဟမ် အသင်း ကလည်း စိတ်ဝင်စားနေတယ် လို့ သိရပါတယ် ။

ချယ်လ်ဆီး အသင်း ဟာ လာဇီယို အသင်း ရဲ့ အသက် ၃၂ နှစ် အရွယ် ဝါရင့် ခံစစ်မှူး ဖရန်ဆက်စကို အဆာဘီ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ် လို့ အီတလီ မီဒီယာ Football Italia ရဲ့ ဖော်ပြချက် အရ သိရပါတယ် ။ အဆာဘီ ဟာ ဒီရာသီ မှာ လာဇီယို အသင်း နဲ့ အတူ အထူး ခြေစွမ်းပြသနေတဲ့ ခံစစ်မှူး ဖြစ်ကာ ၊ ၎င်းကို အင်တာမီလန် ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါသေးတယ် ။

SPORTS MYANMAR