လာလီဂါ ကို အပြီးပိုင် ရပ်နားဖို့ စဉ်းစားနေပြီလို့ ဝန်ခံသွားတဲ့ ဥက္ကဌ တီဗက် နဲ့ နံနက်ခင်း သတင်းများ

• ချဲဆီး အသင်းရဲ့ ကွင်းလယ် ကစားသမားဟောင်း ဆက် ဖာဘရီဂတ် ကတော့ သူဟာ စတမ်းဖို့ဒ်ဘရစ်ချ် မှာ ရှိနေစဉ် အချိန်က ၊ ပင်နယ်တီ ကန်သွင်းမှု နဲ့ ပတ်သက်ပြီး ဂိုးသမား ကာဗယ်လာရို နဲ့ အလောင်းအစား ပြုလုပ်ရာ ရှုံးနိမ့်ခဲ့ဖူးတယ်လို့ ဝန်ခံ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ အဲဒီ အလောင်းအစား ဟာ အမှတ်တမဲ့ ဖြစ်ပေမယ့် ၊ ကာဗယ်လာရို အနေနဲ့ ပင်နယ်တီကိုသာ ကာကွယ်နိုင်ခဲ့မယ် ဆိုရင် Range Rover တစ်စီး ဝယ်ပေးမယ်လို့ စကားခံမိခဲ့တာကြောင့် ၊ နောက်ပိုင်းမှာ တကယ်ဝယ်ပေးခဲ့ပါတယ်။ သို့သော် ကားအသစ်လို့ စကားထဲမှာ ထည့်မပြောခဲ့မိလို့ ၊ အဟောင်းတစ်ဦးကို ပေါင် 950 နဲ့ ဝယ်ပေးခဲ့တာ ဖြစ်တယ်လို့ ပြောဆိုသွားခဲ့ ပါတယ်။

• စပါး အသင်းရဲ့ ကွင်းလယ် ကစားသမား ဗာတွန်ဂမ် ဟာ လိုက်ပ်ဇစ် နဲ့ ကစားဖို့ ဂျာမဏီကို ရောက်ရှိနေစဉ်မှာပဲ ၊ အိမ်မှာ ကျန်ခဲ့တဲ့ မိသားစုဝင်တွေ အားလုံး ဓါးပြတိုက်ခံခဲ့ရတယ်လို့ သိရပါတယ် ။ ရဲတပ်ဖွဲ့ သတင်းတွေ အရတော့ ဓါးတွေ ကိုင်ဆောင်ထားတဲ့ လူ 4 ယောက်ဟာ အိမ်ထဲကို ဝင်လာပြီး ၊ တန်ဖိုးရှိ ပစ္စည်းတွေကို သယ်ဆောင်သွားခဲ့ကြတယ်လို့ ဆိုပါတယ်။ အဆိုးထဲ
က အကောင်းတစ်ခုက ဘယ်သူမှတော့ ထိခိုက် ဒဏ်ရာ ရရှိခဲ့ခြင်း မရှိပါဘူး။

• ရီးရဲ မက်ဒရစ် က ခေါ်ယူဖို့ သတင်းကြီးခဲ့ဖူးတဲ့ အေဂျက် အသင်းရဲ့ ကွင်းလယ် ကစားသမား ဘန်ဒီဘိခ် ကို ခေါ်ယူဖို့ အတွ
က် ယူနိုက်တက် က ရှေ့ဆုံးကနေ နာမည်ထွက်လာပါတယ်။ ကစားသမား ကိုယ်တိုင်ကလဲ ဒီရာသီ အကုန်မှာ သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး စဉ်းစားလာဖွယ် ရှိနေတယ်လို့ ပြောဆိုထားတာကြောင့် ၊ ဘန်ဒီဘိခ် ရဲ့ သတင်းတွေဟာ အပြောင်းအရွှေ့ ကာလ ရောက်တာ နဲ့ ကျယ်လောင် လာဖွယ် ရှိနေပါတယ်။

• ရှန်ဟိုင်း ရှန်ဟွာ အသင်းရဲ့ တိုက်စစ်မှုး အီဂါလို ဟာ ယူနိုက်တက် ဆီ ကို အပြီးသတ် ပြောင်းရွှေ့ခွင့် ရဖို့အတွက် လစာ လျှော့ယူသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။ သူ့ရဲ့ လက်ရှိ လုပ်ခ လစာ ဟာ တစ်ပတ်အတွက် ပေါင် 240000 ရှိနေပြီး ၊ အပြီးသတ် ပြောင်းခွင့် ရမယ် ဆိုပါက 50% အထိ လျှော့ယူသွားဖွယ် ရှိနေတယ်လို့ ဆိုပါတယ်။

• ပရီးမီးယားလိဂ် ပွဲစဉ်တွေ ရပ်ဆိုင်းထားတဲ့ အချိန်မှာ ၊ မန်စီးတီး ကတော့ ဒီဘရိုင်း နဲ့ စတာလင် တို့ရဲ့ စာချုပ်သစ် ကိစ္စကို ဆွေးနွေးဖို့ ကြိုးစားလျှက် ရှိနေပါတယ်။ ကစားသမား တွေရဲ့ စာချုပ်သက်တမ်းဟာ အများကြီး ကျန်သေးသည့်တိုင်အောင် ၊ အသင်းကတော့ အီတီဟတ်မှာ ဆက်ရှိနေတာ သေချာစေဖို့ အတွက် နောက်ထပ် အကျိုးခံစားခွင့်တွေ တိုးပေးပြီး ချုပ်ဆိုချင်နေတာပါ။

• နောက်တန်း ခံစစ်မှုး တစ်ယောက် ထပ်ပြီး အားဖြည့်ဖို့ အတွက် စိတ်ကူး ရှိနေတဲ့ အာဆင်နယ် အသင်းဟာ ဝက်စ်ဟမ်း အသင်းရဲ့ ကစားသမား ဒီအုပ်ကို စောင့်ကြည့် စာရင်းမှာ ထည့်သွင်းထားပါတယ်။ ဒီအုပ်ဟာ တစ်ချိန်က ယူနိုက်တက် ရဲ့ စိတ်ဝင်စားမှုတွေလဲ ခံခဲ့ရသူ ဖြစ်ပါတယ်။

• ဂျူဗီဟာ သူတို့ရဲ့ တိုက်စစ်မှုး ရိုနာဒို ကို 2024 ခုနှစ် အထိ သက်တမ်းရှိတဲ့ နောက်ထပ် စာချုပ်သစ် တစ်ရပ်ကို ချုပ်ဆိုဖို့ စီစဉ်လျှက် ရှိနေပါတယ်။ ကစားသမား ရဲ့ လက်ရှိ စာချုပ်ဟာ 2022 ခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်ပြီး ၊ မကြာခင်ကမှ 35 နှစ် ပြည့်ထားခဲ့တာ ဖြစ်လို့ ၊ 2024 ဆိုရင် ၊ ရိုနာဒို ရဲ့ အသက်ဟာ 39 နှစ် အထိ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

• The Sun ကတော့ အခြေအနေပေးတာ နဲ့ လီဗာပူး ကို ထိုးနှက်လိုက်ပြန် ပါပြီ။ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကလဲ ဝက်စ်ဟမ်း ဒု ဥက္ကဌ ဘရာဒီ ဟာ ဒီနှစ် ပရီးမီးယားလိဂ် ဘောလုံးရာသီကို ဖျက်သိမ်းဖို့ The Sun မှာ ရေးခဲ့တာ ဖြစ်ပြီး ၊ ဒီကနေ့မှာလဲ ပရီးမီးယားလိဂ် ကလပ် 14 သင်းက ဒီရာသီ ဖျက်သိမ်းဖို့ ဆန္ဒပြုခဲ့မယ် ဆိုရင် ၊ လီဗာပူး အနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ် ဖလားကို လက်လွှတ်လိုက်ရဖွယ် ရှိနေတယ်လို့ ဖော်ပြသွားခဲ့ပါတယ်။

• ဗလင်စီယာ အသင်းက ကြေငြာခဲ့တဲ့ ကော်ရိုနာ ဗိုင်းရပ် ကူးစက်ခံထားရတဲ့ 5 ဦးထဲမှာ ၊ မန်စီးတီး နောက်ခံလူဟောင်း မန်ဂါလာလဲ ပါဝင်နေတယ်လို့ သိရပါတယ်။ အခြား သတင်းတွေမှာတော့ ဂါရေး ၊ မန်ဂလာ ၊ ဂါယာ တို့ ကူးစက်ခံလိုက်ရတာ ဖြစ်တယ်လို့ ဖော်ပြထားပြီး ၊ ကျန်နှစ်ယောက် ကတော့ ဆေးဝန်ထမ်း နဲ့ အခြား ဝန်ထမ်း တစ်ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။ အမြန်ဆုံး သက်သာ ပြန်ကောင်းပါစေဗျာ။

• လာလီဂါ အသင်းရဲ့ ဥက္ကဌကြီး တီဗက် ကတော့ သူ့အနေနဲ့ ဒီရာသီကို အဆုံးသတ်ဖို့ စဉ်းစားနေပြီ ဖြစ်တဲ့ အကြောင်း တရားဝင် ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အင်္ဂါနေ့ မှာ ကျင်းပမယ့် UEFA အစည်းအဝေး ဆုံးဖြတ်ချက် နဲ့ အခြား ဥရောပ ထိပ်သီးလိဂ် တာဝန်ရှိသူတွေ နဲ့ တိုင်ပင်ပြီး အပြီးသတ် ဆုံးဖြတ်ချက်ကို ချမှတ်သွားမှာ ဖြစ်တယ်လို့ သတင်းသမားတွေကို အသိပေးသွားခဲ့ပါတယ်။

• ဗလင်စီယာ နဲ့ ပွဲမှာ တစ်ဦးတည်း 4 ဂိုးသွင်းလို့ ချန်ပီယံလိဂ် ဘောလုံး ရရှိခဲ့တဲ့ အတ္တလန္တာ အသင်းရဲ့ တိုက်စစ်မှုး အီလီဆစ် ဟာ အဲဒီ ဘောလုံးကို အီတလီက ဆေးရုံ တစ်ရုံထံ လှူဒါန်းလိုက်ပြီ ဖြစ်ပါတယ်။ လေလံတင် ရောင်းချရာကနေ ရရှိတဲ့ ငွေတွေ အားလုံးကို ကော်ရိုနာ ဗိုင်းရပ် ကူးစက်ခံရသူတွေ ထံ ပေးအပ် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

• ယူနိုက်တက် ကွင်းလယ် ကစားသမား ပေါ့ဘာ ဟာ အင်္ဂါနေ့မှာပဲ အသင်းနဲ့ အတူ လေ့ကျင့်ခန်းတွေ ပြန်လည် လုပ်ဆောင်ဖို့ စီစဉ်ထားပါတယ် ။ သတင်းထောက် တစ်ချို့ကတော့ ကစားသမားဟာ အသင်းပြောင်းမှာ မဟုတ်တဲ့ အပြင် ၊ စာချုပ်သစ်တောင် လက်မှတ် ရေးထိုးသွားဖွယ် ရှိနေတယ်လို့ ဆိုပါတယ်။

SPORTS MYANMAR