မန်ချက်စတာ ယူနိုက်တက် အသင်းမှ သူရဲ့ Idol နှစ်ဦး အမည်ကို ထုတ်ဖော် ပြောကြားလိုက်တဲ့ အစ်ဂ်ဟာလို

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးဆုံး ခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ ရဲ့ နောက်ဆုံး ရက်စွဲ တုန်းက အသင်း ရဲ့ တိုက်စစ် အင်အား ကို တောင့်တင်း စေဖို့ အတွက် တရုတ် ကလပ် ရှန်ဟိုင်း ရှင်ဟွာ အသင်းမှ ဝက်ဖို့ဒ် အသင်း ရဲ့ တိုက်စစ်မှူး ဟောင်း ဖြစ်သူ အိုဒီယံ အစ်ဂ်ဟာလို ကို ခေါ်ယူ ခဲ့ ပါတယ် ။

အစ်ဂ်ဟာလို ဟာ ယူနိုက်တက် အသင်း ဆီကို စတင် ရောက်ရှိ ခဲ့စဉ် ကတည်းက စွမ်းနိုင် သမျှ ကြိုးစား အားထုတ်မှု တွေကို လုပ်ဆောင်ရင်း အသင်း အတွက် ပွဲထွက် ကစား ခွင့်တွေ အမြန်ဆုံး ရရှိ နိုင်ဖို့ မျှော်လင့် ခဲ့သူ ပဲ ဖြစ်ပါတယ် ။ ဒီလို လုပ်ဆောင် ရခြင်း ရဲ့ အဓိက အကြောင်း အရင်း ကတော့ သူ ကိုယ်တိုင် မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ပရိသတ် တစ်ဦး ဖြစ်နေ လို့ ပါပဲ ။

လက်ရှိ အချိန် အသက် 30 ရှိပြီ ဖြစ်တဲ့ အိုဒီယံ အစ်ဂ်ဟာလို ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း ကို ငယ်စဉ် ကလေး အရွယ် ကတည်းက အားပေး စောင့်ကြည့် ခဲ့သူ ဖြစ်ပြီး အခုလို ရုတ်တရက် အငှား ပြောင်းရွှေ့ခွင့် ရရှိ ခဲ့တဲ့ အချိန် မှာ ပွဲထွက် ကစား ခွင့်တွေ ရရှိ နိုင်ဖို့ ၊ တက်နိုင် သမျှ ခြေစွမ်း ပြရင်း အသင်း မှာ ဆက်လက် ရှိနေ နိုင်ဖို့ အလိုရှိ နေခဲ့ သူပဲ ဖြစ်ပါတယ် ။

အခုတော့ အစ်ဂ်ဟာလို ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် 3 ကြိမ် မျှသာ ပွဲထွက် ကစား ခွင့် ရရှိ ထားနိုင်ခဲ့ ပေမယ့် 4 ကြိမ် အထိ ဂိုးတွေ သွင်းယူ ပေးနိုင် ခဲ့ ပါပြီ ။ အခြား တစ်ဖက် မှာတော့ သူဟာ ပရီးမီးယား လိဂ် ပွဲစဉ် တွေမှာ အရံ ကစားသမား တစ်ဦး အဖြစ်သာ ပါဝင်ခွင့် တွေ များခဲ့ရ ပါတယ် ။

ဒါပေမယ့် အစ်ဂ်ဟာလို ကတော့ ယူနိုက်တက် အသင်း အတွက် နောက်ထပ် ကစား ပေးလိုသူ ဖြစ်တာကြောင့် စိတ်မပျက်ပဲ ပွဲထွက် ခွင့်တွေ ကို ရရှိ နိုင်ရေး အတွက် ဆက်လက် ကြိုးစားရင်း ပရိသတ် တွေရဲ့ ချစ်ခင်မှု ရယူ နိုင်ခဲ့ သလို ယူနိုက်တက် မှာ ကစား ဖို့ ထိုက်တန်သူ ဖြစ်ကြောင်း သက်သေ လည်း ပြထား နိုင်ခဲ့ ပါတယ် ။

အခုတော့ အစ်ဂ်ဟာလို က သူ အမြဲ အားပေး ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း မှ စံပြ ကစားသမား နှစ်ဦး က ဘယ်သူ တွေ ဖြစ်ကြ သလဲ ဆိုတာ ကို အမေးမြန်း ခံလိုက် ရချိန် မှာတော့ ယူနိုက်တက် အသင်း ရဲ့ နာမည်ကျော် တိုက်စစ် အတွဲ ဖြစ်ကြတဲ့ အင်ဒီ ကိုးလ် နဲ့ ဒွိုက်ယော့ခ် တို့ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အင်ဒီ ကိုးလ် နဲ့ ဒွိုက်ယော့ခ် တို့ဟာ ယူနိုက်တက် တို့ သမိုင်းဝင် ဆုဖလား သုံးလုံး ရယူ ဆွတ်ခူး ထားနိုင် ခဲ့တဲ့ 1998 – 99 ဘောလုံး ရာသီ တုန်းက သရဲနီ တို့ရဲ့ အဓိက တိုက်စစ်မှူး တွေပဲ ဖြစ်ခဲ့ ကြ ပါတယ် ။ သူတို့ နှစ်ဦး ဟာ ယူနိုက်တက် တို့ 2000 နဲ့ 2001 ခုနှစ် တုန်းက ဆု ဖလား တွေကို ဆွတ်ခူး စေရေး မှာလည်း အရေးပါ သူတွေ ဖြစ်ခဲ့ ကြ ပါတယ် ။

” ကျွန်တော် ဟာ အင်ဒီ ကိုးလ် ကို စောင့်ကြည့်ရင်း နဲ့ ကြီးပြင်း လာသူ တစ်ဦး ပါ ။ အင်ဒီ ကိုးလ် နဲ့ ဒွိုက်ယော့ခ် ၊ သူတို့ နှစ်ဦးဟာ အဲ့ဒီ အချိန် တုန်းက ယူနိုက်တက် အသင်း အတွက် ဂိုးတွေ ဒိုင်ခံ သွင်းယူ ပေးခဲ့ ကြသူ တွေ ပါပဲ ။ သူတို့ တွေဟာ သန်မာမှု အားကောင်း သူတွေ ဖြစ်ပြီး ဂိုးသွင်း ကောင်းကြ သူတွေ ပါပဲ ။ တစ်ကယ့်ကို အတု ယူချင် စရာ ပါပဲ ” လို့ အစ်ဂ်ဟာလို က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အဲ့ဒီနောက် ယူနိုက်တက် အသင်း ကို ငယ်စဉ် ကတည်းက အားပေး ခဲ့သူ ဖြစ်ခဲ့ ပေမယ့် သူတို့ ရဲ့ နိုင်ငံ မှာ ဒီလို အသင်း အတွက် ကစား ပေးချင်တယ် လို့ ပြောရင်း ‘ မင်း ရူးနေလား ‘ လို့ မပြောခံ ရမှာ သေချာတဲ့ အတွက် သူဟာ ကစားသမား ဘဝကို တစ်ဆင့် ချင်းစီ ရှေ့ဆက် နိုင်ဖို့ အတွက် အားထုတ် ခဲ့ရကြောင်း အစ်ဂ်ဟာလို က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ငယ်စဉ် ကလေး ဘဝ တုန်းက ယူနိုက်တက် အသင်း အတွက် ကစား ပေးလိုတယ် လို့သာ ပြောလိုက်ရင် လူတွေ က ‘ မင်း ရူးသွပ် နေတာလား ? ‘ လို့ ပြန်ပြော ခဲ့ကြ ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော် တို့ ဟာလည်း အနာဂတ် တစ်ခုမှာ ဘာတွေ ဖြစ်နေ ကြမလဲ ဆိုတာ မသိရှိ ခဲ့ကြ ဘူးလေ ”

” ဒါ့ကြောင့် ကျွန်တော် တို့ ပထမ အဆင့် အနေ နဲ့ လုပ်ဆောင် ရတဲ့ အရာ တစ်ခု က ဒီ နိုင်ငံ ကနေ ထွက်ခွာ ပြီး အခြား နိုင်ငံ က ကလပ် အသင်း တစ်ခု ဆီမှာ ကစားရေး ပဲ ဖြစ်ခဲ့ ပါတယ် ။ အဲ့ဒီ တုန်းက ကျွန်တော် တို့ဟာ ယူနိုက်တက် လို အသင်းကြီး မပြော နဲ့ တော်ရုံ အသင်းလေး တစ်သင်း မှာ နိုင်ငံခြား ထွက်ရင်း ကစား ရတယ် ဆိုတာ အားကျ စရာ တစ်ခု ဖြစ်ခဲ့ ပါတယ် ”

” ဒါပေမယ့် ယူနိုက်တက် အပေါ် ကျွန်တော် အားပေး ခဲ့တဲ့ ပုံစံ က လျော့ကျ မသွားခဲ့ ပါဘူး ။ အခုလို အပြောင်းအလဲ မျိုး ဖြစ်လာ နိုင်ဖို့ အတွက် ကျွန်တော် စိတ်ကူး မယဉ်ရဲ ခဲ့ ပါဘူး ။ ကျွန်တော် ပရီးမီးယား လိဂ်မှာ ဝက်ဖို့ဒ် အသင်း အတွက် ကစား ပေးခဲ့ရ ပါတယ် ။ အဲ့တာ တောင် ဖြစ်လာ လိမ့်မယ် လို့ ငယ်စဉ် တုန်းက မမျှော်လင့် ရဲခဲ့ ပါဘူး ” လို့ အစ်ဂ်ဟာလို က ငယ်စဉ် တုန်းက သူ့ရဲ့ အတွေး တွေကို ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar