ဒီနှစ် ပရီးမီးယားလိဂ် ကို မရှိခဲ့ဘူးလို့ သတ်မှတ်ဖို့ ဆန္ဒရှိနေတဲ့ အသင်း ၁၃ သင်း နဲ့ လက်ရှိအတိုင်း ရပ်နားလိုတဲ့ အသင်း 7 သင်း

ပရီးမီးယားလိဂ် အကြီး အကဲတွေ နဲ့ ကလပ် အသင်း တာဝန် ရှိသူတွေ ဟာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ရပ်နား ထား ရတဲ့ ပြိုင်ပွဲ ကို ဘယ်လို ရှေ့ဆက် ကြမလဲ ဆိုတာ နဲ့ ပတ်သက်ပြီး တွေးတော စဉ်းစား နေကြ ပါတယ် ။ ဗိုင်းရပ်စ် အန္တရာယ် ကြောင့် သူတို့ တွေ ဟာ တစ်ဦး နဲ့ တစ်ဦး မဆုံတွေ့ နိုင်ဘဲ ဗီဒီယို အစည်းအဝေး တွေ ကနေ သာ တိုင်ပင် နှီးနှော နိုင်ခဲ့ကြ ပါတယ် ။ လတ်တလော အခြေအနေ ကတော့ ကနဦး က ထုတ်ပြန် ထားသလို ဧပြီ ၃ ရက် အထိ ပါ ။

အချို့ ကလပ် အသင်းတွေ ကတော့ ဗိုင်းရပ်စ် ကိစ္စ ကို ကမ္ဘာပေါ် ကနေ အမြစ် မပြတ် မချင်း ပြိုင်ပွဲ ကို ပြန်လည် မစတင် ဖို့ ဆန္ဒ ရှိကြ တယ်လို့ သိရ ပါတယ် ။ အချို့ ကတော့ ဘောလုံး ရာသီ ကို လက်ရှိ အနေ အထား အတိုင်း ရပ်နား ပြီး လီဗာပူး ကို ဖလားပေး ကာ အခြားသော ဝင်ခွင့် နဲ့ တန်းဆင်း တန်းတက် ကိစ္စ တွေ အတွက် ပြန်လည် ဆွေးနွေးလို ကြတယ်လို့ သိရ ပါတယ် ။

လာမယ့် ကြာသပတေးနေ့ မှာ အကြီး အကဲတွေ ၊ တာဝန် ရှိသူတွေ ဟာ နောက်တစ်ကြိမ် အစည်း အဝေး ပြုလုပ် ကြဦး မှာ ဖြစ်ပြီး ပိုမို တိကျ သေချာ မယ့် ရလဒ်တွေ ထွက်ပေါ် လာဖို့ မျှော်လင့် ထားကြ ပါတယ် ။

ဒီအချိန် မှာ ပရီးမီးယားလိဂ် ကလပ် တွေ ရဲ့ ၃ ပုံ ၂ ပုံ ဟာ ဒီနှစ် ပြိုင်ပွဲ ကို မရှိခဲ့ ဘူးလို့ သတ်မှတ် ပြီး ယမန်နှစ် ရာသီက အဆုံးသတ် ပိတ်သိမ်း ခဲ့တဲ့ ပုံစံ အတိုင်း ရာသီသစ် ကို စတင်ဖို့ လိုလား နေတယ်လို့ သတင်း ပေါ်ထွက်လာခဲ့ ပါတယ် ။ ကျန်တဲ့ အသင်း ၆ သင်း ကတော့ ရာသီ ကို လက်ရှိ အနေ အထား အတိုင်း ပိတ်သိမ်း ဖို့ အတွက် လိုလား ခဲ့ကြတယ် လို့ သိရ ပါတယ် ။

ဒီနှစ် ပရီးမီးယားလိဂ် ကို ပယ်ဖျက်ပြီး မနှစ်က ရာသီ အဆုံးသတ် ရလဒ် အတိုင်း ကစားလိုတဲ့ အသင်းတွေ ထဲ မှာ လန်ဒန် အသင်းကြီးတွေ ဖြစ်ကြတဲ့ အာဆင်နယ် ၊ စပါး ၊ ချဲလ်ဆီး တို့နဲ့ တန်းဆင်း ဖို့ အန္တရာယ် ရှိနေကြတဲ့ အက်စ်တွန် ဗီလာ ၊ ဘုန်းမောက် ၊ နောဝှစ်ချ် ၊ ဝက်စ်ဟမ်း နဲ့ ဝက်ဖိုဒ့် တို့ တွေ ပါဝင် ခဲ့ကြ ပါတယ် ။

မန်ချက်စတာ နဲ့ မာဆေးဆိုက် အသင်းတွေ အကြားမှာလည်း ရပ်တည်မှုတွေ မတူခဲ့ ကြပါဘူး ။ မန်ချက်စတာ ယူနိုက်တက် ဟာ ရာသီ ကို လက်ရှိ အနေ အထား အတိုင်း ပိတ်သိမ်းစေလို ပြီး စီးတီး ကတော့ ပယ်ဖျက် ဖို့ ဆန္ဒ ရှိတယ်လို့ သိရ ပါတယ် ။ ဒီရာသီမှာ အခြေအနေ ဆိုးရွား နေတဲ့ အဲဗာတန် ကလည်း ရာသီကို ပယ်ဖျက် လိုပြီး လီဗာပူးက တော့ လက်ရှိ အတိုင်း ပိတ်သိမ်းလို ခဲ့ ပါတယ် ။

ရာသီ ပိတ်သိမ်း ဖို့ အတွက် ဆန္ဒ ရှိတဲ့ အသင်း ၆ သင်း က အသင်း အများစု ဟာ အမှတ်ပေး ဇယား ရဲ့ အထက် နဲ့ လယ် အလတ် က အသင်းတွေ ဖြစ်ခဲ့ကြ ပါတယ် ။ ဒီ အထဲ မှာ ယူနိုက်တက် ၊ လီဗာပူး နဲ့ လက်စတာ တို့ အပြင် ဝုဗ် ၊ ရှက်ဖီး ယူနိုက်တက် ၊ ပဲလေ့စ် ၊ ဘန်လေ တို့ ပါဝင် ခဲ့ကြ ပါတယ် ။

ဒီနှစ် ပရီးမီးယားလိဂ် ကို ပယ်ဖျက် ဖို့ အတွက် ဆန္ဒ ရှိခဲ့ကြတဲ့ အသင်းများ –

၁ ။ အာဆင်နယ်
၂ ။ အက်စ်တွန် ဗီလာ
၃ ။ ဘုန်းမောက်
၄ ။ ဘရိုက်တန်
၅ ။ ချဲလ်ဆီး

၆ ။ အဲဗာတန်
7 ။ မန်ချက်စတာ စီးတီး
၈ ။ နယူးကာဆယ်
၉ ။ နောဝစ်ချ် စီးတီး

၁၀ ။ ဆောက်သမ်တန်
၁၁ ။ တော့တင်ဟမ် ဟော့စပါး
၁၂ ။ ဝက်ဖိုဒ့်
၁၃ ။ ဝက်စ်ဟမ်း

ပရီးမီးယားလိဂ် ကို လက်ရှိအနေ အထားအတိုင်း ရပ်နား စေလိုတဲ့ အသင်းများ –

၁ ။ ဘန်လေ
၂ ။ ပဲလေ့စ်
၃ ။ လက်စတာ စီးတီး
၄ ။ လီဗာပူး

၅ ။ မန်ချက်စတာ ယူနိုက်တက်
၆ ။ ရှက်ဖီး ယူနိုက်တက်
7 ။ ဝုဗ်

ပရီးမီးယားလိဂ် ကို ဘယ်လို ရှေ့ဆက် မလဲ ဆိုတာ မဲခွဲ ဆုံးဖြတ် မလား ၊ မဆုံး ဖြတ်ဘူးလား ဆိုတာ မသေချာ သေးတာ ကြောင့် ဘယ်လို အဆုံးသတ် ဖြစ်လာ မလဲ ဆိုတာ မသိရ သေးပါဘူး ။ ဒါပေမယ့် မဲခွဲ ဆုံးဖြတ်ပြီး အထက် က ဖော်ပြ ခဲ့တဲ့ ဆန္ဒတွေ အတိုင်း မဲပေးခဲ့မယ် ဆိုရင်တော့ ၂၀၁၉ – ၂၀၂၀ ပရီးမီးယားလိဂ် မှာ ကြိုးစား ထားခဲ့မှုတွေ ဟာ သဲထဲ ရေသွန် သလို ဖြစ်သွား ကြတော့ မှာ ဖြစ် ပါတယ် ။

ပရိသတ်ကြီးတို့ရော ဘယ်လို ဖြစ်စေချင် ကြသလဲဗျာ . . . . .

SPORTS MYANMAR