ဆမ့်ဒိုးရီးယား အသင်းဘက်က ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံခဲ့ရကြောင်း ထုတ်ပြန်ခဲ့ပေမယ့် ဒါကို ပြန်လည် ငြင်းဆိုခဲ့တဲ့ ကော်လီ

အစောပိုင်း reports တွေအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံထား ရတယ်လို့ ထုတ်ပြန် ကြေငြာ ထားခြင်း ခံထား ရတဲ့ ဆမ့်ဒိုးရီးယား နောက်ခံလူ အိုမာကော်လီက သူ့မှာ ကိုရိုနာဗိုင်းရပ်စ် မရှိပါဘူးလို့ ပြန်လည် ပြောဆို သွားခဲ့ ပါတယ်။ ဆမ့်ဒိုးရီးယား အသင်းဟာ ပြီးခဲ့တဲ့ သောကြာနေ့က ကော်လီ ၊ အယ်ဘင်အက်ဒယ် ၊ အန်တိုနီယို လာဂူမီနာ နဲ့ မိုတန်သော်စ်ဘီ တို့ဟာ ကလပ် ဆေးအဖွဲ့ဝင် တစ်ဦး ဖြစ်တဲ့ ဒေါက်တာ အမီဒီအို ဘယ်ဒါရီ နဲ့အတူ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံထား ရကြောင်း ကြေငြာချက် ထုတ်ပြန် ခဲ့ပါတယ်။

ဆောက်သမ်တန် တိုက်စစ်မှုးဟောင်း ဖြစ်သူ မာနိုလို ဂတ်ဘီယာဒီနီ ဟာ COVID-19 ကူးစက် ခံခဲ့ ရတဲ့ ပထမဦးဆုံး ဆမ့်ဒိုးရီးယား ကစားသမား ဖြစ်လာ ခဲ့ပြီးနောက် ၂၄ နာရီ အကြာမှာ ဒီသတင်း ထွက်ပေါ် လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ဖာဘီယို ဒီပါအိုလီ နဲ့ ဘာတော့ ဘီရက်ဇီနက် တို့ကလည်း သူတို့ရဲ့ ဆေးစစ်မှု အဖြေဟာ positive ဖြစ်ခဲ့တယ်လို့ အတည်ပြု ခဲ့ပါတယ်။

ဒါပေမယ့်လည်း ကော်လီ ကတော့ သူမှာ ကိုရိုနာဗိုင်းရပ်စ် မရှိဘူးလို့ ဆိုရှယ် မီဒီယာ ကနေ တဆင့် အတည်ပြု သွားခဲ့ပြီး ၎င်းရဲ့ နောက်ဆုံး tests တွေမှာ အဖြေ မပေါ် ခဲ့ဘူးလို့ ဆိုခဲ့ပါတယ်။

အသက် ၂၇ နှစ် အရွယ် ကစားသမားက “ချစ်ခင် ရပါသော မိသားစုဝင်တွေ ၊ သူငယ်ချင်းတွေ နဲ့ ပရိတ်သတ်တွေ…ခင်ဗျားတို့ရဲ့ မက်ဆေ့ချ် စကားတွေ ၊ ကျွန်တော့် အပေါ် စိုးရိမ် ပူပန်မှုတွေ အတွက် ကျေးဇူး တင်ပါတယ်။ ကျွန်တော် ပြီးခဲ့တဲ့ ကြာသာပတေးနေ့ (မတ်လ ၁၂ ရက် ၊ ၂၀၂၀) မှာ သွေးနဲ့ အဆုတ် ကို စစ်ဆေးမှု လုပ်ခဲ့ ပါတယ်။ ရလဒ်တွေက negative ဖြစ်ခဲ့ ပါတယ်။

သောကြာနေ့ (မတ်လ ၁၃ ရက် ၊ ၂၀၂၀) မှာ ကျွန်တော် nasal test လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ရလဒ်တွေ ကတော့ မရေမရာ ဖြစ်ခဲ့ ပါတယ်။ ကျွန်တော့် မိသားစု နဲ့ ကျွန်တော် ကိုရိုနာဗိုင်းရပ်စ်နဲ့ ကင်းဝေး နေတယ်လို့ ကျွန်တော် အတည်ပြု နိုင်ပါတယ်။

အားပေးမှု ၊ ထောက်ခံမှုတွေ လုပ်ခဲ့တဲ့ ၊ ဆက်ပြီးလည်း လုပ်ပေး နေတဲ့ ဆမ့်ဒိုးရီးယား အသင်းကို ကျွန်တော် ကျေးဇူး တင်ပါတယ်။ ဒီဗိုင်းရပ်စ် ကူးစက် ခံထား ရတဲ့ ကျန် အသင်းသား တွေလည်း အမြန်ဆုံး သက်သာ ပျောက်ကင်း လာပါစေလို့ ကျွန်တော် ဆုတောင်း ပေးလိုက် ပါတယ်။ ဒီဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့ အတွက် နေ့ရော ညပါ ကြိုးစား နေကြတဲ့ ရဲရင့်တဲ့ ဒေါက်တာတွေ ၊ နပ်စ်တွေ နဲ့ medical experts တွေကို ရင်ထဲက လှိုက်လှဲစွာ ကျေးဇူး တင်မိပါတယ်။” လို့ အင်စတာဂမ် ကနေ ကြေငြာ ခဲ့ပါတယ်။

ဂျူဗင်တပ် နောက်ခံလူ ဒန်နီရယ်လီ ရူဂါနီဟာ ပြီးခဲ့တဲ့ တစ်ပတ်က ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံခဲ့ ၇တဲ့ ပထမဦးဆုံး စီးရီးအေ ကစားသမား ဖြစ်လာ ခဲ့ပြီး တူရင် ကလပ်ဟာ ၎င်းကို သီးခြား ခွဲကာ စောင့်ကြည့် ကုသမှု လုပ်နေပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ် ကလည်း ဖီအိုရင်တီးနား ကစားသမားတွေ ဖြစ်တဲ့ ဒူဆန်ဗယ်လာဟိုဗစ် ၊ ပက်ထရစ် ခရူတိုနီ နဲ့ ဂျာမန်ပက်ဇယ်လာ တို့ကလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံခဲ့ရ ပါတယ်။

အဲဒီနောက် အီတလီ က တာဝန်ရှိသူတွေဟာ ဗိုင်းရပ်စ် ပျံ့နှံ့မှုကို ထိန်းချုပ်တဲ့ အနေနဲ့ စီးရီးအေ နဲ့ စီးရီးဘီ ပွဲစဉ်တွေကို လာမည့် ဧပြီလ ၃ ရက်နေ့ အထိ ရွေ့ဆိုင်းခဲ့ ပါတယ်။ အီတလီ တစ်နိုင်ငံလုံး အခုချိန်မှာ lockdown ချခဲ့ပြီး ဆိုင်တွေ ပိတ်ထား ခဲ့သလို ၊ ခရီး သွားလာမှုတွေ နဲ့ လူစုလူဝေး အခမ်းအနားတွေကို အထူး ကြပ်မတ် နေပါတယ်။

ကိုရိုနာဗိုင်းရပ်စ် စတင် ပျံ့ပွားရာ နိုင်ငံ ဖြစ်တဲ့ တရုတ်နိုင်ငံ ပြီးရင် အီတလီဟာ ဒီဗိုင်းရပ်စ် အကူးစက် ခံရဆုံး နိုင်ငံ ဖြစ်ခဲ့ပြီး confirmed cases အနည်းဆုံး ၁၅၀၀၀ ရှိနေပြီး သေဆုံးသူ ကလည်း ၁၀၀၀ ကျော်သွား ခဲ့ပါပြီ။

SM