ဧပြီလ ၄ ရက်နေ့မှာ ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည် စတင်နိုင်မယ်လို့ မထင်မိကြောင်း ပြောလိုက်တဲ့ လီဗာပူး ဂန္တဝင်

လီဗာပူး ဂန္တဝင် ကစားသမား ဖြစ်သူ ဖီးလ်သောမဆန်က ပရီးမီးယားလိဂ် ပြိုင်ပွဲ အနေနဲ့ လာမည့် ဧပြီလ ၄ ရက်နေ့မှာ ပြန်ကစား နိုင်လိမ့်မယ်လို့ မထင်မိကြောင်း ဆိုလိုက် ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ပိုမို ပျံ့နှံ့ လာခဲ့တာကြောင့် ကမ္ဘာပေါ်မှာ ရှိတဲ့ major sporting events တွေ အားလုံးနီးပါးဟာ အနည်းဆုံး လာမည့် ဧပြီလ အစပိုင်း အထိ ရွေ့ဆိုင်း ထားခဲ့ ပါတယ်။

ပရီးမီးယားလိဂ် ကလည်း ဆက်လက် လုပ်ဆောင် သွားမယ့် အစီအစဉ် နဲ့ ပက်သက်ပြီး လာမည့် ကြာသာပတေးနေ့မှာ အစည်းအဝေး လုပ်သွားဖို့ ရှိနေပြီး သော်မဆန် ကတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲ အပြီးထိ ကန်သွားနိုင်ဖို့ မျှော်လင့် နေပါတယ်။ သော်မဆန် ရဲ့ အသင်းဟောင်း လီဗာပူးဟာ ဒီရာသီ ပရီးမီးယားလိဂ် ဇယားထိပ်မှာ ၂၅ မှတ် အသာနဲ့ ဦးဆောင်လျက် ရှိနေပြီး နှစ် ၃၀ အတွင်း အမှတ်ပေးဖလား ကို ဆွတ်ခူး နိုင်ရန် နောက်ထပ် နိုင်ပွဲ ၂ ပွဲသာ လိုပါတော့တယ်။

ဒါပေမယ့် သော်မဆန် ကတော့ ပရီးမီးယားလိဂ် ပွဲတွေကို တစ်လအတွင်း ပြန်လည် စတင် နိုင်မယ်လို့ မထင်မိကြောင်း ဆိုလိုက် ပါတယ်။ လာမည့် ဧပြီလ ၄ ရက်နေ့မှာ ရာသီ ပြန်စတင် နိုင်ဖို့ ဆိုတာ အကောင်း မြင်လွန်း နေသလား ဆိုတဲ့ မေးခွန်းကို သော်မဆွန်က “ကျွန်တော်လည်း ဒီလိုပဲ ထင်ပါတယ်။ ကူးစက် ခံထား ရတဲ့ သူတွေကို အချိန်တစ်ခု ပေးသွားဖို့ လိုအပ်တယ်လို့ ကျွန်တော် ထင်မိပြီး နလန်ထလာတာနဲ့ ချက်ချင်းကြီး လေ့ကျင့်ခန်း ဆင်းဖို့ ဆိုတာ အရမ်းကို ခက်ခဲပါတယ်။

တာဝန်ရှိသူတွေ အစည်းအဝေးတွေ လုပ်ကြမှာပါ။ နေ့တိုင်း နေ့တိုင်း အပြောင်းအလဲတွေ ဖြစ်နေပါတယ်။ ကျွန်တော် နေ့တိုင်း Sky News ကို ကြည့်နေပါတယ်။ နာရီတိုင်းကို အပြောင်းအလဲ ဖြစ်နေပါတယ်။ အရာအားလုံး တစ်ချိန်လုံး ပြောင်းလဲ နေပါတယ်။ တံခါးပိတ် ကစားခြင်းဟာ အငြင်းပွားဖွယ် ပြသနာ တစ်ခု ဖြစ်ပါတယ်။ ကျွန်တော် ကတော့ ဘောလုံးဟာ ပရိတ်သတ် မရှိရင် ဘာမှ မဟုတ်ပါဘူး။ ဒါဟာ fans game ပါ။ ကျွန်တော် ကတော့ ပွဲတွေ ပြန်လည်စတင်ကာ ရာသီပြီးအောင် ကစား နိုင်မယ်လို့ ထင်ချင်ပါတယ်။

ယာဂန်ကလော့ ပြောခဲ့တဲ့ အတိုင်း အခု ဘောလုံးထက် ပိုမို စိတ်ပူစရာကောင်းတဲ့ ကြီးမားတဲ့ ပြသနာတွေ ရှိနေပါတယ်။ ဒါပေမယ့် ပွဲတွေ ပြီးအောင် ကန်နိုင်ရင်တော့ ကောင်းပါလိမ့်မယ်။ ဘာလို့လဲ ဆိုတော့ ဆုံးဖြတ်သွား ရမယ့် ပြသနာတွေ အများကြီး ဖြစ်နေလို့ပါ။” လို့ ဆိုလိုက် ပါတယ်။

ဝက်ဟမ်း ဒုဥက္ကဋ္ဌ ဖြစ်သူ ကာရန်ဘရာဒီ ကတော့ ဒီရာသီကို ဖျက်သိမ်းလိုက်တာ ကောင်းတယ်လို့ အကြံပြုခဲ့ပြီး ဒီလိုသာ ဖြစ်ခဲ့ရင် လီဗာပူး အနေနဲ့ အမှတ်ပေးဖလားကို လက်လွှတ် ရမှာ ဖြစ်ပြီး တန်းဆင်းဇုန်မှာ ရုန်းကန် နေရတဲ့ သူမရဲ့ အသင်း ကတော့ ပရီးမီးယားလိဂ် မှာ ဆက်ရှိနေမှာ ဖြစ်ပါတယ်။ သော်မဆန် ကတော့ ဒါဟာ ပရီးမီးယားလိဂ် မှာသာမက အောက်တန်းလိဂ်တွေမှာပါ ပြသနာတွေ ဖန်တီး သလို ဖြစ်သွား လိမ့်မယ်လို့ ခံစား မိနေပါတယ်။

သော်မဆန် က “ဒီလို လုပ်သွားမယ် ဆိုရင်လည်း အကျိုးဆက်တွေ ကတော့ ရှိနေဦးမှာ ပါပဲ။ ချန်ပီယံလိဂ် ဝင်ခွင့် နေရာမှာ ရပ်တည်နေတဲ့ အသင်းတွေ ကျတော့ ဘယ်လို လုပ်မလဲ? ဘာလို့လဲ ဆိုတော့ လက်စတာ ဟာ တတိယ နေရာမှာ သာသာယာယာ ရပ်တည် နေတာပါ။ ပြီးခဲ့တဲ့ ရာသီ ထိပ်ဆုံး လေးသင်း ဝင်ထားတဲ့ အသင်းတွေနဲ့ play-offs တွေသာ ကန်ရမယ် ဆိုရင် သူတို့ အတော်ကို စိုးရိမ် ပူပန် နေရပါလိမ့်မယ်။

ပြီးတော့ အခြား ပြသနာတွေလည်း အများကြီး ရှိနေ ပါသေးတယ်။ ပြိုင်ပွဲကို ဖျက်သိမ်း လိုက်တာနဲ့ ပြီးသွားမှာ မဟုတ်ပါဘူး။ အခုအချိန် ကတော့ လုံးဝကို serious ဖြစ်နေပြီး မခန့်မှန်း နိုင်တဲ့ အခြေအနေပါ။ ဒါပေမယ့် လီဗာပူး ဟာ ၂ မှတ် အသာလောက်နဲ့ ဦးဆောင် နေတာ မဟုတ်ပါဘူး။ သူတို့ဟာ ၂၅ မှတ်နဲ့တောင် ဦးဆောင် ထားခဲ့တာပါ။ အခု ဆိုရင် ပြိုင်ပွဲရဲ့ ၃ ပုံ ၂ ပုံလောက် ပြီးနေပါပြီ။ လီဗာပူး ကို ချန်ပီယံ မဟုတ်ဘူးလို့ ပြောဖို့ အတော်ကြီးကို ခက်ခဲ့ပါတယ်။” လို့ ဆိုလိုက် ပါတယ်။

SM