သူ့ကြောင့် ယူနိုက်တက် အသင်း ပြောင်းလဲ လာတယ် ဆိုတဲ့ မှတ်ချက် တွေကို တုန့်ပြန် လိုက်တဲ့ ဘရူနို ဖာနန်ဒက်စ်

ပေါ်တူဂီ လက်ရွေးစင် အသင်း ရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ဖြစ်သူ ဘရူနို ဖာနန်ဒက်စ် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း ဆီကို ပြောင်းရွှေ့ ရောက်ရှိ လာ ကတည်းက အထူး ခြေစွမ်းကောင်း တွေကို ပြသ နေခဲ့တာ ကြောင့် ပရိသတ် တွေက သူ့ အပေါ် မျှော်လင့်ချက် များစွာ ထားရှိ နေခဲ့ ကြ ပါတယ် ။

အခြား တစ်ဖက် မှာတော့ ကစားသမား ဖြစ်သူ ကိုယ်တိုင် ကလည်း ပြောင်းရွှေ့ကြေးထက် ပိုမို ထိုက်တန်တဲ့ ခြေစွမ်း တွေကို ပြသ ထားနိုင် ခဲ့တဲ့ အပြင် အသင်းဖော် တွေရဲ့ ခြေစွမ်း ကို ပိုမို ကောင်းမွန်အောင် ကူညီ ပေးနိုင် ခဲ့တဲ့ အတွက် သတင်း သုံးသပ်သူ တွေနဲ့ ပရိသတ် တွေရဲ့ ချီးကျူး မှုတွေ များစွာ ရရှိ နိုင်ခဲ့ ပါတယ် ။

ရလဒ် တစ်ခု အနေ နဲ့ အခုတော့ ယူနိုက်တက် တို့ နောက်ဆုံး ကစား ခဲ့တဲ့ ပြိုင်ပွဲစုံ ပွဲစဉ် 11 ပွဲဆက် ရှုံးပွဲ မရှိ ကြသေး ပါဘူး ။ အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ပရီးမီးယား လိဂ် ထိပ်သီး လေးသင်း စာရင်း ဝင်ရောက် နိုင်ဖို့ အတွက် မျှော်လင့်ချက် အားကောင်း နေခဲ့ သလို FA ဖလား ၊ ယူရို ပါလိဂ် ပြိုင်ပွဲ တွေမှာ လည်း အခြေအနေ ကောင်း နေခဲ့ ပါတယ် ။

ဒါပေမယ့် ဘရူနို ကတော့ သူ အသင်း ဆီကို ပြောင်းရွှေ့ လာခဲ့ခြင်း တစ်ခု တည်းက ယူနိုက်တက် အသင်း ရဲ့ ကံကြမ္မာ ကို ပြောင်းလဲ စေနိုင် ခဲ့တာ မဟုတ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။ ဒါ့အပြင် ယူနိုက်တက် ကို ပြန်လည် အသက်သွင်း ရေးမှာ အသင်းသား အားလုံး စိတ်တူကိုယ်တူ ရှိနေ ကြဖို့ လိုအပ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ဘရူနို ရောက်ရှိ လာခဲ့တဲ့ နောက် ပုံစံသစ် တစ်ခု ကို စတင် နိုင်ခဲ့ ကြတယ် လို့ ကျွန်တော် တို့ ပြောလို့ ရနိုင် ပါတယ် ။ ဒါပေမယ့် ဘရူနို အကြောင်း ၊ ဘရူနို ကြောင့် ဆိုတာ တော့ ပြောလို့ မရ ပါဘူး ။ အသင်း အဖွဲ့ အကြောင်း ကိုပဲ အဓိက ထားပြီး ပြောကြား ကြ၊ရ ပါ့မယ် ။ လူ တစ်ယောက် ထဲက အသင်း တစ်သင်း ကို ပြောင်းလဲ မပေး နိုင်ဘူး လေ ”

” အကယ်လို့ အသင်း မှာ ရှိတဲ့ လူတွေ တိုင်းက တူညီတဲ့ အခြမ်း တစ်ခု ကနေ ပြိုင်တူ တွန်း ကြမှ အသင်း တစ်သင်း က ပြောင်းလဲ နိုင်ပါ လိမ့်မယ် ” လို့ ဘရူနို ဖာနန်ဒက်စ် က ယူနိုက်တက် အသင်း ရဲ့ တိုးတက် ကောင်းမွန် လာခဲ့ ခြင်းက အသင်းသား အားလုံး ဝိုင်းဝန်း ကြိုးစားမှု ကြောင့်သာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

ဘရူနို ဖာနန်ဒက်စ် ဟာ ပြီးခဲ့တဲ့ မန်ချက်စတာ ဒါဘီ ပွဲစဉ် တုန်းက နိုင်ပွဲ ရရှိ ခဲ့တဲ့ အချိန် ပြိုင်ဖက် အသင်း ရဲ့ နည်းပြ ဖြစ်သူ ပက် ဂွာဒီယိုလာ ရဲ့ အနား ကို သွားရောက် ခဲ့ပြီး ‘ ရှူး ၊ တိုးတိုး ‘ ဆိုတဲ့ အမူအယာ လုပ်ဆောင် ခဲ့ပါ သေးတယ် ။ အဆိုပါ အဖြစ်အပျက် မတိုင်ခင် ကလည်း ဂွာဒီယိုလာ ဖက်မှ ပွဲစဉ် အပေါ် စောဒက တက်မှု တွေ ရှိနေ ခဲ့ပါ သေးတယ် ။ အဆိုပါ အဖြစ်အပျက် နဲ့ ပတ်သက်လို့ …

” ကျွန်တော် အဲ့ဒီ အကြောင်း ကို သူငယ်ချင်း အချို့ နဲ့ ပြောဆို ဖြစ်ခဲ့ ပါ သေးတယ် ။ လူတွေ က ပက်ဟာ အရာရာ တိုင်းကို အောင်မြင် ဆွတ်ခူုး နိုင်ခဲ့သူ တစ်ဦး ပါ ၊ ဘရူနို က ဘာလို့ ဒီလို လုပ်တာလဲ ဆိုတဲ့ အတွေး အမြင် တွေ ကိုယ်စီ ရှိနေခဲ့ ကြတယ် လေ ။ ဒါပေမယ့် အဲ့ဒီ အချိန် တုန်းက သူ ပြောဆို ခဲ့တဲ့ စကား က ကျွန်တော့် ကို ရူးသွပ် သွားစေခဲ့ ပါတယ် ”

” ပက်ဟာ နည်းပြ တစ်ဦး အနေ နဲ့ ဆု ဖလား တွေ များစွား ရယူ နိုင်ခဲ့တယ် ၊ အောင်မြင်မှု တွေ များစွာ ရရှိ ခဲ့တယ် ၊ ဒီ အတွက် သူ့ အပေါ် ကျွန်တော် လေးစား သမှု အများကြီး ရှိနေခဲ့ ပါတယ် ။ ဒါပေမယ့် သူ့ဖက် ကတော့ ကျွန်တော့် အပေါ် လေးစား သမှု မရှိခဲ့ ပါဘူး ။ ဒါ့ကြောင့် အဲ့ဒီ အခိုက်အတန့် တုန်းက သူဟာ ကွင်းထဲ ကျွန်တော့် ဆီက လေးစားမှု ရဖို့ မထိုက်တန်ခဲ့ ပါဘူး ”

” ကျွန်တော် ကတောာ့ အသင်း အတွက် စွမ်းနိုင် သမျှ အကောင်းဆုံး လုပ်ဆောင် ပြဖို့ အလိုရှိနေ ပါတယ် ။ ဖြစ်နိုင်မယ် ဆိုရင် ကျွန်တော် ဟာ မန်ချပ်စတာ ရဲ့ အကောင်းဆုံး ကစားသမား တစ်ဦး အဖြစ် လူတွေ အမှတ်ရ နေမှာကို လိုချင်မိ ပါတယ် ။ ဒီအတွက် အကောင်းဆုံး ကြိုးစား သွားမှာပါ ” လို့ ဘရူနို က အဆုံးသတ် ပြောကြား သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar