ရော်နယ်ဒင်ဟို လိုပဲ ကလေးဘဝ ထဲက စကေးကြမ်း ခဲ့တဲ့ ဂရင်းဝုဒ်

ဘောလုံး လောက မှာ ပရိသတ် ချစ်ခင်မှု အပေါများဆုံး ကစားသမား တစ်ဦး ဖြစ်တဲ့ ဘရာဇီး ဂန္ဓဝင် ရော်နယ်ဒင်ဟို ဟာ ကလေး ဘဝ တုန်းက ကစား ခဲ့တဲ့ ပွဲစဉ် တစ်ပွဲ မှာ တစ်ဦးတည်း 24 ဂိုး အထိ သွင်းယူရင်း အသင်း ကို 24 – 0 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရရှိ စေနိုင် ခဲ့တာ ကြောင့် ကင်းထောက် တွေရဲ့ စောင့်ကြည့်မှု ကို ရရှိ ခဲ့ကာ ဥရောပ ဘောလုံး စင်မြင့် အထက် ပေါ်ကို ရောက်ရှိ ခဲ့သူ ပဲ ဖြစ်ပါတယ် ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်း မှာ ဒီ ရာသီ ပွဲထွက် ကစား ခွင့် တွေနဲ့ အတူ ခြေစွမ်းကောင်း ပြသရင်း ဂိုးတွေ သွင်းယူ နိုင် ခဲ့တဲ့ တိုက်စစ် ကစားသမား လေး မာဆွန် ဂရင်းဝုဒ် က သူဟာ ကလေး ဘဝ တုန်းက အသင်း အတွက် လူစားဝင် ကစား ပေးခဲ့ ရာမှာ တစ်ပွဲတည်း 10 ဂိုး အထိ သွင်းယူ ပေးကာ နိုင်ပွဲ ရယူနိုင် ခဲ့တဲ့နောက် ယူနိုက်တက် အသင်း ရဲ့ ခေါ်ယူမှု ကို ရရှိ ခဲ့တာ ဖြစ်ကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့လိုက် ပါတယ် ။

မာဆွန် ဂရင်းဝုဒ် ဟာ ဒီ ဘောလုံး ရာသီ အတွင်း မန်ချက်စတာ ယူနိုက်တက် အသင်း မှာ ပွဲထွက် ကစားခွင့် ၊ လူစားဝင် ကစားခွင့် တွေနဲ့ အတူ ပွဲ ကစားချိန် မိနစ် တွေကို များစွား ပိုင်ဆိုင် ထားနိုင် ခဲ့ပြီး ပြိုင်ပွဲစုံ 12 ဂိုး အထိ သွင်းယူ ပေးထား နိုင်ခဲ့ ပါပြီ ။ ဒါ့ကြောင့် သူဟာ ကောင်းမွန်တဲ့ အနာဂတ် တစ်ခု ကို ပိုင်ဆိုင် နိုင်လိမ့်မယ် လို့ ထင်ကြေး ပေးခံ ခဲ့ရ ပါတယ် ။

အခြား တစ်ဖက် မှာတော့ ယူနိုက်တက် အကယ်ဒမီ ထွက် ကစားသမား လေးဟာ ယခင် တုန်းက အသင်း မှာ တောက်ပ ခဲ့ဖူး ကြတဲ့ စီနီယာ ကစားသမား တွေရဲ့ ခြေရာ ကို လိုက်နင်းနိုင် လိမ့်မယ် လို့လည်း ထင်ကြေး ပေးခံ နေခဲ့ ရသူူ တစ်ဦး ပဲ ဖြစ်ပါတယ် ။ အခုတော့ ကစားသမား ဖြစ်သူ က ယူနိုက်တက် အကယ်ဒမီ ကို စတင် ရောက်ရှိ ခဲ့တဲ့ အကြောင်းအရင်း ကို ပြန်ပြောင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” အဲ့ဒီ တုန်းက ကျွန်တော် ဟာ အိုင်ဒလီ ဂျူနီယာ အသင်း မှာ ကစား နေ ခဲ့တာ ပေါ့ဗျာ ၊ အဲ့ဒီ ပွဲစဉ် တစ်ပွဲ ကိုတော့ ကျွန်တော် မှတ်မိ နေပါ သေးတယ် ။ ကျွန်တော် တို့ အသင်း ဟာ 2 -0 လား ၊ ဘာလား မသိဘူး ရှုံးနိမ့် နေခဲ့ ကြတာ ပါ ။ ဒီ ပွဲစဉ် ကို ယူနိုက်တက် အသင်း ရဲ့ ကင်းထောက် တွေလည်း စောင့်ကြည့် ခဲ့ကြ တယ်လေ ”

” အဲ့ဒီ အချိန် မှာ ကျွန်တော် ဟာ လူစားဝင် ကစား ခွင့် ရရှိ ခဲ့ ပါတယ် ။ အရှံုး ရလဒ် ကြောင့် ကျွန်တော် ဟာ လုံးဝ ရူးသွပ် နေခဲ့တာ ပေါ့ဗျာ ။ ကျွန်တော့် အဲ့ဒီ ပွဲစဉ် မှာ 10 ဂိုး သွင်းယူ နိုင်ခဲ့ ပါတယ် ။ ကျွန်တော် ဟာ ဘောလုံး လက်ခံ ရရှိ တိုင်း ပြိုင်ဖက် တွေကို ကျော်ဖြတ် ဖို့ပဲ တွေးတော စဉ်းစား နေခဲ့ တာလေ ”

” ကျွန်တော် ဟာ ဘောလုံး ဆွဲပြေး ၊ ဂိုးပေါက် ကန်သွင်း ရဖို့ ပဲ စိတ်အား ထက်သန် နေခဲ့ ပါတယ် ။ ကျွန်တော် ပွဲစဉ် ပြီးဆုံးတဲ့ ခရာသံ မကြား မချင်း အဲ့တာ ကိုပဲ လုပ်ဆောင် နေခဲ့ ပါတယ် ” လို့ ဂရင်းဝုဒ် က ပြန်ပြောင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အဆိုပါ အချိန် တုန်းက တော့ ဂရင်းဝုဒ် ဟာ အသက် 6 နှစ်သာ ရှိနေ သေးပြီး မကြာမီ မှာပဲ မန်ချက်စတာ ယူနိုက်တက် အကယ်ဒမီ ကို ရောက်ရှိ ခဲ့ရ ပါတယ် ။ အဲ့ဒီ မှာလည်း သူဟာ ကစား ပွဲ အဆင့်ဆင့် မှာ ခြေစွမ်း ကောင်းတွေ ပြသရင်း ဂိုးတွေ သွင်းယူ နိုင် ခဲ့တဲ့ အတွက် အခုလို စီနီယာ အသင်း မှာ ကစား ခွင့် ရရှိ ခဲ့တာ ပဲ ဖြစ်ပါတယ် ။

” ကျွန်တော် ယူနိုက်တက် အသင်း ဆီကို စတင် ရောက်ရှိ ခဲ့စဉ် တုန်းက အသက် 6 – 7 နှစ် လောက်ပဲ ရှိခဲ့ ပါ သေးတယ် ။ အသင်း မှာ ပထမဆုံး လေ့ကျင့်ရေ လုပ်ဆောင် ခဲ့တဲ့ နေ့ တုန်းက ကျွန်တော် စောစော ရောက်ခဲ့ ပါတယ် ။ ဒါပေမယ့် ကျွန်တော် ဟာ ကားထဲ မှာပဲ ထိုင်နေ ချင်သူ မဟုတ် ခဲ့ဘူး လေ ”

” ကျွန်တော် ကွင်းထဲ သွားပြီး ဘောလုံးကန် ၊ ဂိုးသွင်းကျင့် နေခဲ့ ပါတယ် ။ ကျွန်တော်ဟာ နာရီဝက် အထိ အဲ့တာ တွေကို လုပ်ဆောင်ရင်း နဲ့ ကွင်းထဲ အသားကျ သွားခဲ့ ပါတယ် ။ ကျွန်တော် ဟာ ကလေး ဘဝ တုန်းက စိတ်ထဲ ရှိတဲ့ အတိုင်း ပဲ သဘာဝ ကျကျ နေခဲ့ ပါတယ် ” လို့ ဂရင်းဝုဒ် က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar