ဖရက်ဒ်ရဲ့ ယူနိုက်တက် ကစားသမားဘဝ ရုန်းကန်ရမှုအပေါ် မှတ်ချက် ပေးရင်း ယူနိုက်တက် ကွင်းလယ်ဟာ ဘာကြောင့် ရုတ်ချည်း ထူးကဲလာခဲ့သလဲ ဆိုတာ ရှင်းပြလိုက်တဲ့ ဟားဂရေ့ဗ်

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နည်းပြ ဟောင်း ဖြစ်သူ ဟိုဆေး မော်ရင်ဟို ဟာ အသင်း ရဲ့ အားနည်းချက် တစ်ခု ဖြစ်လာ ခဲ့တဲ့ ကွင်းလယ်ပိုင်း ကို အင်အား ဖြည့်တင်း နိုင်ဖို့ အတွက် 2018 နွေ အပြောင်းအရွှေ့ တုန်းက ရှက်တာ ဒိုးနက်စ် အသင်း မှာ ပုံစံကောင်း တွေကို ပြသ နေခဲ့တဲ့ ကွင်းလယ်လူ ဖရက်ဒ် ကို အရ ခေါ်ယူ ခေါ်ယူဖို့ မြို့ခံ ပြိုင်ဖက် မန်စီးတီး အသင်း နဲ့ အပြိုင် ကြိုးပမ်း ခဲ့ရ ပါတယ် ။

ဒီအတွက် ဟိုဆေး မော်ရင်ဟို ဟာ ဘရာဇီးသား ကို လက်ဦး နိုင်ဖို့ အတွက် ရှက်တာ ဒိုးနက်စ် အသင်း ကို ပေါင် 52 သန်း အထိ ပေးချေ ခဲ့ရ ပါတယ် ။ ဒီအတွက် ယူနိုက်တက် ပရိသတ် တွေက စကေး ကောင်းတဲ့ ဘရာဇီး နိုင်ငံသား တစ်ဦး ကို ခေါ်ယူ ရရှိ နိုင်ခဲ့ပြီ ဆိုပြီး ကစားသမား အပေါ် မျှော်လင့်ချက် တွေ များစွာ ထားရှိ ခဲ့ကြ ပါ သေးတယ် ။

ဒါပေမယ့် ဖရက်ဒ် ဟာ ယူနိုက်တက် အတွက် စတင် ကစားပေး ကတည်းက ပရိသတ်တွေ မျှော်လင့် ထားခဲ့ ကြသလို ပုံစံကောင်း တွေကို မပြသ နိုင်ခဲ့တဲ့ အပြင် ဘောလုံး ပေးပို့မှု တွေက အစ အမှားများ နေခဲ့တဲ့ အတွက် ဘရာဇီးသား မှ ဟုတ်ရဲ့လား ၊ တစ်ကယ့်ကို မှားယွင်းတဲ့ ကစားသမား ခေါ်ယူမှု တစ်ခုပဲ လို့ ကိုယ်စီ မှတ်ချက်ပေး ဝေဖန် ထိုးနှက် ခဲ့ကြ ပါ သေးတယ် ။

အဲ့ဒီနောက် ယူနိုက်တက် နည်းပြ အဖြစ် ဆိုးလ်ရှား ရောက်ရှိ လာခဲ့တဲ့ အချိန် မှာလည်း ပွဲထွက် ကစားခွင့် တွေကို ပြန်လည် ပိုင်ဆိုင် နိုင်ခဲ့တဲ့ ဖရက်ဒ် ဟာ ပုံစံကောင်း ပြဖို့ အတော်လေး ရုန်းကန် ခဲ့ရ ပါ သေးတယ် ။ ဒါပေမယ့် ယူနိုက်တက် ကို ပြောင်းရွှေ့ပြီး တစ်နှစ်ခွဲ အကြာမှာ ဖရက်ဒ် ရဲ့ ခြေစွမ်း တွေက လုံးဝ တိုးတက် ပြောင်းလဲ သွားခဲ့ရ ပါတယ် ။

အထူးသဖြင့် လက်ရှိ ဘောလုံး ရာသီ အတွင်း ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ် ကစားသမား အများစု ဒဏ်ရာ ပြသနာ ကြုံတွေ့ နေခဲ့ ကြတဲ့ အချိန် ဖရက်ဒ် ဟာ ပွဲထွက် ကစားခွင့် တွေကို များစွာ ပိုင်ဆိုင် နိုင်ခဲ့ပြီး အစပိုင်း ညံ့ခဲ့ ပေမယ့် နောက်ပိုင်း မှာတော့ အသင်း ရဲ့ ကွင်းလယ် မှာ တစ်စ ထက် တစ်စ ပုံစံကောင်း တွေကို ဆက်တိုက် ဆိုသလို ပြသ ထားနိုင် ခဲ့ ပါတယ် ။

ရလဒ် တစ်ခု အနေ နဲ့ 2020 ခုနှစ် အတွင်း မှာတော့ ယူနိုက်တက် အသင်း အတွက် ပွဲတိုင်း ခြေစွမ်း ပြနိုင် ခဲ့တဲ့ ဖရက်ဒ် ဟာ အခုတော့ အသင်း ရဲ့ ကွင်းလယ် မှာ မရှိ မဖြစ် ပွဲထွက် ကစား ခွင့် ရရှိ နေတဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်လာ နိုင်ခဲ့ ပါပြီ ။ ဒီအတွက် ပွဲထွက် ကစား ခွင့်တွေ များစွာ ရရှိ နိုင်ခဲ့ခြင်း က ဖရက်ဒ် ကို တိုးတက် ပြောင်းလဲ စေနိုင် ခဲ့တယ် လို့ ဆိုလို့ ရနိုင် ပါတယ် ။

အခုတော့ ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ် ကစားသမား ဟောင်း တစ်ဦး ဖြစ်တဲ့ အိုဝင် ဟားဂရေ့ဗ် က ပရိသတ် တွေရဲ့ မျှော်လင့်ချက် များစွာ ထားရှိခြင်း ခံခဲ့ ရတဲ့ ပေါင် သန်း 50 တန် ဘရာဇီးသား ကွင်းလယ် ကစားသမား ဖြစ်သူ ဖရက်ဒ် ဟာ ပြီးပြည့်စုံတဲ့ ကွင်းလယ် ကစားသမား တစ်ဦး ဖြစ်လာ နိုင်မယ့် အလားအလာ ကောင်းတွေ ကို ပိုင်ဆိုင် ထားသူ တစ်ဦး ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ဖရက်ဒ် ဟာ အတော်လေး ကောင်းမွန်တဲ့ ကွင်းလယ် ကစားသမား တစ်ဦး ဖြစ်လာ နိုင်ခဲ့ ပါပြီ ။ ဒါပေမယ့် ပြီးပြည့်စုံ တဲ့ ကွင်းလယ် ကစားသမား တစ်ယောက် ဖြစ်လာ နိုင်ဖို့ အတွက် သူ့ အနေ နဲ့ သွင်းဂိုး တွေကို ပိုမို သွင်းယူ ပြနိုင် ဖို့ လိုအပ် နေပါ သေးတယ် ”

” သူဟာ ဘောလုံး ပိုင်ဆိုင်မှု ရယူ နိုင်တဲ့ အချိန် တွေမှာ အရမ်း ကောင်းတဲ့ ခြေစွမ်း ပြသ နိုင်ခဲ့ သလို ဘောလုံး မရှိတဲ့ အချိန်တွေ မှာလည်း စိတ်အား ထက်သန်မှု အပြည့် နဲ့ လိုက်လု နေတက် ပါတယ် ။ အခုတော့ သူ့ရဲ့ အနားမှာ ကစားသမား ကောင်းတွေ ရှိနေ ကြပါပြီ ။ ဒါဟာ သူ့ အတွက် တစ်ကယ့် ကို ကောင်းမွန် လှတဲ့ အနေအထား တစ်ရပ် ပါပဲ ”

” ယူနိုက်တက် အသင်း ဖက်က ဖရက်ဒ် ကို ခေါ်ယူ ရရှိ နိုင်ဖို့ အတွက် အဲ့ဒီ အချိန် တုန်းက ပေါင် သန်း 50 ကျော် အကုန်အကျ ခံခဲ့ရ ပါတယ် ။ သူဟာ ဘရာဇီး နိုင်ငံသား ကစားသမား တစ်ဦး ပါ ။ ဒါ့ကြောင့် သူဟာ အသင်း အတွက် တစ်ကယ့် ကို ထူးကဲ နိုင်မယ့် နံပါတ် 10 ကစားသမား တစ်ယောက် ဖြစ်လာ လိမ့်မယ် လို့ လူတွေ က မျှော်လင့် ထားခဲ့ ကြ ပါတယ် ။ ဒါပေမယ့် မဖြစ် နိုင်ခဲ့ ပါဘူး ”

” သူဟာ ဂိုးသွင်း ကောင်းသူ မဟုတ် သလို အများကြီး ဖန်တီး နိုင်သူ တစ်ဦးလည်း မဟုတ် ပါဘူး ။ ကွင်းလယ်ပိုင်း မှာ သူနဲ့ ပတ်သက်လို့ အကောင်းဆုံး အရာ တစ်ခု က ခြေထောက် နှစ်ချောင်လုံး ကို ကောင်းကောင်း အသုံးပြု နိုင်ခြင်း ပါပဲ ။ အခုတော့ ကျွန်တော် တို့ဟာ ရှက်တာ ဒိုးနက်စ် အသင်း အတွက် ချန်ပီယံလိဂ် ပြိုင်ပွဲ တွေမှာ အကောင်းဆုံး အသင်း တွေကို ရင်ဆိုင်ပြ ခဲ့တဲ့ ဖရက်ဒ် ကို မြင်တွေ့ နေကြရ ပါပြီ ”

” ဘောလုံး မရှိတဲ့ အချိန် တွေမှာ သူဟာ ခွန်အား အပြည့် နဲ့ ပြေးလွှား လှုပ်ရှား ကစားလေ့ ရှိတက် ပါတယ် ။ အခုတော့ ဗဟို ကွင်းလယ် အထိုင် နေရာမှာ မာတစ် ခြေစွမ်း ကောင်းတွေ ပြသ နေတဲ့ အတွက် သူဟာ Box to Box ကစားသမား အဖြစ် ကောင်းကောင်း ခြေစွမ်းပြ ကစား နိုင်ခဲ့ ပါတယ် ”

” အရင် တုန်းက တော့ သူဟာ တိုက်စစ်ပိုင်း ကို အရမ်း တက်လိုက် ၊ ကွင်းလယ် ခံစစ် နေရာ ကို ဆင်းရင်း ခံစစ်ပိုင်း ကို ကူလိုက် နဲ့ အရမ်း အလုပ် များခဲ့ ပါတယ် ။ ဒါပေမယ့် အခုတော့ မာတစ် ၊ ဘရူနို တို့နဲ့ အတူ ကွင်းလယ် က ဟန်ချက် မျှနေ ပါပြီ ။ သူတို့ အားလုံး က သက်သောင့် သက်သာ ကစား ပြနိုင် ခဲ့ကြ ပါပြီ ” လို့ ဟားဂရေ့ဗ် က သုံးသပ် သွားခဲ့လိုက် ပါတယ် ။

လက်ရှိ ဘောလုံး ရာသီ မှာတော့ ဖရက်ဒ် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ပြိုင်ပွဲစုံ 39 ပွဲ အထိ ပါဝင် ကစား ပေးထား ခဲ့ရပြီး ကိုယ်တိုင် 2 ဂိုး သွင်းယူ ၊ အသင်းဖော် တွေ အတွက် 4 ကြိမ် အထိ ဂိုး ဖန်တီး ပေးထား နိုင်ခဲ့ကာ ယူနိုက်တက် ကစားသမား ဘဝ အကောင်းဆုံး ဘောလုံး ရာသီ တစ်ခု ကို ပိုင်ဆိုင် နေရ ပါပြီ ။

#Sports_Myanmar