ချိန်ဘာလိန် ဟာ အာဆင်နယ် အသင်း ဂန္တဝင် ကစားသမား တစ်ဦး နာမည်ကို မကြားဖူးကြောင်း ပြောဖူးတယ်လို့ ဖွင့်ဟလိုက်တဲ့ ရွန်းနီ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ဂန္တဝင် တိုက်စစ်မှူး ဝိန်းရွန်းနီ က ချိန်ဘာလိန် ဟာ အာဆင်နယ် အသင်း တောင်ပံကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ မက်စ် အိုဗာမားစ်ရဲ့ နာမည်ကိုတောင် မကြားဖူးဘူးလို့ ပြောကြား ခဲ့တာကြောင့် အံ့အားသင့်ခဲ့ရကြောင်း ပြန်ပြောင်း ပြောကြား လိုက်ပါတယ် ။

ဝိန်းရွန်နီ ဟာ အင်္ဂလန် အသင်းရဲ့လေကျင့်ရေး အစီအစဉ် တစ်ခုမှာ ချိန်ဘာလိန် ကို အာဆင်နယ် အသင်းရဲ့ နယ်သာလန် ​တောင်ပံ ကစားသမား အိုဗာမားစ် ရဲ့ ဗွီဒီယိုတွေကို ကြည့်ပြီး လေ့လာ သင်ယူဖို့ အကြံဉာဏ် ပေးခဲ့တာ ဖြစ်ပြီး ချိန်ဘာလိန်က သူ့နာမည်ကို မကြားဖူးဘူးလို့ ပြန်ဖြေခဲ့တာလည်း ဖြစ်ပါတယ် ။

အိုဗာမားစ် ဟာ အာဆင်ဝင်းဂါး လက်အောက်မှာ သုံးရာသီ ကစားခဲ့ဖူးပြီး ၁၉၉၈ ခုနှစ်တုန်းက အာဆင်နယ် အသင်းနဲ့ အတူ တစ်ရာသီတည်း ဖလား နှစ်လုံး ရယူ နိုင်ခဲ့ပါတယ် ။ အိုဗာမားစ် ဟာ အာဆင်နယ် အသင်းအတွက် ၁၄၂ ပွဲကစား ၄၁ ဂိုး သွင်းယူ ပေးခဲ့ပြီး ၂၀၀၀ ခုနှစ်မှာတော့ ဘာစီလိုနာကို ပြောင်းရွှေ့ သွားခဲ့ပါတယ် ။

အိုဗာမားစ် ဟာ အာဆင်နယ် သမိုင်းမှာ အရည်အသွေးကောင်းတဲ့ ပိုင်ဆိုင်ထားတဲ့ တောင်ပံ တိုက်စစ် ကစားသမား အဖြစ် သတ်မှတ် ခံခဲ့ရသူ ဖြစ်ပေမယ့် ချိန်ဘာလိန်း တစ်ယောက် နယ်သာလန်သား နာမည်ကို မကြားဖူးဘူးလို့ ဖြေတာက အံ့အားသင့်စရာပါ ။

အဆိုပါ အကြောင်းကို ရွန်းနီ က The Times နဲ့ အင်တာဗျူးမှာ ” ကျွန်တော် လူငယ် ကြယ်ပွင့်တွေကို အမြဲ ဆုံးမလေ့ ရှိပါတယ် ၊ သူတို့က ဘောလုံး အလှပြတဲ့သူတွေရဲ့ စကေး ဗွီဒီယို တွေကိုပဲ ကြည့်နေကြတာပါ ၊ တကယ်ကောင်းတဲ့ ကစားသမားတွေ ဘယ်လို ကစားကြသလဲ ဆိုတာ မကြည့်ကြပါဘူး ။ ”

” အင်္ဂလန်မှာတုန်းက အော့စလိတ် ချိန်ဘာလိန်း ကို ပြောခဲ့တာကို အမှတ်ရမိပါသေးတယ် ၊ အဲ့တုန်းက သူက အာဆင်နယ် အသင်းမှာ ကစားနေတာပါ ။ ကျနော်က သူ့ကို ‘ မင်း ဘောလုံး ကိုင်တာ အရမ်းများလွန်းတယ်ကွာ ၊ တစ်ဖက် နောက်ခံလူတွေက မင်းကို ထိန်းချုပ်ရ လွယ်မှာပေါ့ဟ ။ ‘ လို့ ပြောခဲ့ပါတယ် ။ ”

” နောက်ပြီး ဘောစ သိပ်မထုတ်ဖို့၊ ဘောလုံး မပါဘဲ ပြေးနိုင်အောင် လေ့ကျင့်ဖို့ နဲ့ မက်စ် အိုဗားမားစ် ကစားတာကို ကြည့်ဖို့ ပြောခဲ့ပါတယ် ။ အဲ့အချိန်မှာ ချိန်ဘာလိန် က အိုဗားမားစ် ကို သူမသိကြောင်း ပြောပါလေရော ၊ ကျနော်လည်း အံ့ဩတကြီးနဲ့ ‘ မင်းက အာဆင်နယ်မှာ ကစားနေတာလေကွာ ၊ အိုဗားမားစ် ကိုတောင် မသိဘူးလားဟ ‘ လို့ ပြန်ပြောလိုက်ပါတယ် ။ ”

ချိန်ဘာလိန်း ဟာ အာဆင်နယ် အသင်းမှာ ၂၀၁၁ ခုနှစ် ကနေ ၂၀၁၇ ခုနှစ် အထိ ကစားခဲ့ပြီး အက်ဖ်အေ ဖလား ၃ ကြိမ် ၊ ကွန်မြူနဒီဒိုင်း ၃ ကြိမ် ရယူ နိုင်ခဲ့ပါတယ် ။ အဲ့နောက်မှာတော့ လီဗာပူး အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီး ချန်ပီယံလိဂ် ၊ စူပါဖလား ၊ ဖီဖာ ကမ္ဘာ့ဖလားတွေကို ရယူ ထားနိုင်ပါတယ် ။

SPORTS MYANMAR