ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားရတဲ့ ဘောလုံးရာသီကို ဘယ်လိုအဆုံးသတ်သင့်သလဲ အကြံပြုလိုက်တဲ့ ရွန်းနီ

အင်္ဂလန် နဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး ဟောင်း ဝိန်းရွန်းနီ က ကိုရိုနာ ဗိုင်းရပ်စ် ခြိမ်းခြောက်မှု ကြောင့် ရပ်နား ထားရတဲ့ အင်္ဂလန် ပရီးမီးယား လိဂ် နဲ့ အခြားသော ပြည်တွင်း အမှတ်ပေး ပြိုင်ပွဲ တွေ ကို စက်တင်ဘာ အထိ ကျင်းပ သွားတာ ဟာ ကောင်းမွန် တဲ့ နည်းလမ်း ဖြစ်တယ်လို့ အကြံပြု ပြောဆို သွားခဲ့ ပါတယ် ။ ဒီလို အချိန် ပြောင်းရွှေ့ လိုက်တာ ဟာ ၂၀၂၂ မှာ ကျင်းပမယ့် ကမ္ဘာ့ ဖလား ပြိုင်ပွဲ ရဲ့ အချိန် နဲ့ လည်း ကိုက်ညီ သွားလိမ့် မယ်လို့ ရွန်းနီ က ဆိုခဲ့ ပါတယ် ။

တရုတ် နိုင်ငံ ဝူဟန် ကနေ စတင် ခဲ့တဲ့ ကိုရိုနာ ဗိုင်းရပ်စ် ဟာ ကမ္ဘာ့ ကပ်ဘေး အဆင့် ကို ရောက်ရှိ လာခဲ့ ပြီး ဥရောပ ကိုပါ ကူးစက် လာခဲ့ပြီ ဖြစ် ပါတယ် ။ အင်္ဂလန် ပရီးမီးယားလိဂ် နဲ့ အခြား သော ပြည်တွင်း လိဂ်တွေ ဟာ ဧပြီ လ ၃ ရက် နေ့ အထိ ရွှေ့ဆိုင်း ထားလိုက် ပြီ ဖြစ်ကာ ဆက်လက် လုပ်ဆောင်မယ့် ကိစ္စ တွေကို ဆွေးနွေး နေဆဲဖြစ် ပါတယ် ။

အင်္ဂလန် ဘောလုံး အဖွဲ့ ချုပ် ဟာ ကနဦး က ပြိုင်ပွဲတွေ ကို ပိတ်သိမ်း ဖို့ အစီအစဉ် မရှိ ခဲ့ ဘဲ ချဲလ်ဆီး တောင်ပံ ကစား သမားလေး အိုဒွိုင်း ၊ အာဆင်နယ် နည်းပြ အာတီတာ နဲ့ လက်စတာ စီးတီး ကစား သမား အချို့ မှာ ကိုရိုနာ လက္ခဏာတွေ တွေ့ရှိ တယ်လို့ သတင်းထွက် ပေါ်လာ အပြီးမှသာ ပြိုင်ပွဲ ကို ရပ်နား ခဲ့တာ ဖြစ် ပါတယ် ။

ရွန်းနီ ကတော့ သူ နဲ့ သူ့ အသင်းသား တွေ ဟာ လေ့ကျင့်ရေး ကွင်းမှာ သတင်းတွေ ကို စောင့်ဆိုင်းရင်း စိတ်ပူ ခဲ့ကြ ရတယ်လို့ The Times သတင်းစာ နဲ့ တွေ့ဆုံခန်း မှာ ပြောဆိုသွား ခဲ့ ပါတယ် ။ ဒါ့အပြင် ဘောလုံး သမားတွေ အပေါ် ဂရုစိုက် စဉ်းစား ပေးမှု အားနည်း တဲ့ ဘောလုံး အဖွဲ့ချုပ် အပေါ် လည်း ဝေဖန် ပြောဆို သွားခဲ့ ပါတယ် ။

“အရေးပေါ် အစည်းအဝေး ခေါ်ပြီး နောက် တစ်နေ့ မှ ဆုံးဖြတ်ချက် က ကျလာတာ ပါ ။ အဲ့ မတိုင် ခင် အထိ ဘာလုပ်လို့ ဘာကိုင်ရ မှန်း မသိကြ ပါဘူး ။ အင်္ဂလန် က ဘောလုံး သမားတွေ ဟာ ဂီနီယာ ဝက် တွေ လို ဆက်ဆံ ခံ ခဲ့ရတာပါ”

“တင်းနစ် ၊ ပြိုင်ကား ၊ ရပ်ဘီ ၊ ဂေါ့ဖ် တွေ အကုန် နားကြ ပါပြီ ။ အခြား နိုင်ငံ က ဘောလုံး ပြိုင်ပွဲ တွေလည်း နားကုန် ကြပါပြီ ။ အင်္ဂလန် မှာ က ဆက် ကစားဖို့ အတင်း အကျပ် ခိုင်းစေ နေတုန်း ပါပဲ ။ ဒါဘီ လေ့ကျင့်ရေး ကွင်းမှာ ဘယ်သူမှ စိတ်ပါ လက်ပါ ရှိမနေ ကြပါဘူး ။ လူတိုင်း ပူပင် စိတ်တွေ နဲ့ သတင်းထူး ကိုပဲ စောင့်နေ ခဲ့ကြတာပါ”

“နောက်ဆုံးတော့ မှန်ကန်တဲ့ လမ်းကို ရွေးခဲ့ ကြလို့ ကျေးဇူး တင်ပါတယ် ။ ဘောလုံးပွဲတွေ ပိတ်လိုက်တာ ကို အချို့ ကတော့ သဘောကျကြ မှာ မဟုတ် ပါဘူး ။ ဒါပေမယ့် ဘောလုံး ကို ဒုတိယ ဦးစားပေး ရမယ့် အခြေအနေ မျိုးတွေ ရှိလာတဲ့ အခါ မှာတော့ ဘောလုံး ဟာ အားကစား တစ်ခုသာသာပဲ ဖြစ်သွား ရမှာပါ” လို့ ရွန်းနီ က ပြောဆိုခဲ့ ပါတယ် ။

ဆက်လက် ပြီး ဝိန်းရွန်းနီ က ပရီးမီး ယားလိဂ် အနေနဲ့ ဒီရာသီ ကို အပြီးသတ် မပိတ်သိမ်း သင့်ဘဲ စက်တင်ဘာ လောက် အထိ ဆက်လက် ကစားဖို့ သင့်တယ်လို့ အကြံပြု သွားခဲ့ ပါတယ် ။ အဲ့ဒီ နောက် အောက်တိုဘာ နဲ့ နိုဝင်ဘာ ကို အနားပေး ပြီး ဒီဇင်ဘာ မှာ ပြန်လည် စတင်တာ ဟာ ၂၀၂၂ ကမ္ဘာ့ ဖလား အတွက် ကြိုတင်ပြင်ဆင် ပြီးသား ဖြစ်လိမ့်မယ် လို့ လည်း တိုက်စစ်မှုးကြီး က ဆိုသွားခဲ့ ပါတယ် ။

ကာတာ နိုင်ငံ က အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ ဖလား ဟာ မြင့်မားတဲ့ အပူချိန် ရှိတဲ့ ကာတာ ရာသီဥတုကြောင့် ပုံမှန် ကျင်းပ နေကြ ဇွန်လ မှာ မကျင်းပနိုင်ဘဲ နိုဝင်ဘာ နဲ့ ဒီဇင်ဘာ မှ သာ ကျင်းပ ရမှာ ဖြစ် ပါတယ် ။ ဒါကြောင့် ၂၀၂၂-၂၃ ရာသီ မှာ ဘောလုံး ပွဲစဉ်တွေ ကို ၁ လ ခွဲ ခန့် ရပ်နား ထားရမှာ ဖြစ် ပါတယ် ။

“နောက် လာမယ့် ကမ္ဘာ့ ဖလား က နိုဝင်ဘာ ကနေ ဒီဇင်ဘာ အထိ ကစား ကြမှာပါ ။ ဒါကြောင့် အခု ကတည်းက ကြိုတင် ပြင်ဆင် ရာ ရောက်အောင် ဒီနှစ် လိဂ် ကို စက်တင်ဘာ အထိ ဆက် ကစား သွားသင့် ပါတယ် ။ နောက်ထပ် ၂ ရာသီလောက် ဒီ ပုံစံ အတိုင်း ဆက် ကစားလိုက်မယ် ဆိုရင် ကမ္ဘာ့ ဖလား မှာ အသားကျ သွားမှာပါ” လို့ ရွန်းနီ က ပြောဆို သွားခဲ့ ပါတယ် ။

ဝိန်းရွန်းနီ ဟာ မန်ချက် စတာ ယူနိုက်တက် မှာ ၁၃ နှစ် ကြာ ကစားပြီး အောင်မြင်မှု များစွာ ရယူ နိုင်ခဲ့ ပါတယ် ။ ယူနိုက်တက် ကနေ အသင်းဟောင်း အဲဗာတန် မှာ ၁ ရာသီ ပြန် ကစား ခဲ့ပြီး နောက်မှာတော့ အမေရိက ကို ထွက်ခွာကာ DC United မှာ ကစားခဲ့ ပါတယ် ။ လက်ရှိ မှာတော့ ချန်ပီယံရှစ် ကလပ် ဒါဘီ ကောင်တီ မှာ ကစား သမား – နည်းပြ အဖြစ် ဝင်ရောက် လုပ်ကိုင် နေခဲ့ ပါတယ် ။

SPORTS MYANMAR